Author's Profile Photo

KAUNG SAN

28/04/2025

အမြဲလိုလို ချွေးထွက်နေတတ်တဲ့လက်ဖဝါးတွေ သင့်မှာရှိနေပြီလား

1 min read
Health
General Knowledge
Medical
အမြဲလိုလို ချွေးထွက်နေတတ်တဲ့လက်ဖဝါးတွေ သင့်မှာရှိနေပြီလား's photo




Palmar Hyperhidrosis အကြောင်း နည်းနည်း ပြောကြရအောင်

Palmar Hyperhidrosis ဆိုတာဘာလဲ



Palmar Hyperhidrosis ဆိုတာ ရှင်းရှင်းပြောရရင် လက်ဖဝါးမှာ ချွေးထွက်တဲ့ ဆေးပညာဆိုင်ရာအခြေအနေတစ်ခု ရောဂါလက္ခဏာတစ်ခု ဖြစ်ပါတယ်။
ပုံမှန်လူတွေလည်း လက်ဖဝါးမှာ ချွေးထွက်တတ်ကြပါတယ်။
Palmar Hyperhidrosis မှာတော့ ချွေးထွက်တဲ့ဂလင်းတွေက ပုံမှန် ထက်ပိုပြီး အလုပ်လုပ်နေတာမျိုးကြောင့် ချွေးပိုထွက်ရခြင်းဖြစ်ပါတယ်။


ဘယ်လိုလူတွေမှာ Palmar Hyperhidrosis ဖြစ်တတ်သလဲ



လူမျိုးဘာသာ ယောက်ျားမိန်းမ မရွေး အကုန်ဖြစ်တတ်ပါတယ်။
ငယ်ရွယ်စဉ် ဆယ်ကျော်သက်ဘဝ ကတည်းက ရောဂါလက္ခဏာ စပြတတ်ပါတယ်။
မိသားစု မှာ palmar Hyperhidrosis ဖြစ်တဲ့ မိသားစုဝင်ရှိရင် ကိုယ့်မှာလည်း ဖြစ်တတ်ပါသေးတယ်။ မျိုးရိုးလိုက်တတ်တဲ့ သဘောပေါ့ ။

Palmar Hyperhidrosis ကို ကုသလို့ရလား


ကုသလို့ ရပါတယ်
ချွေးထွက်သက်သာစေတဲ့ လိုးရှင်းလူးခြင်း၊
ဆေးသောက်ခြင်း၊ Iontophoresis လို့ခေါ်တဲ့ လျပ်စီးပါးပါးပြေးနေတဲ့ရေထဲ လက်စိမ်ထားရတဲ့နည်းလမ်းနဲ့ကုသခြင်း၊Botoxထိုးခြင်း နှင့် အရမ်းပြင်းထန်တဲ့ အခါသုံးတဲ့ ETS ခေါ် Endoscopic Thoracic Sympathetomy ဆိုတဲ့ ခွဲစိတ်ကုသခြင်း တို့နှင့် ကုသလို့ရပါတယ်။
(အသေးစိတ်Linkကို ထည့်ပေးထားပါမယ်)

သင်တစ်ယောက်ထဲ မဟုတ်ပါဘူး

သန်းနှင့်ချီတဲ့လူတွေက palmar Hyperhidrosis ဖြစ်နေကြပါတယ် အချို့ဆို သူတို့ကိုယ်တိုင်တောင် မသိကြပါဘူး။
စိတ်လှုပ်ရှားလို့ ချွေးပြန်တယ်ပဲ ထင်နေကြတုန်းပါ။ 
လက်ဖဝါးမှာ ချွေးအလွန်အကျွံထွက်ခြင်းက သင့်ရဲ့နေ့စဉ်ဘဝကို ထိခိုက်တဲ့အထိ သက်ရောက်မှုရှိနေပြီဆိုရင်တော့ မပေါ့သင့်ပါဘူး။ 
တတ်ကျွမ်းတဲ့ ဆရာဝန်ထံ သွားပြသင့်ပါတယ်။ 
ချွေးထွက်တာက ရှက်စရာ မဟုတ်ပါ။

အချုပ်အနေနဲ့ ဆိုရရင် palmar Hyperhidrosis ဖြစ်တာက ထူးဆန်းတဲ့ရောဂါ ဖြစ်နေတာ မဟုတ်ပါဘူး။
ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာပါပဲ။
ကုသလို့လည်း ရတာကြောင့် စိတ်ပူနေစရာမလိုပဲ လက်ခံလိုက်ပါ။


နွေးထွေးကျန်းမာသော နေ့ရက်လေး ပိုင်ဆိုင်ရပါစေ စာဖတ်သူမိတ်ဆွေ…

https://www.bcm.edu/healthcare/specialties/dermatology/excessive-sweating-options/sweaty-palms-treatment

https://t.me/+OAIXS8y53p5kODVl
Palmar Hyperhidrosis နှင့် ပက်သက်တဲ့ youtube video linkလေးတွေလည်း ဒီမှာ shareပေးထားပါမယ်

Keep Reading

အထိုင်များသူများအတွက် Posture များနည်းပညာရဲ့ကျွေးကျွန်များ ဖြစ်လာနေပြီလားစိတ်အပန်းပြေစေမယ့် စာအုပ်ကောင်းလေးများDoorway Effectသင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?မပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။