Author's Profile Photo

Kaung Hein Soe - Strategic

10/06/2025

3L for Success

5 mins read
Business
Career & Job Market
Self Improvement
3L for Success's photo

ကျွန်တော်တို့ဘဝမှာ အောင်မြင်ချင်တယ်ဆိုရင် သတိထားရမယ့်လုံးဝရှောင်ဖို့ပြောတာ မဟုတ်ဘူးပေါ့နော်။ မလုပ်ဘူးဆိုရင်လည်း အဆင်မပြေဘူး။ လွန်ကျွံသွားရင်လည်း ဆိုးသွားမယ့်အခြေအနေရှိတယ်။အားလုံးပဲ မင်္ဂလာပါ။
ကျွန်တော် ကမ္ဘာကျော်သူဌေးကြီး Warren Buffet နဲ့ သူ့ရဲ့မိတ်ဆွေ Charlies တို့ ပြောခဲ့တဲ့အကြောင်းအရာလေးတစ်ခုကို ပြန်ပြီးတော့ Sharing လုပ်ပေးချင်တာဖြစ်ပါတယ်။ ဆက်ပြီး နားထောင်ကြည့်ပါဦးဗျ။ဒီအကြောင်းအရာက ကျွန်တော်တို့ ဘဝရဲ့ တိုးတက်အောင်မြင်ရေးနဲ့လည်း ဆိုင်တယ်လို့လည်း ပြောလို့ရသလို စီးပွားရေးလုပ်မယ်ဆိုလို့ရှိရင်လည်း သိထား သင့်တဲ့အချက် အနေနဲ့လည်း ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။
ဒါဘာလဲဆိုတော့ ကမ္ဘာကျော်သူဌေးကြီး Warren Buffet ကပြောခဲ့တဲ့စကားတစ်ခွန်းရှိတယ်။ သူ့မိတ်ဆွေ Charlies က ပြောခဲ့တာလို့သူက ကိုးကားပြီးတော့ ပြန်ပြောတာပေါ့နော်။ ဒါက ဘာလဲဆိုတော့လူတစ်ယောက်ကို ပျက်စီးသွားစေနိုင်တဲ့ L သုံးခုရှိတယ်လို့ ခေါ်တယ်။3L ပေါ့နော်။ 3L လို့ ခေါ်ပါတယ်။

အဲဒီတော့ ဒီ L တွေက ဘာတွေလဲဆိုတော့-
No.1 Liquor (အရက်)
Liquor ဆိုတာ အရက်ပေါ့နော်။ အရက်၊ မူးယစ်ဆေးဝါး၊ ဒါတွေအားလုံး အကျုံးဝင်တယ်။ အရက်သေစာ၊ မူးယစ် ဆေးဝါးတွေသည် ကျွန်တော်တို့ ပျော်ရွှင်လို့ပဲ ဖြစ်ပါစေ၊ စိတ်ညစ်လို့ပဲဖြစ်ပါစေ ကျွန်တော်တို့သည် သုံးစွဲကြလေ့ရှိတယ်။ ဒါပေမဲ့ သုံးစွဲရင်းနဲ့ ကြာကြာ ကြာကြာလာတဲ့အခါမှာ ဒါကို စွဲသွားတယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်တတ်လေ့ရှိပါတယ်။

အဲဒီတော့ ကိုယ်က တဖြည်းဖြည်းချင်းနဲ့ ဝင်ငွေကောင်းလာတယ်။ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်လာတယ်။ ဒီအချိန်မှာ ကိုယ့်ဟာကိုယ်လည်းကြိုက်လို့ သောက်ဖြစ်တယ်။ Networking လုပ်ရင်းနဲ့ သောက်ဖြစ်တယ်။

