Author's Profile Photo

Saung

6/04/2024

တန်ခူးအလာသင်္ကြန်အခါ ?? မြန်မာတို့ရိုးရာ

2 mins read
General Knowledge
Culture
တန်ခူးအလာသင်္ကြန်အခါ ?? မြန်မာတို့ရိုးရာ's photo

?? မြန်မာတို့ရဲ့ဧပြီလ 

ကမ္ဘာ့ဆယ့်နှစ်လရာသီကို ဒီဇင်ဘာလမှာနှစ်သစ်ကူးရင် မြန်မာတို့ရဲ့ဆယ့်နှစ်လရာသီကိုတော့ ဧပြီလမှာ နှစ်သစ်ကူးပါတယ်။ ဧပြီလ‌ရောက်ပြီဆိုရင် မြန်မာတို့ရဲ့အတာ ရေသဘင်ပွဲတော်ကဆီးကြို‌နေပါတယ်။ အတာရေသဘင်ပွဲတော် သို့မဟုတ် သင်္ကြန်ဆိုတာ မြန်မာသက္ကရာဇ်အရ တပေါင်းလကုန်ပြီး နှစ်သစ်ကူးတန်ခူးလသို့ကူးပြောင်း‌တဲ့အချိန်အခါပဲဖြစ်ပါတယ်။

?? မြန်မာတန်ခူးလ နှစ်သစ်ကူးကြပုံ

မြန်မာ့နှစ်သစ်ကူးရောက်တဲ့အခါ ရိုးရာဓလေ့ထုံးစံများအတိုင်း သင်္ကြန်မဏ္ဍပ်များတည်ဆောက်ပြီး ရေပက်ဖျန်းခြင်း၊ အဆိုအကများ၊ မြန်မာ့ရိုးရာယိမ်းအကများ၊ အလှယာဉ်များတန်းစီလှည့်လည်ဖျော်ဖြေကြခြင်း စသဖြင့် ရောင်စုံမြူးတူးဖွယ်ရာ မြင်ကွင်းများက ယနေ့ထိတိုင်အသက်ဝင်လျက်ရှိပါတယ်။

?? သင်္ကြန်အခါနွေရာသီ ဘာလို့‌ရေကစားကြသနည်း

သင်္ကြန်ရေပက်ကစားခြင်းဆိုတာ နွေရာသီအပူဒဏ်ကို  လျော့ကျစေအောင် အေးမြသောသင်္ကြန်ရေဖြင့် ပက်ဖျန်းပေးခြင်းဟာ မြန်မာတွေအတွက် နှစ်ဟောင်းကအညစ်အကြေးတွေကိုဆေးကြောလိုက်ခြင်းကို ဆိုလိုပါတယ်။ ‌ပက်ဖျန်းလိုက်တဲ့သင်္ကြန်ရေလိုမျိုး အေးမြ‌စေလိုခြင်း၊ တိုင်းရင်းသားပြည်သူအားလုံးစည်းလုံးညီညွှတ်ချစ်ခင်စေလိုတဲ့သဘောလည်းသက်ရောက်ပါတယ်။

?? မြန်မာတို့ရဲ့‌စေတနာ၊ သဒ္ဒါတရားထက်သန်မှု

သင်္ကြန်ကာလအတွင်းမှာ စတုဒီသာကျွေးခြင်း၊ သင်္ကြန်ထမင်းကျွေးခြင်းအပြင် မုန့်လုံး‌ရေပေါ်၊ ပေါင်မုန့်အုန်းနို့ဆမ်းတို့လို ရိုးရာမုန့်မျိုးစုံများပြုလုပ်ကာ လှူဒါန်းကျွေးမွေးခြင်းတို့မှာ မြန်မာတို့ရဲ့သဒ္ဒါတရားထက်သန်မှုနဲ့ မွန်မြတ်သောစိတ်ထားကိုဖော်ပြပေးလျက်ရှိနေပါတယ်။

