Author's Profile Photo

SarPhat Author

29/11/2023

Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။

2 mins read
Software Development
Life Style
Health
Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။'s photo

Programmer များအနေနဲ့ လုပ်ငန်းခွင်အတွင်းမှာဖြစ်စေ၊ ကိုယ်ပိုင်ပရောဂျက်များ ရေးဆွဲတဲ့အခါဖြစ်စေ စဉ်းစားတွေးခေါ်ရတဲ့ လုပ်ငန်းစဉ်တွေများလွန်းတာကြောင့် ကိုယ့်ရဲ့ Mental Health ကို ထိခိုက်စေနိုင်တယ်ဆိုတာကို သတိမထားမိပဲ အလုပ်မှာပဲ နှစ်မြှုပ်ပြီး နေလေ့ရှိကြပါတယ်။

အခုလို ကိုယ့်ရဲ့ အလုပ်အနေနဲ့ တကယ်ကို အာရုံစိုက်လုပ်ပြီး အသေးစိတ်လုပ်ဆောင်ရတဲ့ အလုပ်ဖြစ်တာကြောင့် ကိုယ့်ရဲ့ Mental Health ကိုလည်း မထိခိုက်အောင် ဂရုစိုက်သင့်ပါတယ်။

ဒါဆိုရင် Programmer များအနေနဲ့ ကိုယ့်ရဲ့ Mental Health ကို ဂရုစိုက်နိုင်ဖို့ ဘယ်လိုထိန်းသိမ်းဆင်ခြင်ရမလဲ?

(၁) အနားယူပါ။

ပရိုဂရမ်ရေးဆွဲခြင်းက ပြင်းထန်တဲ့ အာရုံစူးစိုက်မှုနှင့်အတူ စိတ်ရှည်မှုများကိုလည်း လိုအပ်တာကြောင့် အမှားတွေများပြီး စိတ်ဖိစီးမှုတွေကြုံလာတဲ့အခါ Screen ရှေ့ကနေ ခဏတာ ထွက်ခွာပြီး လမ်းလျှောက်တာတို့၊ မိသားစုသူငယ်ချင်းများနှင့် စကားပြောခြင်းတို့ စသဖြင့် Screen မပါပဲ အမှန်တကယ် အနားယူသင့်ပါတယ်။

အခုလို အနားယူခြင်းက အလုပ်ပြန်လုပ်ချိန်မှာ အာရုံစူးစိုက်မှုကို ပိုကောင်းစေပြီး လုပ်ဆောင်နိုင်စွမ်းကိုလည်း မြှင့်တင်နိုင်စေပါတယ်။

(၂) တရားထိုင်ပါ။

Programmer များအနေနဲ့ အလုပ်လုပ်နေချိန်အတွင်းမှာ တစ်ခါတစ်ရံ စိတ်ဖိစိမှုများပြီး အာရုံစူးစိုက်မှုတွေ လျော့နည်းသွားတတ်ပါတယ်။ အခုလိုအခြေအနေမျိုး ကြုံလာတဲ့အခါ လျှော့ချနိုင်အောင် နေ့စဉ် ၅ မိနစ်မှ ၁၀ မိနစ်အထိ တရားထိုင်ပေးသင့်ပါတယ်။

တရားထိုင်ခြင်းက စိတ်တည်ငြိမ်မှုကို တိုးမြင့်စေပြီး စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်တဲ့အပြင် ပျော်ရွှင်မှုကိုလည်း ခံစားနိုင်တဲ့ ရိုးရှင်းတဲ့ အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါတယ်။

(၃) လေ့ကျင့်ခန်းလုပ်ပါ

Programmer များရဲ့ နေထိုင်မှုပုံစံက အထိုင်များတာကြောင့် လေ့ကျင့်ခန်းလုပ်ပြီး "စိတ်နှင့် ခန္ဓာ"ကို ပြန်လည်အားဖြည့်ပေးသင့်ပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်အတွက်ရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ မရှိမဖြစ်လိုအပ်ပြီးလုပ်ဆောင်သင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ချိန်မှာ အောင်မြင်မှုကို ခံစားရစေပြီး ဒီခံစားမှုက Dopamine ကို ထုတ်လွှတ်ကာ စိတ််ဖိစီးမှုကို သက်သာစေပြီး ပျော်ရွှင်မှုကိုလည်း ခံစားရစေပါတယ်။