Business Dinner တွေ လုပ်ရင်းနဲ့သောက်ဖြစ်တယ်။ ကျွန်တော်တို့ကိုယ်တိုင်တောင်မှ တစ်ခါတလေမှာ သုံးလေးငါးရက် ဆက်တိုက် သောက်ဖြစ်တဲ့အနေအထားမျိုး ဖြစ်လာတတ်တာပေါ့နော်။အဲဒီတော့ ကျွန်တော်တို့ ပြောင်နောက်ပြီးတော့ ပြောကြသလိုပဲ။

“ငါတို့ကွာ.. နေ့တိုင်း အရက်သောက်နေတာပဲ၊ ဘယ်မှာ စွဲလို့လဲ”ပေါ့နော်။
အဲဒီတော့ ဒီလို ပြောရင်းပြောရင်းနဲ့ပဲ အရက်စွဲသွားတဲ့ သူတွေ၊အရက်နွံထဲမှာ ကျွံပြီးတော့ မသောက်ရရင် မနေနိုင် ဖြစ်ပြီးတော့ အလုပ်တွေ၊ ဘဝတွေ၊ စီးပွားပျက်သွားတာတွေ အများကြီး ကျွန်တော်တို့ ကြုံတွေ့ရလေ့ရှိပါတယ်။
အဲဒီတော့ နံပါတ်(၁) ကျွန်တော်တို့ဘဝမှာ အောင်မြင်ချင်တယ်ဆိုရင် ဖြတ်သန်းနိုင်ဖို့က Liquor ဆိုတဲ့ မူးယစ်ဆေးဝါး၊ အရက်သေစာ။ဒါတွေကို ကျွန်တော်တို့က ဂရုစိုက် ဆင်ခြင်ရမှာဖြစ်ပါတယ်။အဲဒီတော့ Limit ကလေးတစ်ခုလုပ် ထားပြီးတော့ ဒါကို ထိန်းသိမ်းထားဖို့လိုတယ်လို့ ဆိုပါတယ်။

အဲဒီတော့ ပထမ L က Liquor ဖြစ်နေပြီးတော့ ဒုတိယမြောက်L ကကျတော့ Ladies ဖြစ်ပါတယ်။ Lady ပေါ့။ Lady ဆိုတော့...ထားပါတော့။ အပျော်အပါးကိစ္စ၊ မိန်းကလေးကိစ္စ။ ငွေကြေးပိုပြီးတော့ရှိလာတဲ့ချိန်မှာ ကျွန်တော်တို့ သုံးနိုင် စွဲနိုင်ဖြစ်လာတယ်။ ဒီကနေပြီးတော့အရက်သေစာ ကျွန်တော်တို့ သောက်စားမိတယ်။ အရက်ကို ကျွန်တော်တို့က တစ်နည်းအားဖြင့် ဘာလို့ပြောမလဲဆိုရင်တော့ ရဲဆေးတင်တယ်လို့ပြောတာပေါ့နော်။ ရဲဆေးတင်တယ်။ အဲဒီတော့ အရက်သေစာ သောက်စားလို့ မူးသွားတဲ့အချိန်မှာ သာမန်အချိန်က မလုပ်မိတဲ့ကိစ္စတွေကို လုပ်ဖို့စိတ်ကူးမိတာရှိတယ်။ လုပ်ဖြစ်သွားတာမျိုးရှိတယ်။ နောက်တစ်ခါ လုပ်ဖို့သတ္တိတွေဝင်လာတာမျိုး ရှိတတ်တယ်။ ဒါသည် သူ့ရဲ့ မကောင်းတဲ့အချက်တစ်ခုလို့လည်း ပြောလို့ရတာပေါ့နော်။

အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် Self Control တအားနည်းတယ်ဆိုရင် ဒီအရက်ကြောင့် ဖြစ်လာတဲ့၊ သွေးကြွလာတဲ့၊ တစ်နည်း အားဖြင့်မကောင်းတဲ့စိတ်တွေ ဝင်လာတာတွေကို ထိန်းသိမ်းနိုင်ဖို့ ခက်လေ့ရှိတတ်တယ်။ အဲဒီတော့ ဒီကနေ ဘာဆက် သွားလဲဆိုတော့ ဒုတိယမြောက်သည်Ladies လို့ ခေါ်တဲ့ မိန်းကလေးကိစ္စပေါ့နော်။ အပျော်အပါးကိစ္စကို လိုက်သွားတတ် တယ်လို့ဆိုလိုပါတယ်။

အဲဒီတော့ ဒါသည် Warren Buffet ပြောတဲ့ မှတ်သားစရာကောင်းတဲ့ အချက်တွေထဲက နောက်တစ်ချက်ပေါ့နော်။ဒီတော့ နောက်ဆုံးတစ်ခုကို ကျွန်တော်က အဓိကထား ဇောင်းပေးပြီးတော့ ပြောချင်တယ်။
ဒါက ဘာလဲဆိုတော့-
No.1 Liquor
No.2 Ladies နဲ့
No.3 က Leverage လို့ ခေါ်ပါတယ်။

Leverage ဆိုတာကတော့ စီးပွားရေးလုပ်ငန်းတွေအတွက် အဓိကရည်ရွယ်ပြီး ဆိုလိုတာဖြစ်သလို လူတစ်ယောက်အတွက် လည်း ဆိုလိုLeverage ကိုကျတော့ ကျွန်တော်တို့က Finance မှာ ဘယ်လို ဘာသာပြန်သလဲဆိုရင် အကြွေးယူတာပေါ့ နော်။ အကြွေးလို့ ပြောလို့ရပါတယ်။ တစ်နည်းအားဖြင့်တော့ကုမ္ပဏီတစ်ခုရဲ့ပိုင်ဆိုင်မှုသည် သိန်း ၁ဝဝ ရှိမယ်၊ သိန်း ၅ဝ ကို ပိုင်ရှင်ကစိုက်ထုတ်ထားတယ်။ ၅ဝ ကို တခြားအကြွေးနဲ့ယူပြီး လည်ပတ်နေတယ်ဆိုပါတော့။

ဒီ သိန်း ၁ဝဝ နဲ့လည်ပတ်နေတဲ့ ကုမ္ပဏီတစ်ခုသည် ကောင်းကောင်း အမြတ်အစွန်းရှိနေပြီးတော့ အကြွေးတွေကို ပေးနေနိုင်တယ်ဆိုရင်တော့ အဆင်ပြေနေတယ်။ အဲဒီတော့ ဒီလိုမျိုး တခြားက Liabilities နဲ့ အကြွေးနဲ့ လည်ပတ်နေတဲ့ ကုမ္ပဏီကို Leverage ရှိတဲ့ ကုမ္ပဏီလို့ ကျွန်တော်တို့က ဆိုပါတယ်။

အဲဒီတော့ Leverage မရှိဘူးဆိုရင်လည်း လုပ်ငန်းတွေသည်မကောင်းဘူးပေါ့။ ဘာ့ကြောင့်လဲ ဆိုတော့ “မိုးရွာတုန်းရေခံ” ဆိုတဲ့စကားလိုမျိုး အမြတ်အစွန်းကောင်းကောင်းရနေတဲ့ ဈေးကွက်အတွင်းမှာ တခြားကနေ ငွေချေးယူပြီးတော့ဖြစ်စေ၊ အပေါင်ပစ္စည်းနဲ့ ငွေချေးယူပြီးတော့ဖြစ်စေ မြန်မြန် အမြတ်ရအောင်လုပ်ပြီး အမြတ်တွေကို မြန်မြန်သိမ်းဖို့လိုပါတယ်။

