Author's Profile Photo

Nanda

8/05/2025

ညဘက်တွေမှာ “အိပ်မပျော်လို့ ဖုန်းသုံးလေ…ပိုပြီးအိပ်မပျော်လေ” ဖြစ်တယ်ဆိုတာ ဖုန်းကထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကြောင့်ဆိုတာ သင်သိပါသလား❓

1 min read
Health
Medical

“ဖုန်းကထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေဟာ ဦးနှောက်ကင်ဆာဖြစ်နှုန်းကို တိုးစေပါတယ်”

ဒါကို ၂၀၁၆ ခုနှစ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး -

WHO ကလည်း လျှပ်စစ်သံလိုက်လှိုင်းတွေကို လူတွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ 2B carcinogen လို့ မှတ်ချက်ပေးထားပါသေးတယ်

ကျွန်တော်တို့ ခန္ဓာကိုယ်ကလည်း ဒီလျှပ်စစ်သံလိုက်လှိုင်းကို စုပ်ယူလေ့ရှိတာကြောင့်

🔹 စိတ်ကျရောဂါ
🔹 အိပ်မပျော်ခြင်း
🔹 မျိုးမအောင်ခြင်း
🔹 နှလုံးရောဂါနဲ့
🔹 သွေးတိုးရောဂါတွေကိုပါ ဖြစ်နိုင်ပါတယ်

နောက်ထပ် ဖုန်းသုံးခြင်းအလေ့အထနဲ့ပတ်သတ်ပြီး ကျန်းမာရေးအပေါ် သက်ရောက်မှုရှိနိုင်တာကတော့

▶️ ဖုန်းအကြာကြီးပြောတဲ့သူတွေမှာ သိုင်းရိုက်ဟော်မုန်းအပြောင်းအလဲရှိတယ်

▶️ ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲထည့်တဲ့အခါ သုတ်ပိုးသေဆုံးမှု (၃)ဆမြင့်တက်ပြီး မျိုးပွါးခြင်းကို ထိခိုက်စေတယ်

▶️ Screening Time များတဲ့အခါ မှတ်ဥာဏ်အားနည်းမှုကိုဖြစ်စေတယ်

▶️ အမြင်အာရုံကိုပါ ထိခိုက်စေတဲ့အပြင်

▶️ စိတ်ဖိစီးမှု (stress level) ကိုပါ မြှင့်တက်စေပါတယ်

ဒီအချက်တွေဟာ အသက်ကြီးကြီး၊ ငယ်ငယ်၊ ဖုန်းအသုံးများတဲ့ဘယ်သူမဆို ဖြစ်လာနိုင်တာမို့

✅ screen time ကိုလျှော့ပါ
✅ ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲမထည့်ပါနဲ့
✅ နားကို ဖုန်းနဲ့ တစ်လက်မ ခွါပြီး ဖုန်းပြောပါ
✅ ဖုန်းကို ကလေးတွေနဲ့ ဝေးဝေးထားပါ

Keep Reading

🤰ကိုယ်ဝန်ဆောင်မေမေတို့ ဖတ်ဖို့လူကြီး၊ လူငယ်မရွေး ဖြစ်တတ်တဲ့ မှတ်ဥာဏ်လျော့ပါးခြင်းရောဂါ (Dementia)ညဘက်တွေမှာ “အိပ်မပျော်လို့ ဖုန်းသုံးလေ…ပိုပြီးအိပ်မပျော်လေ” ဖြစ်တယ်ဆိုတာ ဖုန်းကထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကြောင့်ဆိုတာ သင်သိပါသလား❓အမြဲလိုလို ချွေးထွက်နေတတ်တဲ့လက်ဖဝါးတွေ သင့်မှာရှိနေပြီလား💭 ကိုယ့်စိတ်က ပျော်နေတဲ့အခါ ခန္ဓာကိုယ်က ဒီဟော်မုန်း(၄)ခုကို ထုတ်ပါတယ် … စိတ်မပျော်တဲ့အခါမှာလည်း ဒီဟော်မုန်းတွေထွက်အောင် လုပ်ယူလို့ရပါတယ်အူမကြီးကင်ဆာကို လျှော့မတွက်ပါနဲ့…ဖားပြုပ်အဆိပ်အရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?မှန်ကန်စွာ သင့်စွမ်းအင်ကိုစီမံခန့်ခွဲပြီး အောင်မြင်မှုကိုရယူလိုက်ပါ