(၄) ဝါသနာပါတဲ့ အရာတစ်ခုခုကို ပြုလုပ်ပါ။

ကိုယ်ဝါသနာပါတာကို ပြုလုပ်နေခြင်းက ပျော်ရွှင်ရတဲ့အချိန်ဖြစ်သလို အလုပ်ကနေလည်း အနားယူခြင်းတစ်မျိုးဖြစ်ပါတယ်။ ဒီအချိန်မှာ စာဖတ်ခြင်း၊ တေးဂီတတွေဖန်တီးခြင်း၊ ဂိမ်းကစားခြင်း စတဲ့ ကိုယ့်ကို ပျော်ရွှင်စေတဲ့ ဘယ်လိုအရာမဆို ပြုလုပ်နိုင်ပါတယ်။

(၅) ဆိုဒါနှင့် ကဖိန်းဓာတ် သောက်သုံးမှုကို လျှော့ချပါ။

ကဖိန်းဓာတ်နှင့် ဆိုဒါများကို လွန်စွာသောက်သုံးခြင်းက Programmer များအတွက် ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေတာကြောင့် လျှော့ချခြင်း (သို့မဟုတ်) ဖြတ်တောက်ခြင်းက Mental Health ကောင်းမွန်စေဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။

အခုလိုသောက်သုံးခြင်းက အိပ်ရေးပျက်ဒဏ်ကို ခံနိုင်ပြီး လူကိုတက်ကြွစေပေမဲ့လည်း ခဏတာမျှသာ ကောင်းမွန်ပြီး ရေရှည်ကျရင် စိတ်ရော၊ ကိုယ်ပါ ထိခိုက်စေပါတယ်။

ဒါကြောင့်မို့လို့ ဆိုဒါနှင့် ကဖင်းပါတဲ့ အချိုရည်တွေအစား လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ သစ်သီးဖျော်ရည်များကို သောက်သုံးခြင်းက ကျန်းမာရေးနှင့် ပိုပြီးညီညွတ်ပါတယ်။

(၆) ကိုယ့်ကိုယ်ကို ဆုချပါ။

Developer များအနေနဲ့ အလုပ်ရဲ့ တာဝန်များကိုသာ အာရုံစိုက်နေပြီး ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ အခုလို မလုပ်သင့်ပဲ တစ်ခါတစ်ရံမှာ ကိုယ့်ကိုယ်ကို ချီးမွမ်းပြီး ကိုယ်လိုချင်တဲ့ အရာတစ်ခုခုကို ဝယ်တာတို့၊ မိသားစုသူငယ်ချင်းများနှင့် ခရီးထွက်ခြင်းတို့ကို ပြုလုပ်ပြီး တစ်ရက်တာလုံးကို အနားယူပေးသင့်ပါတယ်။

ဒါဆိုရင်တော့ Programmer များအနေနဲ့ ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ လိုက်နာလုပ်ဆောင်သင့်တဲ့ နေထိုင်မှုပုံစံ (၆) မျိုးကို သိရှိသွားကြပြီလို့ ယုံကြည်ပါတယ်။

အဆိုပါ အချက်လေးတွေကိုလည်း လက်တွေ့လုပ်ဆောင်ရင်း ပိုမိုကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Keep Reading

VPN အကြောင်း သိကောင်းစရာဘာကြောင့် နည်းပညာနယ်ပယ်မှာ အမျိုးသမီး Software Developer ဦးရေက 10 ရာခိုင်နှုန်း ခန့်သာရှိတာလဲ?လုပ်ငန်းခွင်ဝင်ရောက်မယ့် လူငယ်များအတွက် Remote Working ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် အချက်(3)ချက်Programming လေ့လာရာမှာ Study Plan တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ?Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။အင်္ဂလိပ်စာကို မြန်မာပြန်ခြင်းမှ ရသည့် အသိ။What Is a VPN? VPN ဆိုတာဘာလဲ?cyber security အကြောင်းသိကောင်းစရာWhat is Function??Telegram ကို ဘယ်သူတွေက ဘယ်ချိန်မှာ စတင်တည်ထောင်ခဲ့လဲ။ ဆက်လေ့လာကြမယ်။