Author's Profile Photo

မြ (စံကားဝါမြေ)

1/06/2024

VPN အကြောင်း သိကောင်းစရာ

1 min read
Software Development
General Knowledge
Startup
VPN အကြောင်း သိကောင်းစရာ's photo

? VPN အကြောင်းကို အသိပညာပေးရမယ်ဆိုရင် ပထမဦးစွာ ကျွန်မတို့တွေက ခေတ်စနစ်တွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ လူနေမှုအဆင့်အတန်းလည်း တိုးတက်မြင့်မားလာကြတယ်ပေါ့နော်။ အဲ့လိုမျိုး ခေတ်မှီဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ကောင်းတဲ့အရာတွေရှိလာသလို၊ မကောင်းတဲ့အရာတွေလည်း ရှိလာကြပါတယ်။

? ကောင်းတဲ့အရာလေးတွေကတော့....

နည်းပညာတွေတိုးတက်လာတဲ့အခါ ဖုန်းတစ်လုံးရှိပြီး အင်တာနက်လေး ချိတ်ဆက်လိုက်ရုံနဲ့ နိုင်ငံတကာက အကြောင်းအရာတွေ၊ သတင်းအချက်အလက်တွေ၊ Updateတွေကို အချိန်နှင့်တပြေးညီ လွယ်ကူလျှင်မြန်စွာ ကြည့်ရှုလေ့လာနိုင်ကြတာပေါ့ရှင်။ အဲ့တာကတော့ တကယ့်ကို ကောင်းမွန်လွန်းတဲ့အချက်လို့ ကျွန်မ ထင်မြင်မိပါတယ်ရှင်။

သို့သော်ငြားလည်း ကောင်းတာရှိရင် မကောင်းတာကလည်း နောက်က အမြဲလိုက်ပါစမြဲပါပဲရှင်....


? အဲဒါဆိုရင် မကောင်းတဲ့ အရာလေးတွေကရော ဘာတွေဖြစ်မလဲ?

မကောင်းတဲ့အရာလေးတွေက မိမိကိုယ်တိုင် အိမ်မှာ နေရင်းထိုင်ရင်း စာထိုင်ဖတ်နေတာထက်စာရင် ဖုန်းသုံးနေရင်းကနေ တစ်ချို့ တစ်ချို့သော မကောင်းကြံသူ၊ မသမာမှုပြုချင်သူတွေက မိမိရဲ့ ကိုယ်‌ရေးအချက်အလက်တွေကို ဘယ်သူတွေက၊ ဘယ်နေရာကနေ စုံစမ်း၊ တိုက်ခိုက်နေမလဲဆိုတာ မသိနိုင်တဲ့အတွက်ကြောင့် မိမိဘဝလုံခြုံစိတ်ချရေးအတွက် ကောင်းမွန်တဲ့ VPN လေးတွေကို အသုံးပြုပြီး ကာကွယ်ထားကြရအောင်......

? ကဲ အဲ့တာဆိုရင် ကျွန်မအပေါ်မှာပြောခဲ့တဲ့

  1. VPN ဆိုတာ ဘာလေးဖြစ်မလဲ၊
  2. သူရဲ့လုပ်ဆောင်ချက်တွေကရော ဘယ်လောက်တောင် ကောင်းမွန်နေပါသလဲ၊
  3. VPN တွေအများကြီးထဲကမှ ဘယ်VPNက သုံးလို့ အဆင်ပြေပြီး လုံခြုံစိတ်ချရသလဲ၊
  4. VPN ကို ဘယ်လိုချိတ်ဆက်ပြီး အသုံးပြုရမလဲ၊
  5. VPN မခံဘဲသုံးရင် ဘာတွေဖြစ်လာနိုင်သလဲ။


အစရှိတဲ့ Topic လေးတွေကို ကျွန်မက စာဖတ်သူလေးတွေအတွက် အကျိုးရှိစေမယ့် စာကောင်းပေမွန်တွေကို ဖန်တီးသွားပါမယ်ရှင်.....

