Nanda
အူမကြီးကင်ဆာ ဆိုတာ အစာချေစနစ်ရဲ့ အောက်ပိုင်းရှိ အူမကြီးတွင် ဖြစ်တဲ့ ကင်ဆာ တစ်မျိုး ဖြစ်ပြီး ကမ္ဘာပေါ်တွင် တတိယအဖြစ်အများဆုံး ကင်ဆာ ရောဂါတစ်မျိုး ဖြစ်ပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့
အူမကြီးကင်ဆာ ဖြစ်ပွားလျှင် ဝမ်းသွားသည့် အမူအကျင့်များ ပြောင်းလဲလာပြီး-
- မကြာခဏ ဝမ်းချုပ်ခြင်း
- ဝမ်းပျက်ခြင်း
- ဝမ်းထဲတွင် ချွဲ၊ သွေးပါခြင်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။
အခြားလက္ခဏာတွေအနေနဲ့
- ဗိုက်အောင့်ခြင်း၊ နာခြင်း
- နာတာရှည် လေမလည်ခြင်း၊ ဗိုက်တင်းခြင်း
- မကြာခဏ အန်ခြင်း
- ဝမ်းဗိုက်တွင် အလုံးအကျိတ် စမ်းမိခြင်း
- သွေးအားနည်းခြင်း
- အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန် ကျဆင်းသွားခြင်း
- ပင်ပန်းအားနည်းခြင်း စတဲ့လက္ခဏာများ ဖြစ်နိုင်ပါတယ်။
ဘယ်လိုလူတွေမှာ အဖြစ်များလဲ ?
အသက် (၅၀)ကျော် လူကြီးပိုင်းတွင် အများဆုံး ဖြစ်ပွါးပြီး
- ကင်ဆာမျိုးရိုး ရှိသူများ
- အပူ၊ အစပ်နှင့် အကင် အစားများသူများ
- ဝမ်း အမြဲချုပ်တတ်သူများ
- ဆေးလိပ် သောက်သူများ
- အဝလွန်သူများ
- အရက် သောက်သုံးသူများ နှင့်
- ဆီးချိုအမျိုးစား (၂) ဖြစ်ပွားသူများတွင် အဖြစ်များလေ့ရှိပါတယ်။
အူမကြီးကင်ဆာသည် သွေးပြန်ကြောမှတစ်ဆင့် အသည်း၊ အဆုတ်၊ ဦးနှောက်၊ အရိုးများနှင့် အခြား ကိုယ်အင်္ဂါ အစိတ်အပိုင်းများသို့ ပျံ့နှံ့ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။
အူမကြီးကင်ဆာဆိုတာ ရောဂါနုစဉ် စောစီးစွာသိရှိပြီး ထိရောက်စွာကုသနိုင်ပါက ပျောက်ကင်းနိုင်သည့် ရောဂါတစ်ခုဖြစ်ပါတယ်။
ဒါကြောင့် ကြိုတင်ကာကွယ်နိုင်ရန်နှင့် စောစီးစွာ သိရှိကုသနိုင်ရန် အသက် (၅၀)ကျော်သူများနှင့် အထက်ပါ အူမကြီးကင်ဆာ ဖြစ်နိုင်ချေရှိသူများအနေနဲ့
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင် အသေးစိတ်ရယူခြင်း၊ လူကိုယ်တိုင် စမ်းသပ်စစ်ဆေးခြင်းများအပြင်
🩺ဝမ်းဗိုက် အာထရာဆောင်း/CT /MRI /PET Scan ရိုက်ခြင်း
🩺အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း (Colonoscopy)
🩺အသားစယူ စစ်ဆေးခြင်း (Biopsy)
🩺ဝမ်းထဲရှိ သွေးကို စစ်ဆေးခြင်း (FIT Test)
တို့ကို ပြုလုပ်စစ်ဆေးရပါမယ်။
Keep Reading