Author's Profile Photo

Thar Htoo-Be Unique

7/07/2024

Neurocycle ဆိုတာဘာလဲ?

1 min read
Personal Development
Health
General Knowledge

မိမိအနေနဲ့ ဘ၀မှာ တန်ဖိုးတွေ
ပျောက်နေသလိုဖြစ်နေလား?
စိတ်မလုံခြုံသလို၊ ဘ၀မှာသံသယတွေ၊
စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ထွေးပိုက်နေထိုင်
နေရလား?

မဖြစ်လာသေးပေမဲ့ ကြိုတင်ပူလောင်ပြီး
စိတ်ကိုပဲဖိစီးမှုတွေပိုပေးနေမိလား...?
ဒီလို မနှစ်မြို့တဲ့အရာတွေနဲ့ ေ၀းတဲ့နေရာကိုသွားချင်တယ်၊ ဘ၀မှာ ခံစားချက်တွေကိုနိုင်နင်းစွာနဲ့ စီမံခန့်ခွဲလိုချင်တယ်ဆိုရင်တော့ အခုပြောပြမဲ့ Neurocycle က သင့်အတွက်ဖြစ်ပါလိမ့်မယ်နော်...။

Neurocycle ဆိုတာဘာလဲ?

Neurocycle ဆိုတာယေဘုယျအားဖြင့်
စိတ်တွေကိုစီမံခန့်ခွဲမှု၊ စိတ်ကျန်းမာရေးကောင်းမွန်မှု၊ ဦးနှောက်တွေရဲ့လုပ်ဆောင်မှုကို တိုးတက်စေမှု ဖြစ်စေတဲ့ ဖြစ်စဥ်၊ ကျင့်စဥ်တစ်ခုဖြစ်ပါတယ်။

Neurocycle ထဲမှာ မဖြစ်မနေ ပါ၀င်တဲ့အရာ (သို့)အဆင့် (၅)ခု ရှိပါတယ်။

၁။ အချက်အလက်တွေကိုစုဆောင်းတာ (Gather)
မိမိအနေနဲ့ဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက်၊ အတွေးတွေ၊ စိတ်အခြေအနေတွေ၊ အပြုအမူတွေကို သတိကပ်ပြီး ပြန်လည်စုဆောင်းတာမျိုးဖြစ်ပါတယ်။

၂။ ဆင်ခြင်တာ (Reflect)
ကိုယ့်အနေနဲ့ ဘာကြောင့်ဒီလိုမျိုးတွေးနေရလဲ? ပြုမူနေရလဲ? မိမိအနေနဲ့ထိုစိတ်ထဲကဖြစ်ပျက်နေတဲ့အရာတွေကို ဆင်ခြင်ပြီးမေးခွန်းမေးတာ မျိုး
လုပ်ဆောင်ခြင်းဖြစ်တယ်။

၃။ ချရေးခြင်း (Write)
ထို စုဆောင်းထားတဲ့အချက်အလက်နဲ့၊ ဆင်ခြင်မှု တွေကို ဓမ္မဓိဌာန်ကျကျ ပြန်လည်ချရေးပြီး ဆန်းစစ်တာ၊ သုံးသပ်တာမျိုး ေ၀ဖန်ပိုင်းခြားတာမျိုး လုပ်ခြင်းဖြစ်တယ်။

၄။ တဖန်ပြန်စစ်တာ (Recheck)
ဒီအဆင့်ကတော့ ပိုက်စိပ်တိုက်စစ်တာမျိုးဖြစ်တယ်။ အပေါ်အဆင့် (၂) (၃) မှာ မှားယွင်းမှုရှိမရှိ
ဘက်လိုက်မှုရှိမရှိ ထပ်မံစစ်ဆေးခြင်းဖြစ်တယ်။ screening လုပ်သလိုပါ။

(၅) လက်တွေ့လုပ်ဆောင်ပြီး ပြုပြင်ခြင်း (Active Reach)
တနည်းအားဖြင့် မိမိအနေနဲ့ ထိုပြုပြင်သင့်တဲ့အရာတွေကို အထက်ပါလုပ်ဆောင်မှုအဆင့်တွေပြီးတဲ့အခါ စတင်ပြောင်းလဲမှုလုပ်ဆောင်ခြင်းဖြစ်တယ်။အတွေးတွေကိုမှန်ကန်အောင် ပြန်လည်တည့်မတ်တာ၊ ဥပမာ အတွေးလွန်တာတွေကိုပြန်လည်ထိန်းယူတာ၊ အလုပ်မဖြစ်တဲ့ပုံစံတွေကို စတင်ပြီး သတိကပ်စောင့်ကြည့်ကာပုံစံပြောင်းယူတာ စသဖြင့်...လုပ်ဆောင်နိုင်ပါတယ်။

တကယ်တော့ ဒီ neurocycle ဟာ မိမိတို့ရဲ့ဦးနှောက်ရဲ့စွဲထင်နေတဲ့အလုပ်မဖြစ်တဲ့အတွေးတွေ၊အကြံအဆတွေကို ပြန်လည်တည့်မတ်ပေးတာမို့ လူတိုင်း လေ့ကျင့်လုပ်ဆောင်သင့်ပါတယ်။

ဂျာနယ်ချရေးတဲ့အခါမှာလည်း ထည့်သွင်းပေါင်းစပ်နိုင်တဲ့နည်းလမ်းကောင်းတစ်လက်ဖြစ်ပါတယ်ဗျာ။
ဒီ neurocycle လုပ်ခြင်းဟာဦးနှောက်ကို
မှန်ကန်စွာ ပြန်လည် သွယ်တန်းထားစေတာမို့
အလွန်အသုံး ၀င်တဲ့ ကျင့်စဥ်ဖြစ်ပါကြောင်း
တင်ဆက်ပေးလိုက်ပါတယ်။

@followers
B'UNIQ-Coaching
Thar Htoo-Be Unique
Thrive with Be-unique

Keep Reading

သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား - အပိုင်း(၄)သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား အပိုင်း(၁)အမွေအနှစ်လား လံကြုပ်လား အပိုင်းငါးအမွေအနှစ်လား လံကြုပ်လား အပိုင်းလေးသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား - အပိုင်း(၃)စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား-အပိုင်း(၂)အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်အဆန့်အဖျက်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်