Author's Profile Photo

Reviews by Benevolent

5/06/2025

ခေါင်းလောင်သံ

3 mins read
Book Review
Novel
Fiction
ခေါင်းလောင်သံ's photo

"For Whom the Bell Tolls" စာအုပ်က အားနက်ဟဲမင်းဝေ (Ernest Hemingway )ရေးသားခဲ့တဲ့ နာမည်ကျော် စပိန်ပြည်တွင်းစစ် ( 1936–1939) ကာလကိုအခြေခံတဲ့ဝတ္ထုတစ်ပုဒ်သာဖြစ်တယ်။အားနက် ဟဲမင်းဝေ(Ernest Hemingway)ဆိုတာ ထူးခြား ရိုးရှင်းပြီး အာရုံခံစားမှုပြင်းထန်တဲ့ စာရေးဟန်ရှိတဲ့ အမေရိကန်လူမျိုး စာရေးဆရာတစ်ယောက်ပဲဖြစ်တယ်။ ဒီစာအုပ်ကလည်း သူရဲ့ ကမ္ဘာ့စာပေတွင် အထင်ကရလက်ရာတစ်ခုအဖြစ် တည်ရှိနေတယ်။1940 ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး စစ်နှင့်နိုင်ငံရေးဆန်တဲ့ စိတ်ကူးယဉ်ဝတ္ထုသာဖြစ်တယ်။မြန်မာဘာသာပြန်ပေးသူ စာရေးဆရာကိုကို ကိုလည်း ကျေးဇူးတင်မိတယ်။

ဇာတ်လမ်းကတော့ ဖက်ဆစ်စနစ်ကြီးစိုးမှုကို တွန်းလှန်ကြတဲ့ ဇာတ်လမ်းလို့ပဲပြောရမယ်။အင်ဆယ်လ်မို ၊ပီလာ၊ အော်ဂတ်စတင်၊နိုင်ငံခြားသားတပ်သား ကပ်ရှကင်၊ မိန်းကလေးတွေအကြောင်း မစဉ်းစားတတ်တဲ့ ရောဘတ်ဂျော်ဒန် ၊ဗိုလ်ချုပ်ကြီး ဂေါ၊အဘိုးအို၊ ရဲဘော် ဂျစ်ပစီ ၊ မာရီယာ ၊ ပါဘလို ၊ ပါဘလိုရဲ့မိန်းမ စတဲ့ ဇာတ်ကောင်များဖြင့် စစ်ကို ဆင်နွှဲထားတယ်။ပြောက်ကျားခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့ ပါဘလို ၊ ဘာအလုပ်ကိုမဆို လေးလေးနက်နက် သတ္တိရှိရှိ နဲ့ အစပိုင်းကလုပ်တတ်သူတစ်ယောက်။ နောက်ပိုင်း
"ဝမ်းရောဂါဖြစ်လို့ ‌ သေတာထက် ပါဘလိုသတ်လို သ/တ်လို့ သေတာကများနေတယ်။ တော်လှန်းရေး စတုန်းကဆိုရင် တိုက်ဖွိုင်ဖြစ်လို့ သေတာထက် ပါဘလို သ/တ်လို့ သေတဲ့လူ ပိုများတယ် "
ပါဘလို က သ/တ်ထားတဲ့ လူများတော့ သူကို ပြန် သ/တ်မှာကို ကြောက်နေတယ်။ ပါဘလို သဘောထားကို သူ့မိန်းမအပါ အကုန်ကွဲလွဲလာကြတယ်။ စစ်၏ကြမ်းတမ်းမှုကြောင့် ယုံကြည်မှုနှင့် စွမ်းအားများ ဆုံးရှုံးနေသူ တစ်ယောက်ဖြစ်လာတယ်။အဖွဲ့အား သစ္စာဖောက်ရန် ကြိုးစားခဲ့တယ်။အရက်ဖြင့် မေ့လျော့ရန်လည်း ကြိုးစားပြန်တယ်။

ဖက်ဆစ်တပ်များက ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အမျိုးသမီးငယ်။ဗလာဒိုလစ်အကျဉ်းထောင် အတွင်း‌ ခေါင်းတုံး တုံးခံရသူ၊ ထောင်ကနေ တောင်ပိုင်းကို ရွှေ့ခံရတဲ့ စစ်သုံ့ပန်း မာရီယာ ၊ ရထားကို မိုင်းခွဲခံရတော့ လွတ်မြောက်သွားပြီး တော်လှန်ရေးအဖွဲ့နဲ့ ပူးပေါင်းသွားသူ။အတိတ်ကြောက်ရွံ့မှုများ ရှိနေပေမယ့် ချစ်ခြင်းမေတ္တာဖြင့် စိတ်ဒဏ်ရာများကို ပြန်လည်ကုစား လာခဲ့တယ်။

ဝတ္ထု၏ ဇာတ်လိုက်လို့ ဆိုရမယ့် ရော်ဘတ်ဂျော်ဒန် ကအမေရိကန် ပညာတတ်လူငယ်တစ်ဦးဖြစ်ခဲ့တယ်။စပိန်နိုင်ငံဘက်မှ ပါဝင်တိုက်ခိုက်ပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ တပ်ဖွဲ့ဝင်တစ်ဦးသာဖြစ်တယ်။ ဘယ်သူတွေကို တိုက်တာလဲဆိုရင် ဥရောပကို လွှမ်းမိုးလားတဲ့ အမျိုးသား‌ရေးအစွန်း‌ရောက်ဖက်ဆစ်တပ်များ (Nationalist/Fascist forces) ၏ ခံတပ်၊ စစ်ကြောင်း တွေကို မိုင်းခွဲဖြိုချရန် တာဝန်ယူကြရတယ်။တံတားဖျက်၊ ရထားဖျက်ရတဲ့ တာဝန်တွေလည်းပါတယ်။စပိန်တောင်တန်းဒေသ ၊ တောင်‌ပေါ်ရှိဂူတွေထဲမှာနေတယ်။

စစ်ပွဲအတွင်း တောင်‌တွေပေါ်မှာလည်း ဂျစ်ပစီ အများကြီးတွေ့ရလိမ့်မယ်။ သူတို့ လူမျိုးစုချင်းကလွဲလို့ တခြားလူကို သ/တ်တာ အပြစ်မရှိဘူးလို့ ယုံကြည်ကြသူများဖြစ်တယ်။ မိုးဝါးလူမျိုးတွေလည်းအပါ ၊ စစ်အတွင်း ဂျစ်ပစီ အတော်များများက အရင်တုန်းကထက် ပိုဆိုးပေလာကြတယ်။လူသ/တ်တယ်ဆိုတာ အပြစ်ပေးမခံရဘဲ လွတ်လပ်စွာလုပ်လို့ကတဲ့အရာဖြစ်လာတယ်။ပျော်လို့ သ/တ်တဲ့ လူတွေလို့ဆိုရမယ်။သူတို့လည်း စစ်ပွဲထဲပါလာတယ်၊ လူသ/တ်ချင်လို့ စစ်တိုက်တဲ့ သတ္တဝါ

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ  

Unlock to read this premium article with 100 points.