Author's Profile Photo

Noble

8/04/2024

‘Me Time များများပေးပါ’

2 mins read
Life Style
Health


၂၄ နာရီတစ်ရက်မှာ ‘Me Time’ ဆိုတဲ့ ကိုယ်ပိုင်အချိန် ဘယ်နှစ်နာရီလောက် ပေးဖြစ်လဲ?

မိုးလင်းထဲက မနားရဘူး……. စက်ရုပ်လို တရစပ် အလုပ်တွေလုပ်နေရတယ်……. ခေါင်းထဲမှာ အလုပ် တစ်ခုပြီးတစ်ခု ဆက်တိုက်ပေါ်လာတယ်……… သင့်ရဲ့ …တနေ့တာကို ဒီလိုပဲ ကုန်ဆုံးနေရပြီလား…… ဒါဆိုရင် သင့်အတွက် ‘Me Time’ အလွန်နည်းနေပါပြီ

✨ Me Time ဆိုတာ ဘာလဲ?

Me time ဆိုတာ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့၊ self care လုပ်ဖို့ အချိန်ပေးတာပါ။ တခါတလေ ပုံစံခွက်လို ဘဝထဲ ပြေးလွှားနေရင်းနဲ့ ဘဝရဲ့ အဓိပ္ပါယ်မဲ့လာတယ်၊ အကုန်လုံးကို လွှတ်ချချင်လာတယ်…..ဒီလိုဖြစ်ဖူးကြမှာပါ
ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေဖို့ လိုလာပါတယ်။ ကိုယ်ဖြစ်ချင်တာ…. ကိုယ်လုပ်ချင်တာ….. ကိုယ်ဝါသနာပါတာ… ဘာလဲ… အခု လက်ရှိဘဝကရော ကိုယ်တကယ် ဖြစ်ချင်တဲ့ ဆန္ဒနဲ့ ထပ်တူကျရဲ့လား…… ဒါတွေကို ခေါင်းအေးအေးနဲ့ ပြန်စဉ်းစားပေးဖို့….. Me Time အပြည့်အဝ ပေးဖို့ လိုလာပါတယ် ။ Me time ကနေ ကိုယ့်ရဲ့ ကျန်းမာရေး၊ ပျော်ရွှင်မှု နဲ့ motivation ကို ပြန်ယူရပါတယ်။

✨Me Time ဘာလို့ အရေးကြီးလဲ?

Me Time ဆိုတာ လူတိုင်းအတွက် ရှိသင့်ပါတယ်။ ဖာရာရီလမ်းခွဲ စာအုပ်ထဲက ဥပမာအတိုင်းပြောရမယ်ဆိုရင် သင်ဟာ ကားမောင်းနေတာ အချိန်မပေးနိုင်လို့ ဆီမဖြည့် ဘူးဆိုရင် တချိန်ချိန် ဆီကုန်သွားတဲ့အချိန်မှာ ကားကထိုးရပ်သွားမှာ အသေချာပါပဲ။ ဒီလိုပဲ Me Time အလုံအလောက်မရတဲ့အခါမှာ တချိန်ချိန်မှာ အားကုန်ပင်ပန်းပြီး အားလုံးကို လွှတ်ချပစ်ချင်လာပါလိမ့်မယ်။ ဒီလိုမဖြစ်အောင် ကိုယ့်ကိုကိုယ် energy ပြန်ဖြည့်ဖို့ Me Time က အရေးကြီးတာပါ။

✨ Me Time ပေးရင် ဘယ်လိုကောင်းကျိုးရနိုင်လဲ?

