Author's Profile Photo

Lwin

27/05/2025

Book Review

1 min read
Book Review
General Knowledge
History
Book Review's photo

လူပါးဝတယ်-သာဓု

ဆရာသာဓုရဲ့'အတာ' ဆိုတဲ့ ဝတ္ထုလေးဖတ်ပြီး မျက်ရည်ဝဲခဲ့ဖူးတယ်။ အခု ဆရာ သာဓုရဲ့ 'လူပါးဝသည်' စာအုပ်လေးကကော ဘယ်လိုလေးပါလိမ့်ဆိုပြီး သိချင်စိတ်ပြင်းပြင်းနဲ့ ဖတ်ကြည့်မိတယ်။


ဆရာ့အထ္ထုပ္ပတ္တိလို အပြည့်အစုံမပါဝင်ပေမယ့် ဆရာ့အကြောင်းအရာတော်တော်များများ ပါဝင်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ရတာကို တွေ့ရပါတယ်။ ဆရာကိုယ်တိုင်ကလည်း သာဓု ဘဝအကွေ့မှာ တွေ့ရ၊ ကြုံရ၊ လူပါးဝခဲ့တာတွေကို ရည်ရွယ်ရေးသားထားတဲ့ စာအုပ်လို့ပြောထားပါတယ်။ ဒါ့ကြောင့် ဝတ္ထုဆိုတာထက် အပိုင်းလေးတွေနဲ့ ရေးသားထားတာကို ဖတ်ရမှာဖြစ်ပါတယ်။ အချိန်ကာလအားဖြင့် လွတ်လပ်ရေးမရခင်နဲ့ လွတ်လေးရေးရပြီး ကာလတွေဖြစ်တာကို စာအုပ်ပါ အကြောင်းအရာတွေနဲ့လည်း သိနိုင်ပါတယ်။


"မဟုတ်မခံစိတ်ရှိသူဟာ ရန်သူပေါတယ်။
မှန်ရာကို ဒဲ့ဒိုးပြောလို့ အမုန်းခံရတယ်ဆိုရင်...
အဲဒါ...သာဓုအဖို့ အရသာပဲ။” ဆိုတဲ့အတိုင်း အမှန်တရား၊ ညီမျှမှုကိုသာ လိုလားတဲ့ ဆရာက မညီမျှမှုတွေနဲ့ ကြုံရတဲ့အခါ တည့်တိုးပြောတက်ပြီး ကိုယ့်အိတ်ထဲက ငွေစိုက်ပြီး တရားရုံးထိတတ်တက်သော သူမျိုး ​ဖြစ်ပါတယ်။


သာဓု 'လူပါးဝသည်' ဆိုသည်မှာ မဟုတ်လျှင် မခံ၊ သေးသေးတင် မခံတက်သော သခင်ဖေသန်း(ခေါ်) ဆရာသာဓုနဲ့ ပက်သက်မိသော နိုင်ငံရေးခေါင်းဆောင်အချို့နဲ့ ဝန်ကြီးအချို့က ခံရပါများ၍ သာဓု လူပါးဝသည် ဟူ၍ပင် ပြောစမှတ်တွင်ခဲ့သည်အထိ ဖြစ်ခဲ့ပါတယ်။


ဆရာ့ရဲ့ အတွေးအမြင်၊ ပြောဟန်၊ ဆိုဟန်တွေက တည်ကြည်ပြတ်သွားလွန်းလှသည်။ ကျွန်မအနေနဲ့ ဆရာ့စာအုပ်ဖတ်ရင်း လွတ်လပ်ရေးကာလအတွင်း လုပ်ငန်း၊ဋ္ဌာနစီမံမှုတွေနဲ့အတူ လူ့သဘောမနောများပါ နားလည်သိရှိပြီး ပစ္စုပ္ပန်နဲ့ အတိတ်ကို ချိန်ညှိစဥ်းစားမိသည်။ ဟာသစာအုပ်လို့ပြောမရပေမယ့် တစ်ခါတစ်ခါ သဘောကျလွန်းလို့ ထရယ်မိတဲ့အထိ ဖြစ်ရတာကြောင့် စိတ်ဝင်စားဖို့လည်း ကောင်းတဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။


သာဓု 'လူပါးဝသည်' စာအုပ်လေးကိုဖတ်ကြည့်ပြီး မသိသေးသော၊ မတွေးမိသော၊ အကြောင်းအရာအဖြစ်အပျက်များကို သိရှိပြီးတွေးမိကြမည်မှာ ဧကန်ဖြစ်ပါသည်။ ကျွန်မအနေနဲ့ ဤမျှလောက်သာ ရေးပါရစေ...သေချာသိချင်ရင်တော့ ဖတ်ကြည့်ဖို့ recommend ပေးပါရစေ​။ေ

#လူပါးဝသည်
#သာဓု
#Lwin
#Review

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