Reviews by Benevolent

လူသားတွေဆိုတာ ကလေးဘဝမှ လူကြီးဘဝသို့ရောက်အောင် ကြိုးစားဖြတ်သန်းရတယ်။အဲ့ကာလမှာ
ရှုပ်ထွေးတဲ့ စိတ်ခံစားမှုများ၊ အိပ်မက်များနှင့် လက်တွေ့ဘဝတို့ကြား ပဋိပက္ခများကို ရင်ဆိုင်ရမယ်။ ဘဝ၏ အခက်အခဲများ၊ မိမိကိုယ်ကို ရှာဖွေခြင်းစတဲ့ အကြောင်းအရာများပါဝင်တယ်။စာမျက်နှာ ၃၈၁ နဲ့ ဒီစာအုပ်က ကြီးပြင်းလာမှုဇာတ်လမ်း (Coming-of-age novel )လို့ သတ်မှတ်လို့ရတယ်။ ကြီးပြင်းလာမှု ဝတ္ထုလို့ပြောရင် The Catcher in the Rye ၊ To Kill a Mockingbird ၊ Great Expectations ၊ David Copperfield ၊ Kafka on the shore အစရှိတဲ့ အသည်းစွဲ စာအုပ်ကောင်းတွေကို ပြေးမြင်မိကြပါလိမ့်မယ်။ ၁၉၄၄ ခုနှစ်က မူရင်းစာအုပ်ကို ထုတ်ဝေခဲ့ပြီး သမိုင်းနှင့်လူမှုရေးဆိုင်ရာ အချက်အလက်တွေ ပါဝင်နေတယ် ပြောရမယ်။ ကျွန်တော်အချစ်တော် မူရင်းစာရေးသူ A. J. Cronin က၂၀ရာစုအစောပိုင်း စကော့တလန်၊ ကက်သလစ်နှင့် ပရက်စ်ဘီတီးရီးယန်းဘာသာရေးပဋိပက္ခတွေပါ လေ့လာခွင့်ရအောင် ဖော်ပြပေးထားတယ်။New York Times ရောင်းအားအကောင်းဆုံးစာရင်းတွင် ၁၇ ပတ်ကြာရပ်တည်ခဲ့တဲ့ ထင်ရှားမှု စာအုပ်တစ်အုပ်ဖြစ်ခဲ့တယ်။A. J. Cronin စာအုပ်ထဲ လူကြိုက်အများဆုံး ဝတ္ထုတစ်ပုဒ်လည်းဖြစ်တယ်။ဘာသာပြန်ပေးသူ ဆရာမောင်ထွန်းသူ ရဲ့ကျေးဇူးကြောင့် မူရင်းအတိုင်း လက်ရာမပျက်ခံစားခွင့်ရခဲ့တယ်။
ဇာတ်လမ်းကတော့ အိုင်ယာလန်ကျွန်း ဒပ်ဘလင်မြို့က ရောက်လာတဲ့အသက်ရှစ်နှစ်အရွယ်ကလေးတစ်ယောက်
ကို ဗဟိုပြုထားတယ်။လူ့ဘဝဟာသစ်ရွက်တစ်ရွက်ဆိုပါတော့...ဘဝရဲ့စိမ်းစိုဆုံးအချိန်တွေဟာ ရွက်သစ်ဖူးစ အပူအပင်နည်းတဲ့ကလေးဘဝသာဖြစ်လိမ့်မယ်။အဲ့ဒီကလေးဘဝကို အစိမ်းရောင်နှစ်များလို့ တင်စားထားတာပါ။ဒီအစိမ်းရောင်နှစ်များ( The Green Years)စာအုပ်က စွန့်စားခန်းဝတ္တုတစ်ပုဒ်မဟုတ်သလို ဖတ်ပြီးနင့်နေအောင်ခံစားရတဲ့ ဝတ္ထုမျိုးလည်း မဟုတ်ပါဘူး ။ လူငယ်တစ်ယောက်ရဲ့ဘဝကိုဗဟိုပြုပြီး လူတွေရဲ့အတ္တ မာနလွန်ဆွဲမှုတွေ ၊ ပျော်ရွှင်မှု၊ မိသားစုဘဝ ၊ ချစ်ခြင်းတရား၊ မဆုတ်မနှစ်ကြိုးစားမှု စတာတွေကိုချယ်မှုန်းသွားတာပါ။
