Author's Profile Photo

သစ်တိုင်းမွှေး

29/05/2025

ဘယ်သူလာကူပါ့မယ်

1 min read
Book Review
Art

မင်္ဂလာပါ၊မွှေး ဒီနေ့ reviewပေးချင်တဲ့ စာအုပ်လေးကတော့ ဆရာမ မိုးမိုးအင်းလျားရဲ့ ဘယ်သူလာကူပါ့ဆိုတဲ့ ဝတ္ထုလေးပါ။

လူတွေက ဘဝလှိုင်းလုံးတွေ ကြုံရတဲ့အခါ ပြောင်းလဲသွားတတ်တယ်တဲ့။ဒီစာအုပ်လေးက ဘဝလှိုင်းတွေကြား ပြောင်းလဲသွားတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းဆိုလဲ မမှားနိုင်ပါဘူး။

ဖက်ပြီးတာနဲ့ ဟင်းခနဲ သက်ပြင်း ချလိုက်မိတဲ့ဇာတ်လမ်းလေးပါပဲ။ကိုယ်တိုင်လဲ သမီးကြီးသြရသဆိုတဲ့နေရာမှာရှိတော့ ဇာတ်ကောင်လေးနွယ်ကို ကိုယ်ချင်းစာနိုင်ခဲ့တယ်။နွယ်ဆိုတာ အမျိုးသမီးလေးက နာမည်အတိုင်း သံယောဇဉ်အနွယ်တွေနဲ့ မိသားစုကို ငဲ့ညှာခဲ့ပါတယ်။ကိုယ်သာဆို ဒီလို မလုပ်နိုင်လောက်ဘူးဆိုတဲ့ စိတ်နဲ့အားနာစိတ်တောင်ဝင်ခဲ့သား။

နွယ်က ရှက်တတ်တယ်၊ကြောက်တတ်တယ်၊အပြစ်ကင်းတယ်။ဒါပေမဲ့ သူ့မိခင်ဆုံးပါးသွားတဲ့နောက်မှာ ညီအစ်မ၄ယောက်နဲ့ ဖခင်ဖြစ်သူ အတွက် ရှက်လျက်နဲ့ ဘဝကိုရုန်းခဲ့တယ်၊ကြောက်လျက်နဲ့ ဘဝကို စိန်ခေါ်ခဲ့တယ်။

ကျောင်းသူဘဝမှာ ချစ်သူရည်းစားထားမိတာတောင် ညီမတွေအတူယူမှားမှာစိုးလို့ ပြတ်ဆဲလိုက်သတဲ့။ညီမငယ် ဆွေဆွေ၊သန္တာ၊သီတာတို့ ပညာစုံဖို့အတွက် ကိုယ်ဘဝပညာရေးကိုရပ်ခဲ့တယ်၊ကိုယ်လွှတ်ရုန်းဖို့မတွေးခဲ့တဲ့ စိတ်ဓာတ်ကလေးက အံသြစရာပါပဲ။တကယ်ဆို နွယ်က ပညာရေးကို ဆက်တတ်လှမ်းချင်တယ်ဆိုလဲ ဖြစ်ပေမဲ့ နွယ်ငဲ့ခဲ့တယ်။နီးစပ်ရာ အလုပ်တွေလုပ်ကာ ကျောင်းစရိတ်၊စားစရိတ်ကို ရှာပေးခဲ့သတဲ့လေ။

အဲ့လုပ်ကလဲ သူဘယ်တော့မှ လုပ်ဖို့စိတ်မကူးခဲ့အလုပ်၊သူဆက်ဆံရတဲ့ သူတွေကလဲ အရင်ကလမ်းတွေ့ရင်တောင်မခေါ်ခဲ့တဲ့သူ ၊ဘဝကပြောင်းလာတဲ့အခါ မခေါ်ချင်လဲ ခေါ်ရပါတယ်။တကယ်​တော့ ငွေဆိုတာလဲ လောဘတတ်စရာမလား။နွယ်ဟာ လောဘတတ်ခဲ့ပါတယ်၊သို့သော် သူ့မိသားစုအတွက်သာဖြစ်ခဲ့သည်။

အကျိုးခံစားရတဲ့အခါ တစ်မိသားစုလုံး အကျိုးခံစားရပေမဲ့ အပြစ်တင်ခံရတဲ့အခါမှာ နွယ်တစ်ယောက်တည်း။အချိန်တွေကြာလာတော့ နွယ် အနှစ်နာခံမှုတွေက အရာထင်မယ်ထင်ခဲ့ပေမဲ့ ထင်သင့်သလောက်မထင်ခဲ့တဲ့အခါ တအားနဲ့မှ ဝမ်းနည်းမိပါတယ်။

ကျောင်းသူလေးနွယ်ကနေ စသိခဲ့ရတာ အမိမဲ့ကလေးနွယ်၊မှောင်ခိုသမားလေးနွယ် ပြီးတော့ စိတ်ဝေဒနါသမားလေးနွယ်။

ဘယ်လိုတွေသူ ဖက်သင့်လဲဆို  အကူအညီရှာနေတဲ့သူတွေ၊တကယ်တော့ ကိုယ်ကိုယ်ကို ကူညီနိုင်တာ ကိုယ်ကိုယ်တိုင်ပဲရှိတယ်မလားဗျ။ပြီးတော့ ကိုယ်ဘဝကိုယ် မကျေနပ်တဲ့သူတွေ နွယ်ဘဝကို ကြည့်ပြီးရင်တော့ ကိုယ်ဘဝကိုကိုယ် ကျေနပ်မယ်လို့ လုံးဝအသေအချာကြီးမပြောနိုင်ပေမဲ့ နွယ်ကို စာနာပြီး ဪငါဘဝက နွယ်ဘဝလောက်မဆိုးသေးပါဘူးလို့ဖြေသိမ့်လို့ရသွားကြမယ်ထင်တယ်။

အကယ်လို့ စိတ်အပန်းဖြေချင်တာပဲ ဖြစ်ဖြစ် စာအုပ်ထဲကဘဝပေးပညာယူချင်တာပဲ ဖြစ်ဖြစ် ဆရာမမိုးမိုးအင်းလျားရဲ့ ဘယ်သူလာကူပါ့မယ် စာအုပ်ကလေးက အဆင့်ရှိနေပါတယ်။

ချစ်တဲ့
သစ်တိုင်းမွှေး

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