Author's Profile Photo

Reviews by Benevolent

31/05/2025

ရဲတိုက်

4 mins read
Book Review
Novel
Fiction
ရဲတိုက်'s photo

စာမျက်နှာ -၆၅၀ နဲ့ ဒီစာအုပ်က လူအဖွဲ့အစည်းကြားမှာ အောင်မြင်ခဲ့တယ်ပြောရမယ်။မြန်မာပြည်မှာ ၁၉၈၄ ဘာသာပြန်အမျိုးသားစာပေဆု ရရှိခဲ့လို့ အောင်မြင်တယ်လို့ပြောတာမဟုတ်ပါဘူး၊ဖတ်ဖူးတဲ့ စာဖတ်ပရိသတ် အတော်များများက နှစ်သက်လက်ခံခဲ့ခြင်းကြောင့်လို ဆိုရမယ်။စ‌‌ကော့တလန်စာ‌ရေးဆရာ A.J Cronin ရဲ့အခမ်းအနားဆုံးလက်ရာတစ်ခုဖြစ်ခဲ့သလို ဘာသာပြန်ပေးသူ ဆရာမောင်ထွန်းသူရဲ့ ပထမဆုံး ဘာသာပြန်ကလောင်အစွမ်းကို ပြခဲ့တဲ့စာအုပ်လည်းဖြစ်နေပြန်တယ်။အညတရ စာရေးသူဖြစ်ခဲ့ဖူးတဲ့ ဆရာမောင်ထွန်းသူက လက်ရာမြောက်ဒီစာအုပ်ကို စာဖတ်သူလက်ထဲ အကောင်းပကတိ မူရင်းမပျက်အောင် အတော်ကာကွယ် ပေးခဲ့၊ ကြိုးစားခဲ့ရတယ်။ထုတ်ဝေသူတွေက ကြိုက်ပေမယ့် လက်မခံတာ ၊ ထုတ်ဝေပေးမယ့်ပြောတဲ့လူက ဝတ္ထုကို မြန်မာမှုပြုပြီး စာရေးသူနာမည်ပြောင်းဖို့ ပိုက်ဆံ ငါးရာ နဲ့ မက်လုံးပေးတာမျိုးတွေ ၊အော့နှလုံးနာစရာအဖြစ်အပျက်များစွာ ရင်ဆိုင်ခဲ့ရတယ်။ ဆရာမြသန်းတင့် ၊ဆရာတင့်တယ် ထောက်ခံခဲ့ပေမယ့် လွယ်လွယ်ကူကူ မရခဲ့ဘူး။နောက်ဆုံးဘဝတက္ကသိုလ်စာအုပ်တိုက်ရဲ့ အရဲစွန့်ပြီး တက်သစ်စ ကလောင်တစ်လက်ကို ပြည်သူလက်ထဲ ထည့်ပေးနိုင်ခဲ့တယ်။ပထမအကြိမ်ထွက်ပြီး ဒုတိယအကြိမ်ကိုလည်း အနှစ် နှစ်ဆယ်ကျော်မှ ပြန်ထွက်နိုင်ခဲ့တယ်။ဒါကလည်းဘဝတက္ကသိုလ်စာအုပ်တိုက်အပေါ် ဆရာမောင်ထွန်းသူ သစ္စာရှိခဲ့ပုံ လေးစားစွာမြင်ရနိုင်တယ်။ဒီစာအုပ်က ဆရာမောင်ထွန်းသူရဲ့ စာပေကလောင် အသက်လို့ပြောရမယ်။ဘာသာပြန်ပေးသူ ဆရာမောင်ထွန်းသူကို "ဆရာက ဆရာဝန်လား" ‌အထိ မေးမြန်းခံရဖူးတယ်၊ ဆရာဝန်အသိုင်းအဝိုင်းရဲ့ ချီးကျူးမှု ၊ကျေးဇူးတင်မှုကို ခံယူခဲ့ရတယ်။စိတ်ညစ်စရာကြားက ဆေးတစ်ခွက်ဖြစ်ခဲ့တယ်။၁၉၉၀ ဝန်းကျင်က မြန်မာပြည် ဆရာဝန်တွေ မင်္ဂလာဆောင်ရင် လက်ဖွဲ့အဖြစ် ထည့်ပေးကြဖို့ အထိ အညွှန်းခံရတဲ့စာအုပ်ဖြစ်ခဲ့ကြတယ်။ချို့တဲ့ တဲ့နိုင်ငံတွေမှာ ဆရာဝန်လို့ ပြောလိုက်ရင် တစ်ဆင့်မြင့်တယ် ၊ အကြည်ညိုခံပုဂ္ဂိုလ်လို့သာ ဖော်ညွှန်းကြတာများတယ်။Super Natural ရထားသူလို့တောင်မြင်တတ်ကြတယ်။တကယ်တော့ အမှန်တွေရော၊ အမှားတွေရော လုပ်မိတတ်ကြတဲ့ လူထဲက လူပါပဲ။ A.J Cronin ကိုယ်တိုင်က ဆရာဝန်တစ်ယောက်ဖြစ်တဲ့အတွက် ဆေးပညာဆိုင်ရာ အသိပညာတွေ၊ သူ့အမြင်တွေကို ထည့်သွင်းရေးပြထားပါတယ်။ အဓိကတော့ ဆရာဝန်တစ်ယောက်ရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာတွေကို ထိထိမိမိကို ရေးပြထားတယ်လို့ ပြောရမယ်။တန်ဖိုးကြီးတဲ့ medical fiction စာအုပ်အမျိုးအစားလို့ပြောလို့ရတယ်။