?? ဗုဒ္ဓဘာသာနှစ်သစ်ကူးအခါ ကုသိုလ်အစဉ်အလာ

နောက်ပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့အညီ ကုသိုလ်အထူးဆောင်ရွက်ကြပုံတွေကိုပါ မြင်တွေ့နိုင်ပါသေးတယ်။ စေတီပုထိုးများ၊ ဗုဒ္ဓရုပ်ပွားတော်များကို ရေသပ္ပါယ်ခြင်း၊ သန့်စင်ပေးခြင်း၊ လူကြီးဘိုးဘွား‌များက တရားစခန်းဝင်ကာ တရားအားထုတ်ကြခြင်းအပြင် ကလေးလူငယ်အသက်အရွယ်များက သက်ကြီးရွယ်အိုများကို ခြေသည်းလက်သည်းညှပ်ပေးခြင်း၊ ဦးခေါင်းဆေးပေးခြင်း၊ သပြေခက်ကလေးများကို နံ့သာရေဆွတ်ကာပက်ဖျန်းပေးခြင်းတို့မှလည်း ဝေယျာဝစ္စကုသိုလ်အထူးထူးကို ယူဆောင်ကြပါတယ်။

?? ပွဲတော်ပြီးနောက်‌တစ်နေ့ နှစ်ဆန်းတစ်ရက်ဓလေ့

သတ်မှတ်ထားတဲဲ့သင်္ကြန်ပွဲ‌တော်ရက်များအနေနဲ့ အကြို အကျ၊ အကြတ်၊ အတက်နေ့များအပြီး နှစ်ဆန်းတစ်ရက်နေ့သို့ရောက်ရှိချိန်မှာတော့ မြန်မာတစ်နိုင်ငံလုံးမှရပ်ကွက်ကျေးရွာတွေမှာ ပရိတ်တရားနာရွတ်ဖတ်ပွဲများကို ဆောင်ရွက်ကျင်းပကြလေ့ရှိပါတယ်။ ဒီဓလေ့ဟာ နှစ်သစ်ကို ကောင်းမှုကုသိုလ်တို့နဲ့စတင်စေပြီး တစ်နှစ်ပတ်လုံးကံကောင်းမှုများ ရရှိစေလိုတဲ့အ‌ကြောင်းရင်းပင်ဖြစ်ပါတယ်။ 

✨? " တန်ခူးပန်း မခူးစမ်းရဲပေမဲ့ ရွှေလိုအဝင်း နေရောင်အဆင်းနဲ့ တင့်တယ်သော်၊ ဧပြီလရဲ့ မြန်မာသင်္ကြန်ပိတောက်ပန်း ပျိုမေတို့နားထင်မှာ‌တော့ ဆင်မြန်းနိုင်တယ်လေ " သင်္ကြန်ဆိုတာနဲ့ မပါမဖြစ်ပိတောက်ရွှေဝါပန်းတွေက မြန်မာတို့ရဲ့မဟာရေသဘင်ပွဲတော်ကို အလှတိုးနေ‌စေခြင်းကို မျက်ဝါးထင်ထင်ရှုစားနိုင်ပါတယ်။

?? ရှေးယခင်တုန်းက သင်္ကြန်ပွဲတော်ဆင်နွှဲပုံ

ယခင် အတာရေသဘင်သင်္ကြန်ပွဲတော်ကျင်းပုံမှာဆိုရင်တော့ နန်းတော်အတွင်းမှ အဆံမပါတဲ့အမြောက်သံပေးပြီး မဟာသင်္ကြန်ကျပြီဖြစ်ကြောင်း အသိပေးတာကစလို့မြန်မာမင်းတို့ခေတ်အဆက်ဆက်မှ ရိုးရာမပျက်ကျင်းပလာခဲ့တာဟာ ယနေ့ထိတိုင်ပါပဲ။

သင်္ကြန်ပွဲတော်အကြောင်းကို ကျောက်စာတွေ၊ မော်ကွန်းတွေမှာသာမက ရှေးဟောင်းမြန်မာသမိုင်းကျမ်းတွေအထိပါ ရေးထိုးထားသည်အထိ သင်္ကြန်ဆိုတာ မြန်မာတို့ရဲ့ ထူးခြားလေးနက်တဲ့ပွဲတော်တစ်ခုပင်ဖြစ်ကြောင်း သိရှိနိုင်ပါတယ်။ 
 