တစ်နည်းအားဖြင့်တော့ Leverage မရှိဘူးဆိုရင် အဲဒီ ကုမ္ပဏီပိုင်ရှင်သည် Financing မလုပ်တတ်ဘူး၊ Financing အားနည်းနေတယ်ဆိုတဲ့အခြေအနေလို့ ကျွန်တော်တို့က သတ်မှတ်လို့ရတယ်ပေါ့နော်။ဒါပေမဲ့ ဟုတ်ပြီ...။ Leverage တွေ ယူပါများရင်ရော ဘာဖြစ်သလဲ။ ကျွန်တော်တို့သည် ထားပါတော့... နာမည်ဂုဏ်သတင်းလေးရလာတဲ့အချိန်မှာ Brand လေးတစ်ခုတည်ဆောက်လာနိုင်တဲ့ အခါမှာလူတွေက ကိုယ့်ကို စပြီးတော့ ယုံကြည်လာတတ်လေ့ရှိတယ်။ လူတွေနဲ့ယုံကြည်မှုကိုရတဲ့အချိန်မှာ သူတို့ရဲ့ ငွေကြေးကိုလည်း ယုံကြည်စွာကျွန်တော်တို့ကို အပ်နှံတတ်ကြတာမျိုးရှိတတ်တယ်။

ဥပမာ ကိုယ်က လုပ်ငန်းလေးတစ်ခုစလုပ်တတ်လာပြီ၊ လုပ်ငန်းလေးက အောင်မြင်လာပြီ။ အဲဒီတော့ ဒီ အောင်မြင်လာ တဲ့လုပ်ငန်းလေးကိုမြင်လာတဲ့အချိန်မှာ ငွေထည့်ချင်နေတဲ့သူတွေများလာတယ်။ ရှယ်ယာထည့်ချင်တဲ့သူတွေများလာတယ်။ အဲဒီတော့ ဒီရှယ်ယာတွေကို ကျွန်တော်တို့က ယူဖြစ်ပြီဆိုရင် ကျွန်တော်တို့သည် Leverage ဖြစ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်သွားပြီပေါ့။ ဒီလိုပဲ ကျွန်တော်တို့က ရာထူးလေးတစ်ခု ရလာတယ်။ ကျွန်တော်တို့ကို ငွေချေးချင်တဲ့သူပေါ်လာမယ်။ ဒါဆို ကျွန်တော်တို့က အကြွေးယူပြီးတော့ ကျွန်တော်တို့ သုံးမယ်စွဲမယ်၊ တစ်ခုခုဝယ်မယ်ဆိုတဲ့အနေအထားမျိုးနဲ့ လုပ်ဖြစ် တတ်ကြလေ့ရှိတယ်။

အဲဒီတော့ လုပ်ငန်းတွေအတွက်ဆိုရင် လုပ်ငန်းတစ်ခုလုံးရဲ့တန်ဖိုးကသိန်း ၁ဝဝ ဆိုပါတော့။ ဒါ ဥပမာပေါ့။ ဆိုပါတော့ဗျာ။ အဲဒီတော့ ၃ဝရာခိုင်နှုန်းကျော်သွားပြီ၊ အကြွေးက ရှိနေပြီဆိုရင် ဒီကုမ္ပဏီသည် Financial Hard တစ်နည်းအားဖြင့် ငွေကြေးဆိုင်ရာတောင့်တင်းမှု အရမ်းမကောင်းတော့ဘူးလို့ ကျွန်တော်တို့က သတ်မှတ်လို့ရပါတယ်။

အဲဒီတော့ Leverage မရှိဘူးဆိုရင်လည်း မကောင်းသလို Leverage က သတ်မှတ်ထားတာထက် များသွားတယ် ဆိုရင်လည်း ကုမ္ပဏီရဲ့ ကျန်းမာရေးအားနည်းပြီးတော့ အလွယ်တကူပြိုလဲသွားနိုင်တယ်ဆိုတာကို သွားပြီးတော့ တွေ့ရမှာဖြစ်ပါတယ်။