လေ့လာမှုတွေအရ တစ်ယောက်ထဲ အချိန်ကုန်ဆုံးရတာ ကြိုက်တဲ့သူတွေဟာ စိတ်ဖိစီးမှုလျော့ပြီး စိတ်အနားရပါတယ်တဲ့။ Solitary Time လို့ခေါ်တဲ့ တစ်ယောက်ထဲရှိ​တဲ့အချိန်မှာ တခြားသူတွေအတွက် စိတ်ပူစရာ သိပ်မလိုပဲ စာအုပ်ဖတ်တာ၊ journaling လုပ်တာ၊ တရားထိုင်တာ လုပ်ပေးမယ်ဆိုရင် စိတ်ကို အေးချမ်းစေပါတယ်။
တခါတလေ Relationship တွေ ရန်ဖြစ်တယ်၊ အလုပ်မှာ အဆင်မပြေဘူး၊ ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျဘူး ဒီလိုတွေ ဖြစ်နေပြီဆိုရင် ကိုယ့်လိုအပ်ချက်တွေ ပြင်ဖို့လိုတာတွေကို ပြန်သုံးသပ်ရပါမယ်။ Me Time မှာ ကိုယ့်လက်ရှိ အခြေအနေ ၊ ကိုယ့်ပေါ်ကောင်းခဲ့တဲ့သူတွေ ၊ စတာတွေကို ကျေးဇူးတင်ပေးဖို့၊ ကိုယ့်ရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ အချိန်ရပါစေ။

✨ Me time ဘယ်လို ပေးမလဲ?

Me Time ဆိုတာ ကိုယ့်ရဲ့ လိုအပ်ချက်ကို ဖြည့်ရတာဆိုတော့ ကိုယ် ဘာလိုလဲဆိုတာ အရင် စဉ်းစားရပါမယ်။ တကယ်တော့ ဖြစ်ချင်တာ လိုချင်တာတွေ စိတ်ထဲမှာ ရှိပြီးသား မလုပ်ဖြစ်ကြတာပဲ ရှိနေတာပါ​။ လိုအပ်ချက်က တော့ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ ကိုယ်က လှပတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ကျန်းမာတာကို လိုချင်တာလား၊ ကိုယ့်ရဲ့ မလုပ်ဖြစ်တာကြာတဲ့ ဝါသနာတွေ လုပ်ချင်တာလား၊ ကိုယ့်ရဲ့ မဆက်သွယ်ဖြစ်တာကြာတဲ့ သူငယ်ချင်းတွေ နဲ့ အချိန်ပေးစကားပြောချင်တာလား…. ကျွန်မတို့ရဲ့ လိုအပ်ချက်တွေက တကယ် ရိုးရိုးလေးတွေပါပဲ။ ဒီတော့ ဒါတွေကို အရင်သိအောင်လုပ်ပါ။ လိုအပ်ရင် ချရေးပါ​။

ကိုယ်လိုချင်တာသိပြီဆိုရင် ရတဲ့ အချိန်မှာ ကိုယ်ဘာလုပ်နိုင်လဲ ဆုံးဖြတ်ပါ။ ဖြစ်ချင်တာ ၁၀ ခုရှိရင် ၁၀ ခုလုံးလုပ်နိုင်ဖို့ အချိန်ရှိချင်မှ ရှိမှာပါ​။ ဒါပေမယ့် စိတ်မပူပါနဲ့​။ လုပ်နိုင်သလောက်ကို ကြိုးစားပြီး လုပ်ကြည့်လို့ရပါတယ်။..နောက်ဆုံး Me time ရှာရခက်နေရင် အလွယ်ဆုံး နည်းလမ်းလေးတွေရှိပါတယ် ၊ ကြည့်လိုက်ရအောင်နော်……

(၁) အသက်ဝဝရှုလိုက်ပါ

တခါတလေ စိတ်အရမ်းရှုပ်လာတယ်၊ အော်ထုတ်ပစ်ချင်လာတယ်၊ ပင်ပန်းလာတယ်ဆိုရင် ခဏ အသက်ကို ဝဝ ရှုထုတ်လိုက်ပါ ။ ပြီးရင် ဖြစ်နေတာတွေကို ခဏမေ့ပြီး စိတ်ကို အနားပေးလိုက်ပါ။ ဒီလိုနည်းနဲ့ မိနစ်အနည်းငယ်လောက် Me Time ဖန်တီးနိုင်ပါတယ်

