Author's Profile Photo

Kaung Myat Thar

14/06/2025

နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်း

4 mins read
General Knowledge
Culture
နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်း's photo

မြန်မာမွေးသက္ကရာဇ်ကို ၃ဖြင့်စားပါ။

၁ကြွင်းလျှင် နတ်နက္ခတ်

၂ကြွင်းလျှင် လူနက္ခတ်

၃ကြွင်းလျှင် ဘီလူးနက္ခတ်ဖြစ်ပါသည်။

နတ်နက္ခတ်

လူအများနှင့် တည့်အောင်နေတတ်သူ၊ အပေါင်းအသင်း ဝင်ဆန့်သူဖြစ်ပါတယ်။ မိမိဖြစ်ချင်တာကို ဖြစ်အောင်၊ မိမိလိုချင်တာကို ရအောင် မရမက ကျားကုတ်ကျားခဲ ဇွဲနှင့် စိတ်အားထက်သန်စွာ ဆောင်ရွက်လေ့ရှိသူဖြစ်ပါတယ်။ လက်ရှိအခြေအနေကို မကျေနပ်၊ မတင်းတိမ် မရောင့်ရဲနိုင်ဘဲ အမြဲတစေ ကြီးပွားတိုးတက် အောင်မြင်ချမ်းသာဖို့အတွက် ကြံစည်ကြိုးစား ရုန်းကန်လေ့ရှိသူလည်း ဖြစ်ပါတယ်။ မနှမြော မတွန့်တိုတတ်သူ၊ ပေးကမ်းရက်ရော ကူညီတတ်သူ၊ မိမိထက်အားနည်းသူများကို မျှဝေခံစား ကူညီပေးကမ်းလေ့ရှိသူလည်း ဖြစ်ပါတယ်။

ဂီတ၊ စာပေ၊ လှုပ်ရှား၊ ကခုန်၊ အနုပညာများကိုလည်း ကြိုက်နှစ်သက် ခုံမင်တတ်သူလည်းဖြစ်ပါတယ်။ လူဖြောင့်စိတ်ကိုဖြစ်တဲ့အတွက် မိမိသာမှန်မယ်ဆိုရင် ငြိမ်ခံနေလေ့မရှိဘဲ အမှန်တရားကို ရဲရဲဝံ့ဝံ့ အားမနာတမ်း ပြောဆိုဝံ့တဲ့သူဖြစ်ပါတယ်။ အပြိုင်အဆိုင်လုပ်ရတာ၊ ယှဉ်ပြိုင်ရတာ၊ တိုက်ခိုက်ရတာတွေကို ပျော်မွေ့နေတဲ့သူလည်း ဖြစ်ပါတယ်။ အသွားအလာ၊ အနေအထိုင်၊ ဝတ်စားဆင်ယင်၊ အစားအသောက်၊ အပြောအဆို၊ ဟန်ပန်အမူအရာ စမတ်ကျကျ၊ အနုပညာဆန်ဆန်၊ စိတ်ကူးယဉ်ဆန်ဆန် ပြုမူနေထိုင်တတ်သူလည်း ဖြစ်ပါတယ်။ အပြောအဆို အနေအထိုင် ဟန်ပန်အမူအရာ လိမ္မာယဉ်ကျေး နူးညံ့သိမ်မွေ့ တည်ကြည်ခန့်ညား အနုပညာဆန်သလောက် စိတ်ဓာတ်ရေးရာမှာတော့ လွန်စွာကြံ့ခိုင်သူဖြစ်ပါတယ်။ မိမိယုံကြည်ရာကို တဇွတ်ထိုး တဇောက်ကန်း မဆုတ်မနစ် လုပ်ကိုင်လေ့ရှိသူလည်း ဖြစ်ပါတယ်။ သစ္စာတရားနဲ့ ကျေးဇူးတရား၊ မေတ္တာတရားတွေနဲ့ ထိပ်တိုက်တွေ့မယ်ဆိုရင် သစ္စာတရား၊ အမှန်တရားကို ဦးစားပေးသူဖြစ်ပါတယ်။ အမှန်တရားကိုချစ်သူ၊ တရားမျှတမှုကို မြတ်နိုးတန်ဖိုးထားသူဖြစ်ပါတယ်။ သစ္စာတရား၊ အမှန်တရား၊ တရားမျှတမူတွေကို ဘဝနဲ့အသက်နဲ့ရင်းပြီး တန်ဖိုးထားတတ်သူလည်း ဖြစ်ပါတယ်။

