Author's Profile Photo

Tapathi (တပသီ)

22/07/2025

"World Brain Day"

1 min read
Health
General Knowledge
Food
"World Brain Day"'s photo

💫World Brain Day ဆိုတာနဲ့ ဦးနှောက်ကိုပြေးမြင်ကြတဲ့အခါ လူတိုင်းအတွက် အဓိကအစိတ်အပိုင်းဖြစ်တဲ့ဦးနှောက်ကိုရော စာဖတ်သူတို့ ဂရုတစိုက်ရှိကြရဲ့လား။ 🫧

🪴ဦးနှောက်ပုံမှန်အလုပ်လုပ်ဖို့အတွက် ~

1.များများတွေးပါ။ 💭 အတွေးတွေက စဉ်းစားဉာဏ်‌ကို ထက်မြက်စေတာကြောင့် များများတွေးတောလေ ဦးနှောက်က ဓားတစ်လက်လိုသွေးခံရလေ ဖြစ်စေပါတယ်။ 🔪⚡️

2.စာများများဖတ်ပါ။ 📖 အသိပညာဗဟုသုတတွေကြွယ်ဝပြီး ဦးနှောက်အာဟာဖြည့်တင်းဖို့ စာဖတ်ခြင်းက အဓိက လိုအပ်ပါတယ်။ 📰

3.ပညာရပ်တစ်ခုခု လေ့လာပါ။🎗 အသစ်သစ်သောအရာတွေကို လေ့လာသင်ယူခြင်းက ဦးနှောက်အတွက် အားဆေးတစ်ခုလို အင်အားဖြစ်စေပါတယ်။ 🎸

4.ကျန်းမာရေးနဲ့ညီညွတ်စွာနေထိုင်စားသောက်ပါ။ 🍱 အစားအသောက်က ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတိုင်းအတွက် အရေးပါတာကြောင့် အဆီများတဲ့အစားအစာတွေနဲ့ အပြင်စာများကို ရှောင်နိုင်သလောက်ရှောင်သင့်ပါတယ်။ 🥗

5.သန့်ရှင်းတဲ့လေနဲ့‌ မနက်ခင်းနေ‌ရောင်ခြည်တို့ ထိတွေ့ပေးပါ။🍃 စိတ်လန်းဆန်းမှုက ဦးနှောက်ရဲ့ ‌ တွေးခေါ်မှုပိုင်းတွေမှာ အထောက်အကူပြုစေတာကြောင့် သဘာဝတရားက ပေးစွမ်းထားတဲ့ လတ်ဆတ်တဲ့လေနဲ့နေရောင်ခြည်ဖျော့ဖျော့လေးတွေကို ထိတွေ့လိုက်ပါ။✨

6.ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးပါ။🤸🏻 သွက်လက်ကျန်းမာတဲ့ခန္ဓာကိုယ်ရှိမှသာ ဦးနှောက်ကိုလည်း ထက်မြက်စေမှာဖြစ်ပါတယ်။🚵🏻‍♂

🔍ဒီလောက်ဆိုရင် ဦးနှောက်ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာနဲ့ ဦးနှောက်ဉာဏ်ရည်အတွက် ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာကို သိသွားပြီဆိုတော့ World Brain Day အကြောင်းလေးကို ဆက်သွားလိုက်ကြရအောင်။📝


🔭 World Brain Day (WBD) ကို ဇူလိုင်လ ၂၂ ရက် နေ့တိုင်း နှစ်စဉ် ကျင်းပပြုလုပ်ပြီး World Federation of Neurology (WFN) မှ ဦးဆောင်၍ ဦးနှောက်ကျန်းမာရေး၊ အာရုံကြောရောဂါများ အကြောင်းနဲ့ စတာတွေရဲ့ ကာကွယ်ကုသနည်းများကို လူထုအကြား အသိပညာမြှင့်တင်ရန် ရည်ရွယ်ပါတယ်။🎈

🕯World Brain Day ရဲ့ အဓိက ရည်ရွယ်ချက်များ

1. အသိပညာမြှင့်တင်ခြင်း💡

- လူဦးရေ ၁၀% ခန့်ကို ထိခိုက်စေတဲ့ ဦးနှောက်နဲ့အာရုံကြောရောဂါများ (ဥပမာ - လေဖြတ်ခြင်း၊ ဆီးချိုကြောင့် အာရုံကြောပျက်စီးခြင်း၊ စိတ်ကျရောဂါ၊ သွက်ချာပါဒ၊ အတက်ရောဂါ၊ မေ့လျော့ရောဂါ) တို့အကြောင်း သတိပြုမိလာစေရန်။

2. ကာကွယ်ရေးနည်းလမ်းများ⚔

- ဦးနှောက်ရောဂါများကို လျှော့ချပေးနိုင်တဲ့ ကျန်းမာရေးနည်းလမ်းများ။ (ဥပမာ - သွေးတိုး/ဆီးချိုထိန်းခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ အာဟာရမျှတခြင်း)

3.အရည်အသွေးပြည့် ကုသမှုရရှိရေး🩺

- အာရုံကြောရောဂါကုသရန် ကျွမ်းကျင်ရာဆရာဝန်များနဲ့ ဆေးပစ္စည်းများ လုံလောက်စွာ မရရှိခြင်း။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှ ဒီလိုပြဿနာပိုဖြစ်နိုင်ပါတယ်။

🎋"Brain Health and Prevention: Disability Begins in the Brain"


🧠ဦးနှောက်ဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ ထိန်းချုပ်ထားတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပျက်စီးပါက လူမှုဘဝ၊ မိသားစုဘဝနဲ့ စီးပွားရေးအပေါ် ကြီးမားစွာ သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ဦးနှောက်နဲ့အာရုံကြောရောဂါများကို အချိန်မီကာကွယ်ကုသခြင်းက လူတစ်ဦးရဲ့ ဘဝရှင်သန်ရပ်တည်နိုင်‌ရေးကို အဆုံးအဖြတ်ပေးနိုင်ပါသည်။ ☝️🏻

Brain - ဦးနှောက်
Neurological Disorder - အာရုံကြောရောဂါ
Prevention - ကာကွယ်ခြင်း
Stroke - လေဖြတ်ခြင်း
Dementia - မေ့လျော့ရောဂါ

World Brain Dayဆိုတာ လူတိုင်းရဲ့ ဦးနှောက်ကျန်းမာရေးကို ပိုမိုဂရုစိုက်လာစေရန် နှစ်စဉ် သတိပေးနေတဲ့ ကမ္ဘာ့လှုပ်ရှားမှုကြီးတစ်ခုဖြစ်ပါတယ်။🌱


#Tapathi

Keep Reading

"World Brain Day"မျက်လုံးခြောက်ခြင်း(Dry Eye)အတွက် ကျန်းမာရေးအသိပညာDoorway Effectလူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?မပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။