စာအုပ်မူရင်းကို ဆက်ရအောင်
A. J Cronin က The Citadel ဝတ္ထုကို ၁၉၃၇ တွင် ထုတ်ဝေခဲ့တယ်။ ဆေးပညာလောက၏ ကျင့်ဝတ်နှင့် လူမှုရေး အကျိုးသက်ရောက်မှုများကို စူးစမ်းလေ့လာထားတဲ့ စိတ်ဝင်စားဖွယ် ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်တယ်။၁၉၂၄ ခုနှစ်နောက်ပိုင်း အင်္ဂလန်က ဆေးပညာလောကကို အခြေခံပြီး ဇာတ်အိမ်ခိုင်ခိုင်မာမာတည်ဆောက်ထားတဲ့ ဝတ္ထုတစ်အုပ်ပါ။ဒီစာအုပ်က ဗြိတိန် National Health Service (NHS) ဖွဲ့စည်းရန် စေ့ဆော်ပေးခဲ့တယ်လို့လည်း ဆိုကြတယ်။ဆရာဝန်တစ်ဦး၏ ဘဝခရီးကို ရိုးရှင်းစွာမဟုတ်ဘဲ စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်လမ်းဖြင့် ဖော်ပြထားတယ်။

ဝတ္ထုရဲ့ဇာတ်လိုက်က စကော့တလန်မှ လူငယ်ဆရာဝန်အင်ဒရူးမေဆန် ဆိုသူ၊ ဝေလနယ် ကျောက်မီးသွေးတွင်းမြို့ငယ်တစ်ခုတွင် ဆေးကုသရန် ရောက်ရှိလာတယ်။
အဓိကဇာတ်လိုက်က တခါတခါမှ သိပ်ချစ်စရာကောင်းတယ်၊ တခါတခါမှ လုပ်ချင်တဲ့အရာကို မရရအောင် ဇွတ်တရွတ်လုပ်တတ်လို့ သိပ်အမြင်ကပ်စရာလည်းကောင်းနေပြန်တယ်။အချိန်ကြာအရွေ့တစ်ခုမှာ ဆရာဝန်အင်ဒရူးမေဆန် လန်ဒန်သို့ ပြောင်းရွှေ့ခဲ့တယ်။ချမ်းသာတဲ့ လူတန်းစားများအတွက် ဆေးကုသရန် စတင်လုပ်ကိုင်ရပြန်တယ်။ငွေကြေး၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က သူကို ဖမ်းစားသွားတယ်၊ မူလရည်မှန်းချက်များ ပျောက်ဆုံးသွားတယ်။စိတ်အားထက်သန်မှုနှင့် အတွေ့အကြုံမရှိမှုတို့ကြောင့် ဆရာဝန်လေးက ဆေးဘက်ဆိုင်ရာ အကျင့်ပျက်ခြစားမှုများ၊ ဆင်းရဲမွဲတေမှုများနှင့် ရင်ဆိုင်ခဲ့ရတယ်။ဇာတ်လိုက် အင်ဒရူးမေဆန်က ရိုးသားကြိုးစားတယ်၊မဟုတ်မခံတတ်တဲ့စိတ်ရှိတယ်၊ဟန်ဆောင်မှုကင်းတဲ့ ဆရာဝန်တစ်ယောက်အဖြစ်ကနေ ပတ်ဝန်းကျင်ဆရာဝန်များကြောင့်စည်းစိမ်ဥစ္စာနောက်ကိုလိုက်မှန်းမသိ လိုက်ရင်း ကိုယ်ကျင့်တရားယိုယွင်းလာတယ်။မှန်ကန်ဖြောင့်မတ်တဲ့ဆေးကုသပေးမှုအ

ဆရာမောင်ထွန်းသူဆိုတာဟာရူကီမူရာကာမိဆိုတာပါရီကျဆုံးခန်းစာရေးဆရာနတ်နွယ်ဆိုတာအိုးမဲ့အိမ်မဲ့ဘဝမှ ဟားဗက်တက္ကသိုလ်သို့The Fall Of Spartacus𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚Victor Hugo ပေးတဲ့သင်ခန်းစာအဆန့်အဖျက်လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြဿနာ

Unlock to read this premium article with 100 points.