အဲဒီတော့ Leverage သည် ဘာနဲ့တူသလဲဆိုတော့ လူတစ်ယောက်မှာဆိုရင် သူက ကျန်းမာရေးနဲ့တူတယ်။ အဲဒီတော့ ကျွန်တော်တို့က ကိုယ်ငယ်ရွယ်စဉ်အချိန်မှာ ကျန်းမာရေး ကောင်းတုန်းမှာ ထားပါတော့... ဒီကျန်းမာရေး အထိခိုက်ခံပြီးတော့ အလုပ်တွေ ဦးစားပေးပြီးတော့ငွေတွေ ရှာလိုက်မယ်။ ဒါမျိုးပေါ့နော်။ ဒါပေမဲ့ အသက်ကြီးလာတဲ့အချိန်ဒီကျန်းမာရေး ချို့ယွင်းသွားတဲ့အချိန်မှာတော့၊ အလုပ်အရမ်းများလို့ကျန်းမာရေးချို့ယွင်းသွားတဲ့အချိန်မှာတော့ ကျန်းမာအောင် ပြန်ပြီးတော့ကုစားရတဲ့အနေအထားမျိုးလည်း ပြန်ဖြစ်လာမှာဖြစ်တယ်။

အဲဒီတော့ Leverage သည် ဘာနဲ့တူလဲဆိုတော့ ကုမ္ပဏီတစ်ခုမှာ ကျန်းမာရေးနဲ့တူတယ်။Leverage ယူပါများရင်လည်း အလွယ်တကူ ငွေရနေတယ်ဆိုတဲ့စိတ်ဖြစ်သွားပြီးတော့ Business မှာ Financial Managementလုပ်ရမယ့်အစား ပြင်ပကလာတဲ့ Leverage တွေကိုပဲ ယူယူသုံးဖို့စိတ်ကူးနေရင်းနဲ့ အကြွေးနွံထဲမှာနစ်ပြီးတော့ လုပ်ငန်းတွေပြိုလဲသွားတတ်တယ်ဆိုတာ ရှိပါတယ်။

အဲဒီတော့ အချုပ်အားဖြင့်ပြောရရင်တော့ Leverage ဆိုတာသည်ကျွန်တော်တို့အတွက် တဖြည်း ဖြည်း နစ်ဝင်သွားမှန်းမသိ၊ မြုပ်ဝင်သွားမှန်းမသိ နစ်ဝင်သွားတတ်တဲ့အနေအထားတစ်ခု ဖြစ်တယ်ပေါ့ နော်။ အဲဒီတော့ကျွန်တော်တို့ ကိုယ်တိုင်လည်း Leverage မရှိဘူးလားဆိုတော့ ရှိပါတယ်။ ကျွန်တော်တို့ယူထားတဲ့အကြွေးတွေရှိတယ်၊ တခြားလူတွေရဲ့ လည်ပတ်နေတဲ့ အကြွေးတွေရှိတယ်။ ဘဏ်ချေးငွေတွေရှိတယ်။ ဒီချေးငွေတွေသည် ယူလို့ရသလောက်၊ ကိုယ့်ကိုပေးသလောက် ကျွန်တော်တို့ ယူနေကြတာ မဟုတ်ဘူး။ ကျွန်တော်တို့မှာရှိတဲ့ တန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုနဲ့တွက်ပြီးတော့ ချိန်ဆပြီးတော့ ယူတယ်ပေါ့။

ဥပမာ ထားပါတော့။ ကျွန်တော့်မှာ ခြံသုံးခုရှိမယ်၊ တိုက်သုံးလုံးရှိမယ်။ ဒါတွေကို ပေါင်းလိုက်ရင် ဘယ်လောက်ရှိမလဲ။ သိန်းငါးထောင်ရှိမယ် ဆိုပါတော့။ သိန်းငါးထောင်တန်ကြေးရှိတဲ့ Assets ရှိတယ် ဆိုရင်တခြားကနေ အကြွေး သိန်းနှစ် ထောင်၊ သုံးထောင်ခန့်ကို ကျွန်တော်အလွယ်တကူယူပြီးတော့ Run မယ်။ ဒီလိုဆုံးဖြတ်လေ့ရှိပါတယ်။ ဘာကြောင့်လဲ။

