Author's Profile Photo

Kaung Hein Soe - Strategic

18/06/2025

အောင်မြင်ဖို့ အဓိက ဘာလိုသလဲ

2 mins read
Business
Career & Job Market
Self Improvement
အောင်မြင်ဖို့ အဓိက ဘာလိုသလဲ
's photo

တစ်ခု စဉ်းစားကြည့်ရအောင်။
ခင်ဗျားရဲ့ နားထင်ကို သေနတ်နဲ့ထောက်ထားလိုက်ပြီဆိုပါတော့။ခင်ဗျားရဲ့ နားထင်ကို သေနတ်နဲ့ ထောက်ထားလိုက်ပြီ။ ဆိုပါတော့...ဟုတ်ပြီ။ သေနတ်နဲ့ထောက်ထားပြီး ဘာပြောသလဲဆိုရင် အမိ အဘအဆွေအမျိုး ဆွေမျိုးသားချင်းထဲက မဟုတ်ဘဲနဲ့ သူငယ်ချင်းတစ်ယောက်ဆီကို ဖုန်းဆက်ရမယ်။ အဲဒီသူငယ်ချင်းက ခင်ဗျားကို သိန်းတစ်ရာနဲ့ လာပြီး ရွေးမယ် ဆိုရင် ခင်ဗျား လွတ်မယ်ဆိုပါတော့။

ဟုတ်ပြီနော်...။ ဒီမှာ သေနတ်နဲ့ထောက်ထားပြီ။ဖုန်းနံပါတ် တစ်ခုပဲ ခေါ်ခွင့်ရှိမယ်။ ဒါဆို ခင်ဗျား ဘယ်သူ့ဆီကို
ဖုန်းခေါ်မလဲ။ခင်ဗျားမှာ ဒီလို ဖုန်းခေါ်ဖို့ရော သူငယ်ချင်းတစ်ယောက်ယောက်ရှိရဲ့လား။ အနည်းဆုံး တစ်ယောက်ပေါ့။ဟုတ်ပြီနော်။ အိုကေ...။

ဘဝမှာ အောင်မြင်သွားတဲ့လူတွေရဲ့ အတ္ထုပတ္တိတွေကို ခင်ဗျားတို့လေ့လာကြည့်မယ်ဆိုရင် သူတို့ ဘဝမှာ မိတ်ဆွေကောင်း တွေ များစွာရှိနေတယ်ဆိုတာကို ထူးခြားအံ့သြဖွယ်ရာတွေ့လိမ့်မယ်။ ဥပမာ ထားပါတော့။သူတို့ ငွေကြေးအကျပ်အတည်း ကြုံနေချိန်မှာ ငွေကြေးကူညီပေးမယ့်လူ၊အသက်ဘေးကြုံနေချိန်မှာ သူတို့ကို ကယ်ပေးမယ့်လူ၊ လုပ်ငန်းအတွက်အမြတ်အ စွန်းကြီးကြီးမားမားရတော့မယ်၊ ဒါပေမဲ့ ကိုယ့်မှာ ရင်းနှီးမြှုပ်နှံငွေမရှိလို့ ထိုင်ကြည့်နေရမယ့်အချိန်မှာ ကိုယ့်ကို ကူညီပေး မယ့်လူ။ဒီလိုလူမျိုး ပေါ်လာတယ်ဆိုတာသည် သူဌေးတိုင်းရဲ့၊ အောင်မြင်တဲ့သူတိုင်းရဲ့ ရာဇဝင်မှာ အမြဲတမ်းရှိနေတာကို ကျွန်တော်တို့တွေ့ရတယ်။

