Author's Profile Photo

Hnin

3/06/2025

သေသွားရင် မပါတဲ့ အတူတူ မသေခင်လုပ်လိုက်တော့ ပိုကောင်းတာပေါ့

1 min read
Personal Development
General Knowledge
Self Improvement


လူတိုင်း လူတိုင်းမှာ မသေခင်လုပ်ချင်တဲ့ အရာတွေ ရှိကြပါတယ်၊ လူတိုင်း တစ်နေ့သေမယ်ဆိုတာ သိကြတယ်၊ မသေခင် လုပ်ချင်တဲ့အရာတွေကိုလည်း
မသေခင် လုပ်ဆောင်သွားကြတယ်။ဒါပေမဲ့ သေခြင်းတရားကတော့ ဘယ်နေ့ရောက်လာမလဲ ဘယ်သူမှမသိကြပါဘူး၊

ဒီနေ့လည်း ကျွန်မ အတွေးလေးတစ်ခု ရလာခဲ့တယ်။အတွေးလေးကတော့ 'သေသွားရင် မပါတဲ့ အတူတူ မသေခင်လုပ်လိုက်တော့ ပိုကောင်းတာပေါ့'
အဲလိုလေးတွေးမိခဲ့တယ်။..

  • ကျွန်မတို့တွေ ငွေရှာတယ်၊ သုံးဖို့၊လှူဖို့၊ထောက်ပံဖို့၊အိုစာမင်းစာ... အစရှိသည် ရှာကြတယ်။
  • ကျွန်မတို့တွေ ပညာတွေရှာတယ်၊ကိုယ့်ဘဝတိုးတက်ဖို့၊ပညာတတ်တော့ အသိပညာတွေ ကြွယ်လာမယ်၊ ကိုယ့်ထက် နိမ့်ကျတဲ့သူတွေကိုလည်း ကိုယ်တတ်ထားတာတွေ မျှဝေနိုင်တယ်။......

အစရှိသည် ကျွန်မတို့တွေ အသက်ရှင်တုန်း လုပ်ဆောင်ကြတယ်။ ဘာလို့လဲဆိုတော့
သေဆုံးသွားတဲ့အခါ ဘာတစ်ခုမှ ကျွန်မတို့နှင့်
ပါမသွားပါဘူး။အားလုံး ချန်ထားခဲ့ရမှာပါ။

မသေခင်လုပ်ဆောင်ရမဲ့ အချက်တွေအများကြီး အထဲမှာ ကျွန်မအခုနောက်ပိုင်းလုပ်ဆောင်သင့်တဲ့ အရာတစ်ခုက 'ကိုယ်တတ်ထားတဲ့ ပညာတွေကို မျှဝေတတ်ဖို့ပါဘဲ' ၊ကျွန်မတို့အသက်တွေက တစ်ဖြည်းဖြည်းကြီးလာမယ်၊ ကျွန်မတို့တွေနေရာကို နောက်ထပ်၊နောက်ထပ် လူငယ်လေးတွေ လာကြမယ်။အဲဒါကြောင့် ကိုယ်မသေခင် လုပ်ရမဲ့ အချက်တွေထဲမှာ ကိုယ်တတ်ထားတဲ့ ပညာတွေကို မျှဝေသွားတတ်ဖို့ဆိုတာကလည်း လုပ်ကို လုပ်သင့်တဲ့ အချက်လို့ မြင်မိပါတယ်ရှင့်။

Hnin(3.6.25)Sg



Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်တန်ဆေးလွန်ဘေးအချိန်ဆွဲတဲ့အကျင့်ဆိုးအာရုံစူးစိုက်မှုအင်တာနက်နဲ့ လူနေမှုဘဝ Cambridge English Examလိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ်