Nanda
သတိမေ့တာ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ နားလည်သဘောပေါက်နိုင်စွမ်းတွေ တစ်ဖြည်းဖြည်းလျော့ကျလာတာကို Dementia ( မှတ်ဉာဏ်လျော့ပါးလာခြင်းရောဂါ) လို့ခေါ်ပါတယ်
🧠 ဘာကြောင့် မှတ်ဉာဏ်လျော့လာတာလဲ❓
ကျွန်တော်တို့ဦးနှောက်ထဲရှိ အာရုံကြောဆဲလ်တွေဟာ အလုပ်မလုပ်တော့ဘဲ တခြားသောဦးနှောက်ဆဲလ်တွေနဲ့လည်း ဆက်သွယ်မှုပြတ်တောက်လာတာကြောင့်ပါ
ဒီရောဂါဟာ အသက်ကြီးတဲ့သူတွေမှာသာမက အသက်ငယ်တဲ့သူတွေဆီမှာပါ ဖြစ်တတ်ပါတယ်။
🧠 Dementia ရဲ့ လက္ခဏာများ
✅ သတိမေ့ခြင်း၊ ဆုံးဖြတ်ချက်မချနိုင်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်း
✅ စကားပြောခြင်း၊ စာဖတ်ခြင်းနှင့် စာရေးခြင်းတွင် ခက်ခဲခြင်း
✅ နားမလည်နိုင်သောကြောင့် ထပ်တလဲလဲ မေးခွန်းများမေးခြင်း
✅ အမြင်မှားခြင်း
✅ ပုံမှန်နေ့စဥ်အလုပ်များပြီးမြောက်ရန် အချိန်ပိုကြာနေခြင်း (သို့) စိတ်ဝင်စားမှုလျော့နည်းလာခြင်း
✅ စိတ်မြန်လက်မြန် ပြုမူခြင်း
✅ အခြားသူများ၏ခံစားချက်ကို ဂရုမစိုက်ခြင်း
✅ ရင်းနှီးနေသော အရာဝတ္ထုများကို ရည်ညွှန်းရန် ပုံမှန်မဟုတ်သော စကားလုံးများကို အသုံးပြုခြင်း
✅ ခန္ဓာကိုယ်လှုပ်ရှားမှုတွေ ဟန်ချက်ပျက်ခြင်း
Dementia ဟာ အပျော့စားကနေ အပြင်းစားအထိ အဆင့်ဆင့်ရှိပါတယ်။
😥 အပျော့စားဖြစ်တယ်ဆိုရင် ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေအပေါ်မှာပဲ အနှောင့်အယှက်ရှိပေမယ့်
😓 အပြင်းစားဖြစ်တဲ့အခါမှာတော့ အခြေခံလုပ်ဆောင်မှုများကို အခြားသူများအပေါ် မှီခိုရတဲ့အထိ ဖြစ်လာနိုင်ပါတယ်
မိမိကိုယ်တိုင် Dementia ကို ကုသဖို့အကောင်းဆုံးနည်းဟာ တရားထိုင်ခြင်းဖြစ်ပြီး အကယ်၍ မထိန်းချုပ်နိုင်ခဲ့သော် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွင် အချိန်မှီ ပြသဖို့လိုအပ်ပါတယ်နော်‼️
Keep Reading