ထားပါတော့။ ရှေးခေတ်က တကယ်ဘုန်းကံကြီးတဲ့ ဘုရင်တွေ၊စစ်ဘုရင်တွေ နယ်မြေတွေအများကြီး သိမ်းပိုက်နိုင်တဲ့ ဘုရင်တွေမှာ ဆိုရင်လည်း တကယ့် သစ္စာရှိတဲ့ သူရဲကောင်းတွေ၊ သစ္စာရှိတဲ့ စစ်သူကြီးတွေ၊ ပညာရှိအမတ်ကြီးတွေလည်း အနားမှာ အမြဲခစားပြီးသွားတာတွေ့ရလိမ့်မယ်။ အဲဒီတော့ အဓိက ကျွန်တော်ဆိုလိုချင်တဲ့သဘောက ခင်ဗျားဘဝမှာ အောင် မြင်ချင်ရင် ခင်ဗျားဘေးနားမှာ တကယ်ယုံကြည်စိတ်ချရမယ့်၊ ခင်ဗျားကို အကူအညီပေးမယ့် မိတ်ဆွေကောင်းတွေရှိနေဖို့ လိုတယ်။ဒါကို ကျွန်တော်တို့က Network ရှိတယ်လို့ခေါ်တယ်။

Network ဆိုတာ သူနဲ့ကိုယ်နဲ့သိရုံလောက်ကလေး၊ မျက်နှာချင်းဆိုင်မိရုံလေး၊ ပွဲလေးနှစ်ခုသုံးခု ထိုင်မိရုံလေး၊ ဘားလေး တစ်ခါနှစ်ခါထိုင်မိရုံလေးနဲ့ ဒီလို Network ဖြစ်သွားတယ်လို့ ဆိုလိုတာမဟုတ်ဘူး။ Network ဆိုတာ ကိုယ် အကူအညီ လိုတဲ့အချိန်မှာ၊ အခက်အခဲတွေ့တဲ့အချိန်မှာ တကယ် ကိုယ်ကျိုးစွန့်ပြီး ကူညီပေးမယ့်လူ ခင်ဗျားမှာဘယ်နှယောက်ရှိသလဲဆိုတာမျိုးက Network ဖြစ်တယ်။

အဲဒီတော့ ကျွန်တော်တို့ အင်္ဂလိပ်စကားဆိုလို့ရှိရင် Network is Net Worth ကျွန်တော်တို့ရဲ့ Network သည် ကျွန်တော်တို့ရဲ့တကယ်ချမ်းသာကြွယ်ဝမှု အတိုင်းအတာဖြစ်တယ်တဲ့။ ဒီလိုဆိုလိုတာဖြစ်တယ်။ ကျွန်တော်တို့မှာ ခုနကပြောသလို တကယ့် အကျပ်အတည်းကြုံလာတဲ့အချိန်မှာ ဘာတစ်ခုမှ မေးမြန်းမနေဘဲနဲ့ ကျွန်တော်တို့အတွက်ဆိုကူညီပေးမယ့်သူ ဘယ်နှ ယောက်ရှိနေသလဲဆိုတာ ကျွန်တော်တို့ ဘယ်လောက်အောင်မြင်သလဲဆိုတာကို ဖော်ပြနိုင်တယ်လို့ ဆိုလိုတာဖြစ်တယ်။

အဲဒီတော့ ကျွန်တော်တို့က ငွေကို တစ်ပြားချင်းစုကြတယ်။ ငွေကိုတစ်ပြားချင်းစုကြတယ်။ ဒီထက် ရှေ့ရေးကို ပိုမြင် ကြတဲ့သူတွေ Network ကို တစ်ယောက်ချင်းစီ တစ်ယောက်ချင်းစီ စုကြတယ်။ ဒါသည်အရမ်းကွာခြားသွားတယ်။ ခင်ဗျားငွေစုရင် ငွေတွေရမယ်၊ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်နိုင်မယ်။ ဒီလောက်ပဲ။ ခင်ဗျား Network တွေတစ်ခုပြီးတစ်ခု စုဆောင်းသွားတဲ့အချိန်မှာ ခင်ဗျားသည် စီးပွားရေး လုပ်ငန်းအများကြီးရဲ့ စီးပွားရေးအင်ပါယာကြီးကို တည်ဆောက်နိုင်မှာ ဖြစ်တယ်။