ဒီနှစ်ထောင်ကို ပေးလျော်ရမယ်ဆိုရင် ကျွန်တော့် မှာ ပိုင်ဆိုင်မှုခိုင်မာတဲ့ ငါးထောင်ဖိုးလောက်ရှိနေတယ်။ ဒါမျိုးပေါ့။ ဟိုအရင်ခေတ်တုန်းက တိုင်းပြည်တွေ ငွေစက္ကူထုတ်ဝေသလိုပေါ့။ တခြားနိုင်ငံတစ်ခုမှာရွှေကိုအပေါင်ထားတယ်။ အဲဒီရွှေကို ရွှေရဲ့တန်ဖိုးအတိုင်း ငွေစက္ကူ ထုတ်ပြီးတော့ နိုင်ငံအတွင်းမှာလှည့်လည်သုံးစွဲတယ်။ အဲဒီတော့ရွှေရဲ့ ကျောထောက်နောက်ခံပေးထားတဲ့ Currency ဖြစ်တဲ့အတွက် သူ့ရဲ့တန်ဖိုးသည် မာနေလေ့ရှိတယ်။ ဒီလိုစနစ်ဖြစ်ပါတယ်။

အဲဒီတော့ ကိုယ်က အကြွေးယူပြီးတော့ လုပ်ငန်းကိုလည်ပတ်မယ်ဆိုရင် ဒီအကြွေးကို ကိုယ့်မှာ ပြန်ဆပ်နိုင်လောက်တဲ့ ဘယ်လိုအနေအထားတစ်ခုခုရှိသလဲ။ အဲဒီအနေအထားတစ်ခုထက် ကျော်ပြီးတော့ ဒီအကြွေးကိုမယူဘူး။ အကြွေးကို ပိုယူမယ့်အစား Financial Managementလုပ်ပြီးတော့ လုပ်ငန်းကို အမြတ်အစွန်းပိုရအောင် ဘယ်လိုလုပ်မလဲဆိုတဲ့နည်းလမ်းတွေကို စဉ်းစားရမှာဖြစ်ပါတယ်။

အဲဒီတော့ ပြောချင်တဲ့သဘောက ကျွန်တော်တို့ဘဝမှာ အောင်မြင်ချင်တယ်ဆိုရင် သတိထားရမယ့် လုံးဝရှောင်ဖို့ပြောတာ မဟုတ်ဘူးပေါ့နော်။လွန်ကျွံသွားရင် မလုပ်ဘူးဆိုရင်လည်း အဆင်မပြေဘူးဆိုတဲ့အနေအထားရှိတယ်။လွန်ကျွံသွားရင်လည်း ဆိုးသွားမယ့်အခြေအနေရှိတယ်။

ဒါတွေက ဘာတွေလဲဆိုရင်-
No.1 Liquor ဖြစ်ပါတယ်။
No.2 Ladies,
No.3 Leverage ကျေးဇူးအများကြီးတင်ပါတယ်။

Keep Reading

"ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။3L for Successချွေတာမလား၊ ပိုရှာမလားမြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခုစီးပွားရေးလုပ်ရာတွင် မသိမဖြစ်သိသင့်သော Generic Strategy အကြောင်း လုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလားPersonal Budget အတွက် 50/30/20 Rule ◾ဘ၀က ပိုလွယ်ကူလာတာမဟုတ်ဘူး၊ ကျွန်တော်တို့က ခံနိုင်ရည်ပိုရှိလာတာ ◾Financial Statement ကို ထိန်းချုပ်နိုင်ခြင်းက Financial Freedom အတွက်အခြေခံပဲ ◾အမှီခိုကင်းတဲ့ ချစ်ခြင်းမေတ္တာ