? VPN ဆိုတာ နားလည်လွယ်အောင် ပြောရမယ်ဆိုရင် မြန်မာနိုင်ငံက လူတွေအတွက် ယခင်ကတော့ မသက်ဆိုင်သလို နေလို့ရပေမယ့် ယခုအခါမှာတော့ မဖြစ်မနေကို အသုံးပြုရမယ့် APK လေးတစ်ခုအဖြစ်ကို ရောက်ရှိလို့ လာပါပြီရှင်။

? အဲ့တာဆို မဖြစ်မနေမှ သုံးရတော့မယ်ဆိုရင် သူရဲ့ လုပ်ဆောင်ချက်တွေအကြောင်းလည်း သိထားသင့်တာပေါ့နော်။ သူရဲ့လုပ်ဆောင်ချက်တစ်ချို့ကတော့ Hackerတွေ၊ SPYတွေ ရန်ကနေ ကာကွယ်ပေးနိုင်တယ်။ မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားမှာလည်း စိုးရိမ်စရာ မလိုတော့တဲ့အပြင် မိမိဘဝကို လုံခြုံစိတ်ချမှု အပြည့်အဝပေးစွမ်းနိုင်ပါတယ်ရှင်။

? VPNတွေ အများကြီးရှိတဲ့အထဲက ကျွန်မ ယခုလက်ရှိ အသုံးပြုနေတဲ့ VPNလေးကတော့ "VPN Proxy Master" (အစိမ်းရောင်သော့ပုံစံ)လေးပါရှင်။ အဲဒီ VPNလေးက အသုံးပြုနေရင်းနဲ့ သူ့ဘာသာ ချိတ်ဆက်မှုပြုတ်သွားတာမျိုးလည်း မဖြစ်သလို VPNချိတ်ထားရင်းနဲ့လည်း Telegram အစရှိတဲ့ Applicationတွေကိုပါ အသုံးပြုနိုင်ပါသေးတယ်ရှင်။ ဒါ့ကြောင့်မလို့ ကျွန်မကတော့ "VPN Proxy Master"လေးကို Recommended ပေးချင်ပါတယ်ရှင်။

? VPN မခံဘဲ သုံးရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတာက မိမိဘဝအတွက် အရေးကြီးပြီး အဖိုးတန်လွန်းတဲ့ ကိုယ်ရေးအချက်အလက်တွေ အလွယ်တကူ ပေါက်ကြားနိုင်တဲ့အတွက် VPNကို မသုံးမနေရကို အသုံးပြုကြရမယ့်အခြေအနေပါရှင်။

ဒါ့ကြောင့်မလို့ ကျွန်မတို့တွေ VPN အခက်အခဲကြီးမှ လွတ်မြောက်ဖို့ရာ ဝိုင်းဝန်းတိုက်ဖြတ်ကြတာပေါ့ရှင်။


ကျွန်မအသုံးပြုနေတဲ့ "VPN Proxy Master" Linkလေးကိုလည်း Downloadဆွဲဖို့ရာ အောက်မှာ ချပေးလိုက်ပါတယ်ရှင်......။

Check out "VPN Proxy Master - Safer Vpn"

https://play.google.com/store/apps/details?id=free.vpn.unblock.proxy.vpn.master.pro

စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
1.6.2024(Saturday)

Keep Reading

VPN အကြောင်း သိကောင်းစရာဘာကြောင့် နည်းပညာနယ်ပယ်မှာ အမျိုးသမီး Software Developer ဦးရေက 10 ရာခိုင်နှုန်း ခန့်သာရှိတာလဲ?လုပ်ငန်းခွင်ဝင်ရောက်မယ့် လူငယ်များအတွက် Remote Working ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် အချက်(3)ချက်Programming လေ့လာရာမှာ Study Plan တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ?Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။အင်္ဂလိပ်စာကို မြန်မာပြန်ခြင်းမှ ရသည့် အသိ။What Is a VPN? VPN ဆိုတာဘာလဲ?cyber security အကြောင်းသိကောင်းစရာWhat is Function??Telegram ကို ဘယ်သူတွေက ဘယ်ချိန်မှာ စတင်တည်ထောင်ခဲ့လဲ။ ဆက်လေ့လာကြမယ်။