ဒါကြောင့် ကျွန်တော် တို့သည် Network အဓိက ရှိဖို့လိုပါတယ်။Network စုဆောင်းတဲ့အခါမှာလည်း နောက်တစ်ချက်ထပ် ပြီးတော့ မျှဝေချင်တာက ကိုယ်နဲ့တန်းတူမဟုတ်ရင်တောင်မှ ကိုယ့် ထက်မြင့်တဲ့လူတွေနဲ့ကျွန်တော်တို့က Network တွေ ဖန်တီးထားဖို့လိုတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ အောင်မြင်မှုသည် ကျွန်တော်တို့ အများဆုံး အချိန်ကုန်ဆုံး နေတဲ့ လူငါးယောက်ရဲ့ အောင်မြင်မှုကို ပျမ်းမျှ ချလိုက်ခြင်းနဲ့ညီတယ်လို့ဆိုတယ်။

အဲဒီလို ကျွန်တော်တို့သည် အပေါင်းအသင်းရွေးချယ်တဲ့နေရာမှာရွေးချယ်ပြီး ပေါင်းသင်းဖို့လို တယ်။ ကျွန်တော်တို့ မြန်မာစကားပုံရှိတယ်။“တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး”။ ခင်ဗျားက စိတ်ဓာတ် ကျနေတဲ့သူတွေ Negative တွေပဲ ပြောနေတဲ့သူတွေကြားထဲမှာနေရင် ခင်ဗျားလည်းအဲဒီအတိုင်းပဲ ဖြစ်လာမယ်။ Negative Energy တွေပေါ့။ တကယ်ကောင်းမွန်တဲ့၊ အလုပ်လုပ်ဖို့ ထက်သန်နေတဲ့လူတွေကြားထဲရောက်သွားရင်ခင်ဗျားသည် အဲဒီအတိုင်းဖြစ်သွားလိမ့်မယ်။

ကျွန်တော်တို့သည် ငယ်ငယ်တုန်းက ကျေးညီနောင်ပုံပြင်ကို ခင်ဗျားကြားဖူးလိမ့်မယ်။ တစ်မိထဲကပေါက်တဲ့ ကျေးညီ နောင်လေး နှစ်ကောင်သည် တစ်ကောင်က ခိုးသားဓားပြတွေဆီ ရောက်သွားတယ်။ အရမ်းရိုင်းစိုင်းသွားတယ်။ တစ် ကောင်က သူတော်စင်တွေဆီရောက်သွားတယ်။အရမ်း လိမ္မာယဉ်ကျေးသွားတယ်။

အဲဒီတော့ သွေးသားချင်းတောင်မှ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်Network ပေါ်မူတည်ပြီးတော့ အများကြီး ကွဲပြားသွားတာကို တွေ့ရပါလိမ့်မယ်။

အဲဒီတော့ ဘဝမှာ အောင်မြင်ချင်ရင် အဓိက အချက်တစ်ချက်ကိုပြောပါဆိုရင် Network ဖြစ်ပါတယ်။ အဲဒီတော့ ဒီနေ့က စပြီးတော့တစ်ဦးချင်းတစ်ဦးချင်း Network တွေကို စုဆောင်းပါ။ အပြန်အလှန်အကျိုးပြုတဲ့အဖွဲ့အစည်းတစ်ခုဖြစ်အောင် ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ လုပ်ဆောင်ထားပါ။ကျေးဇူးအများကြီးတင်ပါတယ်။
ကျွန်တော် ကောင်းဟိန်းစိုးပါ။

Keep Reading

ချမ်းသာဖို့အတွက် ဘာလိုသလဲအောင်မြင်ဖို့ အဓိက ဘာလိုသလဲ "ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။3L for Successချွေတာမလား၊ ပိုရှာမလားမြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခုစီးပွားရေးလုပ်ရာတွင် မသိမဖြစ်သိသင့်သော Generic Strategy အကြောင်း လုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလားPersonal Budget အတွက် 50/30/20 Rule ◾ဘ၀က ပိုလွယ်ကူလာတာမဟုတ်ဘူး၊ ကျွန်တော်တို့က ခံနိုင်ရည်ပိုရှိလာတာ ◾