SarPhat Official
ယနေ့ Digital ခေတ်မှာ ဖုန်းကြည့်များလာကြတဲ့အပြင် Office work, Freelancing, Content creation စတဲ့ အလုပ်တွေကြောင့် နာရီပေါင်းများစွာ ကွန်ပျူတာ၊ လပ်တော့ရှေ့မှာ အထိုင်များလာကြပါတယ်။
အထိုင်များရုံတင်မကဘဲ ကိုယ်နေဟန်ထား (Posture) မမှန်ကန်တဲ့အခါ ခါးနာတာ၊ ဇက်ကြောတက်တာကနေ ရေရှည်မှာ အရိုးအဆစ်နဲ့ဆိုင်တဲ့ ပြဿနာတွေအထိ ဖြစ်လာနိုင်ပါတယ်။
ဒီလို ပြဿနာတွေကို ကာကွယ်ဖို့ Sarphat ပရိသတ်ကြီးအတွက် ကျန်းမာရေးမထိခိုက်အောင် ထိန်းသိမ်းရမယ့် Posture ကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
အလုပ်လုပ်ရင်းနဲ့ဖြစ်ဖြစ်၊ စာဖတ်ရင်းနဲ့ဖြစ်ဖြစ် ကိုယ့်ရဲ့ခန္ဓာကိုယ်ကို မှန်ကန်တဲ့ အနေအထားမှာ ရှိနေစေဖို့ ဒီအချက် (၆) ချက်ကို ကျင့်သုံးကြည့်ပါ။
၁. ကျောရိုးကို မတ်မတ်ထားပြီး ထိုင်ပါ၊
ကျောကို ခေါင်းမောက်မချိုးဘဲ သဘာဝအတိုင်း တည့်တည့်မတ်မတ်ထားခြင်းက ကျောရိုးပေါ်ဖိအားကို လျှော့ချပေးပါတယ်။
၂. Screen ကို Eye Level နဲ့အညီထားပါ၊
Laptop/Monitor ကို အနည်းငယ်မြှင့်ပြီး မျက်လုံးနဲ့ တန်းညီအောင်ထားပါ။ ခေါင်းကို အမြဲတမ်းငုံ့ထားရင် လည်ပင်းနာလာနိုင်ပါတယ်။
၃. ခြေထောက်ကို ကြမ်းပြင်နှင့်ထိထားပါ၊
Cross leg ထိုင်ခြင်းက သွေးလည်ပတ်မှုကို ဟန့်တားစေသလို တင်ပါးဆုံရိုးကိုလည်း စောင်းသွားစေပါတယ်။ ဒါကြောင့် ခြေထောက်ကို ကြမ်းပြင်ပေါ်အညီချထားခြင်းက ခါးနှင့် ကျောရိုးအောက်ပိုင်းကို နာကျင်ခြင်းမှ သက်သာစေပါတယ်။
၄. ပုခုံးကို လျှော့ထားပါ၊
အလုပ်ကို အာရုံစိုက်နေချိန်မှာ သတိမထားမိဘဲ ပုခုံးတွေ ကုတ်တက်သွားတတ်ပါတယ်။ ဒါကြောင့် Keyboard နဲ့ Mouse အသုံးပြုတဲ့အခါ ပုခုံးကို သက်သောင့်သက်သာဖြစ်အောင် ဖြည်လျှော့ချထားပါ။
၅. အချိန်တိုင်း မထိုင်ဘဲ လှုပ်ရှားနေပါ၊
နာရီ ၁ နာရီလောက် ထိုင်ပြီးတိုင်း ၅-၁၀ မိနစ်လောက် လှုပ်ရှားပေးပါ။ လမ်းလျှောက်ခြင်း၊ Stretching လုပ်ခြင်းတွေက အထိုင်များခြင်းအတွက် အကျိုးရှိပါတယ်။
၆။ ၂၀-၂၀-၂၀ စည်းမျဉ်းကို သုံးပါ၊
ဘယ်လောက်ပဲ Posture ကောင်းကောင်း အကြာကြီး ထိုင်နေတာက မကောင်းပါဘူး။ ဒါကြောင့် မိနစ် ၂၀ တိုင်းမှာ စက္ကန့် ၂၀ ကြာအောင် ပေ ၂၀ အကွာအဝေးကို လှမ်းကြည့်ပြီး ကိုယ်လက်လှုပ်ရှားမှု (Stretching) လေးတွေ လုပ်ပေးပါ။ လည်ပင်း၊ ပခုံး၊ ကျောကို အချိန်တိုင်း Stretch လုပ်ပေးခြင်းကလည်း Muscle tension ကို လျှော့ချပေးပါတယ်။
ကျန်းမာရေးဆိုတာ ငွေနဲ့ဝယ်လို့မရတဲ့ ရတနာတစ်ခုပါ။ ဒါကြောင့် အလုပ်တွေ ဘယ်လောက်ပဲ များနေပါစေ ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ မမေ့ပါနဲ့။ မှန်ကန်တဲ့ Posture တွေနဲ့ အလုပ်လုပ်ခြင်းက အလုပ်ကို ပိုပြီး အာရုံစိုက်နိုင်သလို ညဘက်တွေမှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာ ဖြစ်ပါတယ်။
"လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက်"
Keep Reading