Shain
ဆေးပညာရှုထောင့်ကကြည့်ရင် စိတ်ဓာတ်ကျတယ်ဆိုတာ သာမန်စိတ်ခံစားမှု အပြောင်းအလဲနဲ့မတူဘဲ နေ့စဉ်ဘဝကို ကြာရှည်စွာသက်ရောက်နိုင်တဲ့ စိတ်ကျန်းမာရေးအခြေအနေတစ်ရပ်ဖြစ်ပါတယ်။
ℹ️အဓိကအချက်အလက်များ
1. အမျိုးသမီးများ (၆%)သည် အမျိုးသားများ (၄%)ထက် စိတ်ဓာတ်ကျခြင်း ဖြစ်လွယ်ပါတယ်။
2. ကိုယ်ဝန်ဆောင်အမျိုးသမီးများနဲ့ မွေးဖွားပြီးစ အမျိုးသမီး ၁၀%ကျော်ဟာ စိတ်ဓာတ်ကျခြင်းဖြစ်တတ်ပါတယ်။
3. နှစ်စဉ် လူပေါင်း ၇၀၀,၀၀၀ကျော် မိမိကိုယ်ကို သ *တ် ေ -သ မှုကြောင့် ေ -သ ဆုံးနေကြပါတယ်။
4. ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO)ရဲ့ စာရင်းအရ အသက် ၁၅-၂၉ နှစ်အရွယ် လူငယ်များ ေ -သ ဆုံးရသည့် အကြောင်းရင်း ၄ ခုမှာ မိမိကိုယ်ကို သ *တ် ေ -သ ခြင်းက စတုတ္ထအဆင့်မှာရှိပါတယ်။
✅ရောဂါလက္ခဏာများ
1. စိတ်ဓာတ်ကျခြင်း(ဝမ်းနည်းခြင်း၊ စိတ်တိုလွယ်ခြင်း၊ ဘာမှမခံစားရခြင်း)။
2. လုပ်ဆောင်မှုများတွင် စိတ်ဝင်စားမှု (သို့မဟုတ်) ပျော်ရွှင်မှုမရှိခြင်း။
3. အာရုံစူးစိုက်မှု အားနည်းခြင်း။
4. အပြစ်ရှိသည်ဟုခံစားရခြင်း (သို့မဟုတ်) ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုမရှိခြင်း။
5. အနာဂတ်အတွက် မျှော်လင့်ချက်ကင်းမဲ့ခြင်း။
6. ေ -သ ဆုံးခြင်း (သို့မဟုတ်) မိမိကိုယ်ကို သ *တ် ေ -သ ရန်ကဲ့သို့ အတွေးများခြင်း။
7. အိပ်မပျော်ခြင်း။
8. အစားအသောက်ပျက်ခြင်း။
9. ကိုယ်အလေးချိန် ပြောင်းလဲခြင်း။
10. အလွန်အမင်း မောပန်းခြင်း။
❓ဘာကြောင့်ဖြစ်ရတာလဲ?
1. အလုပ်လက်မဲ့ဖြစ်ခြင်း။
2. ချစ်ခင်ရသူဆုံးရှုံးခြင်း။
3. စိတ်ဒဏ်ရာဖြစ်စေသော အဖြစ်အပျက်များကြုံတွေ့ခြင်း။
4. ကိုယ်ခန္ဓာကျန်းမာရေး ပြဿနာများ (ဥပမာ - နှလုံးရောဂါ၊ ကင်ဆာ၊ ဆီးချိုရောဂါ) ရှိခြင်း။ ဒီလိုအခြေအနေ ကြုံတွေ့ရသူတွေက စိတ်ဓာတ်ကျခြင်း ဖြစ်နိုင်ခြေပိုများပါတယ်။
💡ကုသမှုနည်းလမ်းများ
စိတ်ဓာတ်ကျခြင်းအတွက် နည်းပညာဆိုင်ရာ စိတ်ပညာဆိုင်ရာ ကုထုံးတွေရှိပေမယ့် Self-careလုပ်လို့ရမယ့်နည်းလမ်းတွေလည်း အများကြီးရှိပါတယ်။
1. ကိုယ်ကြိုက်နှစ်သက်တဲ့အရာတွေကို ပြန်လုပ်ဖို့ကြိုးစားခြင်း။
2. သူငယ်ချင်း၊ မိသားစုတွေနဲ့ အဆက်မပြတ်ရှိခြင်း။
3. လမ်းလျှောက်ခြင်းကဲ့သို့ လေ့ကျင့်ခန်းအနည်းငယ်လုပ်ခြင်း။
4. ဖြစ်နိုင်ရင် အချိန်မှန်စားပြီး အချိန်မှန်အိပ်တဲ့အလေ့အကျင့်ပြုလုပ်ခြင်း။
5. အရက်ဖြတ်ခြင်း။
6. မူးရစ်ဆေးဝါးများ ရှောင်ခြင်း။
7. ယုံကြည်ရတဲ့သူတွေဆီမှာ ခံစားချက်ကိုပြောပြခြင်း။
8. သ *တ် ေ -သ ဖို့တွေးမိရင် ကျန်းမာရေးစောင့်ရှောက်မှုခံယူခြင်း။
❤️ ကိုယ့်ကိုယ်ကိုယ်ပြန်တွေးရန်
စိတ်ဓာတ်ကျနေတာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သတိရပါ။ လူတော်တော်များများကလည်း မင်းလိုပဲခံစားရပြီး အဲ့အရာတွေကို ကောင်းကောင်းဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ယုံကြည်ရတဲ့သူတွေနဲ့ စကားပြောပါ။ ဆရာဝန်တွေနဲ့ ဆွေးနွေးပါ။ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပြုတော့မယ်လို့ခံစားရရင် အရေးပေါ်သက်ဆိုင်ရာကို ချက်ခြင်းအကြောင်းကြားပါ။ မနက်ဖြန်ဆိုတာရှိသေးတာမို့ အားလုံးအဆင်ပြေသွားမှာပါနော်။
💛 အခုဘယ်လိုခံစားနေရလဲဆိုတာ ပြောပြပေးရင် နားထောင်ပေးပါမယ်။ စိတ်ဓာတ်ကျနေတဲ့သူငယ်ချင်းတွေရှိရင်လည်း ဒီပို့စ်လေးကို Shareပေးသွားပါဦးနော်။
Source: WHO and priorygroup
#စိတ်ကျန်းမာရေး #စိတ်ဓာတ်ကျခြင်း #ကျန်းမာရေးအသိပညာ
Keep Reading