Author's Profile Photo

Lwin Pyin Thit

12/08/2023

မပြိုင်ပါနဲ့

1 min read
Life Style
Personal Development
Health
Book Review
General Knowledge
မပြိုင်ပါနဲ့'s photo

ငါအပါအဝင် ငါတို့ပတ်ဝန်းကျင်က လူတွေက ပြိုင်ရတာကိုကြိုက်ကြတယ်နဲ့တူပါတယ်...။
မိဘတွေက သူ့သားသမီး ကိုယ့်သားသမီးပြိုင် ..၊သူ့အိမ် ကိုယ့်အိမ် ချမ်းသာမှုတွေပြိုင်...၊စီးပွားရေးပိုင်ရှင်တွေက တစ်လတစ်လ အမြတ်ငွေတွေပြိုင်...။ ပြိုင်လို့မဆုံးကြတော့ဘူး...။

တကယ်တော့သူနဲ့ကိုယ်နဲ့က မိဘချင်းလည်းမတူ ၊ရုပ်ရည်ချင်းလည်းမတူ၊ ဇာတိလည်းမတူ၊ဆွေမျိုးလည်းမတူ၊အရည်အချင်းလည်းမတူ၊
မတူတာတွေအများကြီးပါပဲ...။ မတူတာတွေအများကြီးမို့ တစ်နေရာမှာ ကိုယ်ကတခြားသူတွေထက် ပိုတော်ပိုထက်မြက်တာတွေရှိသလို တခြားသူတွေက ကိုယ့်ထက်ပိုပြီး ထက်မြက်တဲ့တော်တဲ့နေရာတွေလည်းရှိပါတယ်...။

ယှဥ်ပြိုင်မှုဆိုတာတကယ်တော့မောပန်းလှပါတယ်...။ တခြားသူတွေက ကိုယ့်ထက်ဘာတွေသာသွားပြီလဲ ဆိုတာတွေ...တခြားသူတွေက
ကိုယ့်ထက်မသာအောင် ဘယ်လိုကြိုးစားရမယ်ဆိုတဲ့ အတွေးကိုအချိန်ပြည့်တွေးနေရခြင်းက
အတော့်ကိုပူလောင်လှပါတယ်...။ နောက်ပြီး အများသူတွေနဲ့ပြိုင်နေရတဲ့သူတွေက ချမ်းသာသူဖြစ်စေ ဆင်းရဲသူဖြစ်စေ ဘဝတွေကလုံးဝအေးချမ်းမ‌နေပါဘူး...။ ဒါတွေဟာ အတောမသတ်နိုင်ဆဲ့လောဘတွေကြောင့်လို့လည်းပြောလို့ရပါတယ်...။

ရှင်သန်နေတဲ့ကာလအတွင်းမှာ
ငွေရှာသင့်ပါတယ်...
ဂုဏ်တွေ ...ဘွဲ့တွေ ရှာသင့်ပါတယ်..။ ဒါပေမယ့် အတိုင်းအတာဆိုတဲ့အထိပေါ့...။

တကယ်လို့ကိုယ်က စီးပွားရှာနေရင်း သေသွားရင် ကိုယ့်မိသားစုအတွက်အချိန်မပေးနိုင်သူ...ဘဝရဲ့အဓိပ္ပာယ် ...ဘဝရဲ့ပျော်ရွှင်စရာတွေကို မခံစားလိုက်ရတဲ့သူဖြစ်သွားမှာပါပဲ...။ အပေါ်ယံတွေနောက်လိုက်ရင်း
အတောမသတ်နိုင်တဲ့ လောဘရဲ့ခေါ်ဆောင်ရာနောက်ကိုလိုက်ရင်းနဲ့ ...ဘဝတွေကပြီးဆုံးသွားကြတယ်...။
ကိုယ့်မှာ ဥစ္စာတွေဘယ်လောက်များများ တစ်နေ့သေတဲ့အခါ ထားခဲ့ရမယ်ဆိုတာ သိသိရက်ကြီးနဲ့ကို ဥစ္စာတွေကို အများနဲ့ပြိုင်ရှာပြီး စိတ်တွေအဆင်းရဲခံနေကြတာပါ...။

သိန်း၁၀၀ရှိတဲ့သူက သိန်း၂၀၀ရှိတဲ့သူနဲ့ပြိုင်ပြီး သိန်း၂၀၀ရှိအောင်ကြိုးစားကြရင်း သိန်း၂၀၀နဲ့တူတဲ့ ပူပန်မှုတွေ...ပင်ပန်းမှုတွေပါရလာကြတယ်...။

ဖြည်းဖြည်းမှန်မှန်ပြေးလည်း ဒီခရီးဟာဒီခရီးပါပဲ...။
လောကကြီးမှာဘာမှအလကားမရဘူးဆိုတာမှန်ပါတယ်...လိုချင်တဲ့ပိုက်ဆံတွေတော့ရပါရဲ့...။
ထိုပိုက်ဆံမရခင်က ကိုယ့်ရဲ့ကြိုးစားမှုတွေ
ကိုယ့်ရဲ့ခေါင်းခြောက်ခံပြီး စဥ်းစားရတဲ့အတွေးတွေ...
ကိုယ့်မိသားစုအတွက် ပေးရတဲ့အချိန်တွေ...
ကိုယ့်ရဲ့နားချိန်...ကိုယ့်ရဲ့အားလပ်ချိန်တွေပေးဆပ်ရပါတယ်...။

ယှဥ်ပြိုင်ကြရင်းတစ်ရက်ထက်တစ်ရက် ပိုအသက်ကြီးလာသလို ဘဝနိဂုံးချုပ်ပြီး သေဆုံးဖို့ ရက်တွေနီးလာကြတယ်..။ ကုသိုလ်တွေမလုပ်ရသေးဘူး...ကုသိုလ်စိတ်တွေမမွေးရသေးဘူး...။

ငွေရှာတာလည်းရှာပါ...။ နောင်သံသရာကောင်းဖို့ ကုသိုလ်လည်းလုပ် ကုသိုလ်စိတ်လည်းမွေးပါ...။
အဓိက‌ကတော့ ပူပန်တာတွေ ပြိုင်ဆိုင်တာတွေကိုလျှော့လိုက်ပါ.. ။

မင်းကမင်းပါ...သူကသူပါ...။ သူနဲ့မင်းက အရာရာမတူတာကိုသိပါ...။ မင်းမှာ သူ့ထက်သာတဲ့ အရည်အချင်းတွေရှိသလို သူ့မှာလည်းမင်းထက်သာတဲ့အရည်အချင်းတွေရှိတယ်ဆိုတာကိုသိပါ...။
မင်းဘယ်တော့မှသူနဲ့မပြိုင်ပါနဲ့...။ သူနဲ့ပြိုင်ရတာဟာ အတော့်ကိုစိတ်ပင်အန်းလူပင်ပန်းပါတယ်...။ ကိုယ့်ဘာသာကို ဖြည်းဖြည်းမှန်မှန်ကြိုးစားလိုက်ပါ...။

#မပြိုင်ပါနဲ့
#Lwinpyinthit
#Tomydearfriend

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