(၂) ဖုန်းတွေ social media တွေ ခဏ ဖြတ်ကြည့်ပါ

Me Time အတွက် အချိန်မပေးနိုင်ဘူးဆိုရင် ဖုန်း ခဏ လျှော့သုံးကြည့်ပါ​​။ Social media ပေါ်မှာ တခြားသူတွေရဲ့ ခံစားချက်တွေနဲ့ စိတ်ပင်ပန်းနေ၊ ပူလောင်နေရမယ့်အစား .. စာအုပ်ဖတ်တာ…. ယောဂကျင့်တာ …. လုပ်ကြည့်ပါ။ စိတ် ခွန်အားရလာပါလိမ့်မယ်။

(၃) ဝါသနာပါတာ လုပ်ကြည့်ပါ

တကယ်တော့ နေ့စဉ် အလုပ်တွေနဲ့ လုံးပမ်းနေရတော့ ဘဝက ခက်ခဲနေရတာပါ။ တစ်ခါလောက် ရိုးရှင်းတဲ့ ဘဝကို ပြန်သွားကြည့်ပါ။ ကိုယ် ဝါသနာပါတာ၊ ရူးသွပ်ခဲ့တာ၊ ကိုယ်လုပ်ချင်တာလေးတွေ လုပ်ကြည့်ပါ။ ခဏတာ စိတ်အေးချမ်းစေမှာ အသေချာပါပဲ​။

(၄) တစ်စုံတစ်ယောက်ကို ဖုန်းခေါ်ပါ

လူတိုင်းမှာ ရင်ဖွင့်စရာ လူတစ်ယောက် ရှိသင့်ပါတယ်။ ဒါဟာ မိဘ၊ မောင်နှမ ဖြစ်ချင်ဖြစ်မယ်၊ ချစ်သူဖြစ်ချင်ဖြစ်မယ်၊ အရမ်းခင်ရတဲ့ သူငယ်ချင်းဖြစ်နိုင်တယ်၊ ဒီလို တစ်ယောက်ယောက်နဲ့ ဖုန်းပြောပြီး ရင်ဖွင့်တဲ့အခါမှာ စိတ်က ရှင်းသွားတယ်။ ကိုယ့်ရဲ့ လက်ရှိအခြေအနေကို ပိုမြင်လာတယ်။ အကြံကောင်းတွေလဲ ရနိုင်တယ်။ ဒီလိုနည်းနဲ့ ကိုယ့်ပျော်ရွှင်မှုကို ရှာဖွေပါ။

(၅) ကိုယ့်ကိုကိုယ် Treat ပါ

ကိုယ်ကြိုက်တဲ့ အစားအစာ ဝယ်စားလိုက်တာမျိုး၊ ကိုယ်အရမ်းလိုချင်နေတဲ့ ပစ္စည်းတစ်ခုကို ဝယ်လိုက်တာမျိုး၊ NetFlix နဲ့ တနေကုန် အချိန်ကုန်တာမျိုး တခါတလေ လုပ်ပေးကြည့်ပါ။ ကိုယ့်ကိုကိုယ် အနားပေးတဲ့သဘော၊ ပင်ပန်းနေတဲ့ ကိုယ့်ကိုကိုယ် ဆုချတဲ့ သဘောပါ

(၆) ခန္ဓာကိုယ်အတွက်လဲ အချိန်ပေးပါ

အသားအရေအတွက် ဂရုစိုက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ လမ်းလျှောက်တာ၊ ဒီလိုလေးတွေလဲ လုပ်ပေးပြီး ကျန်းမာအောင် နေကြည့်ပါ။

ဒီလိုနည်းနဲ့ Me Time လေးတွေ ထွက်လာမှာပါ။ ကဲ…. ဒါဆိုရင် …. အခုကစပြီး Me Time များများပေးပြီး စိတ်ကို အနားယူကြမယ်၊ ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေကြဖို့ တိုက်တွန်းလိုက်ရပါတယ်

PharmacistNoble

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)