?? ရိုးရာပုံပြင်ဇာတ်လမ်းတွေမှ သင်္ကြန်ပွဲတော်ဖြစ်ပေါ်လာပုံ
 
တစ်ခါတုန်းက ဗြဟ္မာမင်းနဲ့ သိကြားမင်းရဲ့စစ်ခင်းပွဲမှာ ဗြဟ္မာမင်းအရေးနိမ့်ခဲ့ရာ သိကြားမင်းလက်ချက်နဲ့ ခေါင်းအဖြတ်ခံခဲ့ရပါတယ်။ ဦးခေါင်းပြတ်ကို အဝေးတစ်နေရာသို့လွှင့်ပစ်ရန်ကြိုးစားပေမဲ့ ဗြဟ္မာမင်းရဲ့တန်ခိုးအရှိန်အဝါမကုန်သေးတာကို သိကြားမင်းကိုယ်တိုင် သိမြင်လိုက်ရပါတယ်။

ဗြဟ္မာမင်းတန်ခိုးအစွမ်းကျန်ရှိနေခြင်းရဲ့အကျိုးဆက်ဟာ အကယ်၍ သူ့ဦးခေါင်းကျတဲ့နေရာ အရပ်‌ဒေသမှာ ဘေးဒုက္ခအန္တရာယ်ဆိုး‌တွေကျရောက်လိမ့်မယ်ဆိုတာကို သိကြားမင်းကိုယ်တိုင် ခံစားသိရှိမိလို့ပါပဲ။

ဒါကြောင့် သိကြားမင်းဟာ နတ်မင်းတွေကို ကိုယ်စီအလှည့်ကျ ဦးခေါင်းကိုကိုင်ဆောင်ဖို့ တာဝန်ပေးခဲ့ပါတော့တယ်။ အဲဒီလိုနတ်မင်းတွေ ဗြဟ္မာမင်းဦးခေါင်းအလှည့်‌ပြောင်းကိုင်ဆောင်တဲ့အချိန်အား သင်္ကြန်ပွဲတော်အဖြစ် ကျင်းပလိုက်တဲ့ အကြောင်းကိုရိုးရာပုံပြင်တွေမှတဆင့် ဖတ်ရှုလေ့လာမိပါတယ်။

✨ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ဟာ ရှေးယခင်ဘိုးဘွားများက လက်ဆင့်ကမ်းရိုးရာမပျက် ကျင်းပလာကြပြီး ယနေ့ထိတိုင် ဆက်လက်ကျင်းပနေစဲဖြစ်တဲ့အတွက် ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းရမှာက နောင်လာနောင်သားတိုင်းရဲ့တာဝန်ဖြစ်ပါတယ်။

? မြန်မာ့ဆယ်နှစ်လရာသီပွဲတော်တွေထဲမှာ တစ်နှစ်တစ်ခါကျင်းပကြရင် မြန်မာလူမျိုးတွေအတွက် ပျော်ရွှင်ကြည်နူးရဆုံးဖြစ်တဲ့ သင်္ကြန်ပွဲတော်အကြောင်းလေးကို မမေ့မလျော့ကာဖြင့် ရေးသားမျှဝေလိုက်ရပါတယ်။

#andrea
#tiaik
#thisisalliknow
#maharthingyan
#myanmarnewyear
#apriltagu
#knowledgesharing

Keep Reading

မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းတစ်မိတ်ဆွေမှရန်သူဖြစ်သွားခြင်းစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးနှစ်ခါပြန်မကြည့်ရဲတဲ့ရုပ်ရှင်စိတ်ရှည်ပါ။Ernest Hemingway ဘဝဟာသများစပါတာကပ်စ်ကျဆုံးခန်းUC Berkeley တက္ကသိုလ်ရဲ့ ကွန်ပျူတာသိပ္ပံ ပါမောက္ခ Ion Stoica ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်ပျော်စရာနေ့