အိုင်ယာလန်ကက်သလစ်မိသားစုမှ စကော့တလန်ပရက်ဘီတီးရီးယန်းမိသားစုထံ ရောက်ရှိလာတဲ့ မိဘမဲ့ကလေး ရောဘတ်ရှန်နွန် တစ်ယောက် ၊ သူ့ဘဝရဲ့အစိမ်းစိုဆုံးအချိန်တွေမှာမိဘနှစ်ပါးလုံးဆုံးပြီးမိဘမဲ့ဖြစ်ခဲ့ရတယ်။ဇာတ်လိုက်အဖေက တစ္ဆေတစ်ကောင်သဖွယ် အမြဲတစေ ခြောက်လှန့် နှိပ်စက်ခဲ့တဲ့ အဆုတ်ရောဂါနဲ့ကွယ်လွန်ခဲ့တယ်။ အစ်မနှစ်ယောက်လည်း ဒီရောဂါနဲ့ ကွယ်လွန်တယ်။ အမေလည်း ကူးစက်ခဲ့ပြီး နောက်ဆုံးကွယ်လွန်ခဲ့တယ်။အဲ့ရောဂါက သူဆီ ထပ်ဒုက္ခပေးလေမလား တွေးကာ ပူပန်နေမိခဲ့ပြန်တယ်။ကျောင်းစတတ်ရတဲ့အချိန်အတန်းထဲတွင် အထီးကျန်မှုနှင့် ဘာသာရေးခွဲခြားဆက်ဆံမှုများ ၊ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ ရောင်ပြန်ဟပ်မှုများ၊ စကော့တလန်၏ လူမှုအလွှာခွဲခြားမှု၊ ဘာသာရေးပဋိပက္ခတို့ကိုပါ မြင်ရမယ်။
ဘာသာရေး၊ စီးပွားရေးနှင့် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရတယ်။ဘိုးဘွားများ နှင့် ဆက်ဆံရေးမှာ ဘာသာရေးကွဲလွဲမှုကြောင့် တင်းမာစေခဲ့ပြန်တယ်။ဘာသာရေးဖိအားကြောင့် အနိုင်ကျင့်ခံရတာ ၊အပေါင်းအသင်းမလုပ်ကြတာ ကက်သလစ်နှင့် ပရက်ဘီတီးရီးယန်း ဘာသာတရားမှာ ၂၀ ရာစုအတွင်း စကောတလန်မှာ ပြင်းထန်ခဲ့တယ် ဆိုရမယ်။အဲ့အရာက ကျောင်းနေအရွယ်ကလေးတွေပါကွဲလွဲမှုများဖြစ်စေတယ်၊ ဘဝကို ထိခိုက်စေတယ်။ တကယ်တော့ဒီစာအုပ်က A.J Cronin က ဘာသာရေး သီအိုရီနှင့် လက်တွေ့ဘဝကြား ကွာဟမှု ကို ဝေဖန်ထားတဲ့စာအုပ်လို့ပြောရမယ်။မိသားစုအတွင်း လက်မခံမှု၊ ကလေးကြား ပဋိပက္ခ များကို နက်နက်ရှိုင်းရှိုင်း ဆန်းစစ်ပြထားတယ်။တည်ရှိရာ ပတ်ဝန်းကျင်က အကောင်းအဆိုးနှစ်မျိုး ရောစပ်နေတယ်။အဆင်ပြေတဲ့အချိန် ပြေပြီး ပဋိပက္ခဖြစ်တဲ့
Unlock to read this premium article with 100 points.