Author's Profile Photo

လေပြေညင်း

20/05/2025

ပန်းကြာဝတ်မှုံ - ခင်ခင်ထူး

1 min read
Book Review

ဆရာမ ခင်ခင်ထူးရဲ့ မအိမ်ကံဖတ်ပြီးနောက် မအိမ်ကံ mood တွေဝင်ခဲ့ရသလို ဒီတစ်ခေါက် ပန်းကြာဝတ်မှုံမှာလဲ ပန်းကြာဝတ်မှုံရဲ့ ရနံ့တွေ စွတ်ပျံနေခဲ့ပြန်ပါပြီ။
ဝတ္တု‌တွေအပေါ်မှာ စီးမျောမှုဟာ ရုပ်ရှင်တကားအပေါ် စီးမျောမှုနဲ့ တစ်မျိုးတဖုံကွဲပြားတယ်ဆိုတာ စာချစ်သူတိုင်းသိကြမှာပါ။ သို့ကလိုပါပဲ... ပန်းကြာဝတ်မှုံရဲ့ ရနံ့နဲ့ မန္တလေးတက္ကသိုလ်ကြီးဟာ ကျွန်မရဲ့တက္ကသိုလ်ဖြစ်ခဲ့ရပြီး မြင်းခြံမြို့ကလေးဟာ ကျွန်မရဲ့ ဇာတိဖြစ်ခဲ့ရပြန်တယ်။ ရွှေမန်းဆောင်ကလေးနဲ့ သီရိမေတို့ သူငယ်ချင်းတသိုက် စုံနေကြ တမင်ပင်တန်းအောက်က ခုံတန်းကလေးကိုလဲ မေ့မှာမဟုတ်သလို စိန်ပန်းနီနီ၊ မြင်းခြံလက်ဖက်သုပ် နဲ့ လရောင်တွေမြင်ရင်လဲ သတိရပြန်ရော့‌ မယ်။ "ဪ....1980 ခုနှစ်ကာလကလေးက ကျွန်မကိုဖမ်းစားခဲ့ပါပြီလား။" ဆရာမခင်ခင်ထူးရဲ့ စကားလုံးပန်းချီပုံဖော်မှုတွေမှာ အညို့ခံလိုက်ရတဲ့လူတစ်ယောက်လို ပန်းကြာဝတ်မှုံအပေါ်မှာ စီးမျောခံစားခဲ့ရတယ်။ သီရိမေနဲ့‌ အောင် တို့ရဲ့ သူငယ်ချင်းတသိုက် ဟာ ကျွန်မအတွက် အခံစားရဆုံးသော ပျော်ရွှင်မှုလေးပေါ့။ ပန်းကြာဝတ်မှုံရဲ့ ကျေးဇူးနဲ့ တက္ကသိုလ်ကျောင်းသားဘဝဟာ ဘဝတစ်လျှောက်လုံး နှမြောသတ လွမ်းနေရမဲ့ဘဝ၊ တကျော့ပြန်လိုက်တိုင်း ငယ်မူပြန်ရမဲ့ဘဝ၊ နှစ်ခါပြန်မရနိုင်တဲ့ဘဝမှန်း ရင်နဲ့ထပ်တူခံစားကာ သိခဲ့ရပါတယ်။ ဘဝဟာ စိတ်ကူးနဲ့တခြားဆိုတာလဲ ရင်နာနာသိခဲ့ရသလို ငယ်ချစ်ဦးနဲ့ ကွဲကွာရတဲ့အဖြစ်၊ ဖြစ်ချင်တိုင်းမဖြစ်ရပဲ မဖြစ်ချင်တိုင်း ဖြစ်ရတဲ့ဘဝတွေကိုလဲ စာနာမိခဲ့ပြန်တယ်။ ဘာပဲဖြစ်ဖြစ် တက္ကသိုလ်ဘဝရဲ့ လှပမှုတွေကို ခံစားနိုင်အောင် မျှဝေပေးခဲ့တဲ့ ဆရာမ ခင်ခင်ထူးကို ကျေးဇူးတင်လျှက်ပါ.....

"လွမ်းနေပါရစေ....မောင့်သီရိမေရေ...."

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