မိမိချစ်သူ အိမ်ထောင်ဘက်ထက် အပေါင်းအသင်းသူငယ်ချင်းများကို တန်ဖိုးထားလေ့ရှိသူ၊ အချိန်ပေးလေ့ရှိသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် ချစ်သူအိမ်ထောင်ဘက်ရဲ့ ငြိုငြင်မှု၊ အထင်လွဲမှုတွေကို မကြာခဏ ခံရလေ့ရှိပါတယ်။ အနုပညာဆန်ဆန်၊ စိတ်ကူးယဉ်ဆန်ဆန် ချစ်တတ်သူ၊ အချစ်ကိုတန်ဖိုးထားသူလည်း ဖြစ်ပါတယ်။ ရည်ရွယ်မထားသူ၊ ထင်မှတ်မထားသူများနဲ့ အိမ်ထောင်ကျလေ့ရှိပါတယ်။ အချစ်ဦးနဲ့ ကွဲရတတ်ပါတယ်။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဆိုသလို ပတ်ဝန်းကျင်အခြေအနေပေါ်လိုက်ပြီး အရောင်ပြောင်းလေ့ရှိသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကောင်းမွန်သောပတ်ဝန်းကျင်ကို ရွေးချယ်ရှင်သန်နေထိုင်ဖို့လည်း united ice ကောင်းမွန်သော သူငယ်ချင်း အပေါင်းအသင်းများကိုလည်း ရွေးချယ်ပေါင်းသင်းဖို့ အထူးလိုအပ်ပါတယ်။ လူတိုင်းကို မိမိစိတ်နဲ့ နှိုင်းယှဉ်ပြီး အကြွင်းမဲ့ ယုံကြည်လေ့ရှိသူ ဖြစ်တဲ့အတွက် မကြာခဏ အလိမ်ခံရတတ်ပါတယ်။ မိတ်ဆွေရင်း လူရင်းတွေရဲ့ သစ္စာဖောက်ခြင်းကိုလည်း မကြာခဏ ခံရတတ်ပါတယ်။ ဒါကိုလည်း သတိထားသင့်ပါတယ်။ မာန်မာနကြီးခြင်း၊ မိမိမှန်တယ်ထင်ရင် နည်းနည်းမှမလျှော့ခြင်း၊ ခေါင်းမာခြင်း၊ တယူသန်ခြင်း၊ သည်းခံမှုအားနည်းခြင်း၊ စိတ်တိုဒေါသထွက်လွယ်ခြင်း၊ တဇွတ်ထိုးလုပ်ခြင်း၊ စိတ်လိုက်မာန်ပါ ပြောဆိုလုပ်ကိုင်ခြင်း စသည့်အချက်များကို သတိထား ပြုပြင်နိုင်မယ်ဆိုရင် သင်ဟာ လောကဇာတ်ခုံပေါ်မှာ ကြီးပွားတိုးတက် အောင်မြင်ချမ်းသာတဲ့ လူသားတစ်ယောက်အဖြစ် ပါဝင်ကပြနိုင်ပါလိမ့်မယ်။

လူနက္ခတ်

ယှဉ်ပြိုင်ရခြင်း၊ တိုက်ခိုက်ရခြင်း၊ အနိုင်ယူရခြင်းများကို လုပ်ဆောင်ဖို့ စိတ်အား ထက်သန်မှု အလွန်နည်းသူဖြစ်ပါတယ်။ မိဘဆွေမျိုး၊ မိသားစု၊ ညီအစ်ကိုမောင်နှမ များနဲ့ မကြာခဏ အယူအဆကွဲလွဲပြီး အဆင်မပြေ ဖြစ်တတ်ပါတယ်။ မွေးရပ်မြေမှာ ကြာကြာမနေရခြင်း၊ မိဘတွေနဲ့ မကြာခဏ ခွဲခွာနေရခြင်းတွေလည်း ကြုံရတတ်ပါတယ်။ မဟုတ်မခံချင်စိတ်ရှိပြီး မတရားတာဆိုရင် စိတ်လိုက်မာန်ပါ ချက်ချင်းတုန့်ပြန်တတ်လေ့ရှိတဲ့ အကျင့်ကိုတော့ သတိထားပြီး ပြုပြင်သင့်ပါတယ်။ စကားပြောရင် ဒုတ်ထိုးအိုးပေါက် ဒဲ့ပြောတတ်ပါတယ်။ ပြတ်ပြတ်သားသား လေသံမာမာနဲ့ ဟန်မဆောင်ဘဲ ပြောလေ့ရှိတဲ့အတွက် စကားပြတ်သည်၊ လေသံ မာသည်ဟု ထင်ရတတ်ပါတယ်။ စကားပြောတဲ့နေရာမှာ လေသံမာသလောက်၊ ပြတ်သားသလောက် စိတ်ထား နှလုံးသား နူးညံ့သိမ်မွေ့သူ ဖြစ်ပါတယ်။ စကားအပြောအဆိုကို ညင်သာပျော့ပြောင်းစွာပြောတဲ့အကျင့်ဖြစ်အောင် သတိထားပြီး ပြောဆိုထိန်းသိမ်းသင့်ပါတယ်။

မျက်နှာများတတ်သူ၊ ရည်းစားများများထားတတ်သူ၊ မိမိကိုစိတ်ဝင်စားနေသူများလည်း အပြိုင်အဆိုင် ရှိနေတတ်သူလည်း ဖြစ်ပါတယ်။ မျက်နှာများတာကိုတော့ သတိထားပြီး ပြုပြင်သင့်ပါတယ်။ မထင်မှတ်တဲ့အချိန်

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒီကဗျာလေး ဖတ်ကြည့်ပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း

Unlock to read this premium article with 10 points.