Author's Profile Photo

SarPhat Author

25/08/2023

လုပ်ငန်းခွင်ဝင်ရောက်မယ့် လူငယ်များအတွက် Remote Working ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် အချက်(3)ချက်

1 min read
Software Development
Business
လုပ်ငန်းခွင်ဝင်ရောက်မယ့် လူငယ်များအတွက် Remote Working ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် အချက်(3)ချက်'s photo

လုပ်ငန်းခွင်ဝင်ရောက်မယ့် လူငယ်များအတွက် Remote Working ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် အချက်(3)ချက်

Covid ကာလ နောက်ပိုင်းမှာဆိုရင် Online ကနေ အလုပ်လုပ်နိုင်တဲ့ Remote Working ကို တွင်ကျယ်စွာ အသုံးပြုလာကြတာကို သတိထားမိကြမယ်လို့ ထင်ပါတယ်။

တစ်ဆက်တည်းမှာပဲ Remote working ဆိုတာက
သမားရိုးကျ ရုံးလုပ်ငန်းခွင်များမှာပဲ
လုပ်ဆောင်တာမျိုးမဟုတ်ဘဲ မိမိရဲ့အိမ်မှ
Technology tool များဖြင့် သက်ဆိုင်ရာ အလုပ်တာဝန်များကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

ဒါကြောင့် Remote job opportunity များအတွက်
ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ Nexcode မှတစ်ဆင့်
နည်းပညာစိတ်ဝင်စားသူ လူငယ်များအတွက် Remote Working ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် အချက်လေး(3)ချက်ကို မျှဝေလိုက်ပါတယ်။


(1) Slack ကို အသုံးပြုခြင်း။

Slack ဆိုတာက အချိန်နှင့်တပြေးညီ စာတိုများပေးပို့ခြင်း၊ ဖိုင်များမျှဝေခြင်းနှင့် တခြား Application အမျိုးမျိုးဖြင့် ပေါင်းစပ်လုပ်ဆောင်နိုင်ခြင်းတို့ကြောင့် အသင်းအဖွဲ့များနှင့် စနစ်တကျ
ပူးပေါင်းဆောင်ရွက်နိုင်တဲ့
Tool တစ်ခုဖြစ်ပါတယ်။

✅ ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်လဲ?

Slack ရဲ့ ထူးခြားချက်အနေဖြင့်
အဖွဲ့၀င်အမြောက်အများနှင့်
ထိရောက်စွာ ဆက်သွယ်နိုင်ခြင်း၊
Email များကို လိုရင်းတိုရှင်း ပေးပို့နိုင်ခြင်း ၊
ပရောဂျက်များကို အဆင်ပြေချောမွေ့စွာ
ပူးပေါင်းဆောင်ရွက်နို​င်​ခြင်းတို့ကြောင့် အသင်းအဖွဲ့အလိုက် လုပ်ဆောင်ရန်အတွက် အလွန်အသုံးဝင်တဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။

(2) Google work space ကို အသုံးပြုခြင်း။

Google Workspace ဆိုတာက
စာရွက်စာတမ်းများ၊ စာရင်းဇယားများနှင့် Presentation များ လုပ်ဆောင်တဲ့အခါမှာ
ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ tool တစ်ခုဖြစ်ပါတယ်။

✅ ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်လဲ?

Google Workspace ရဲ့ ထူးခြားချက်အနေဖြင့်
Remote Team ဖြစ်သော်လည်း
အဖွဲ့သားများနှင့် အချိန်အနည်းငယ်အတွင်း
အ​ရေးကြီးတဲ့ စာရွက်စာတမ်းများကို ဖန်တီးခြင်း ၊ တည်းဖြတ်ခြင်းနှင့် မျှဝေခြင်းတို့ လုပ်ဆောင်ရာမှာ အလွယ်တကူ ဆောင်ရွက်နိုင်ဖို့အတွက် များစွာ အထောက်အကူဖြစ်စေပါတယ်။

(3) Asana ကို အသုံးပြုခြင်း။

Asana ဆိုတာက Project များစီမံခန့်ခွဲနိုင်ခြင်းနှင့်
အလုပ်တာဝန်များကို စနစ်တကျလုပ်ဆောင်နိုင်တဲ့
Productivity Tool တစ်ခုဖြစ်ပါတယ်။

✅ ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်လဲ?

Asana ရဲ့ ထူးခြားချက်အနေဖြင့်
Team member များနှင့် အလုပ်များကို စနစ်တကျစုစည်း ဆောင်ရွက်နိုင်ခြင်း ၊ အဖွဲ့ဝင်များအား
ပရောဂျက်ပန်းတိုင်များ ၊ သတ်မှတ်ရက်များနှင့် လိုက်လျောညီထွေဖြစ်စေဖို့
ဦးစားပေးတာဝန်များကို သတ်မှတ်နိုင်ခြင်း ၊
အဖွဲ့လိုက်ညှိနှိုင်းမှုများကို တိုးမြှင့်နိုင်ခြင်းတို့ကို
လုပ်ဆောင်နိုင်ပါတယ်။

ယခုလို နေ့စဥ်နဲ့အမျှ တိုးတက်နေတဲ့ Digital ခေတ်ကြီးမှာ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရယူနိုင်ရန်အတွက် Productive ဖြစ်စေမယ့် Digital tool များကို ကျွမ်းကျင်အောင် ​ကြိုတင် လေ့လာအသုံးချထားဖို့ အကြံပြုရင်း မိမိရဲ့ သူငယ်ချင်း၊မိတ်ဆွေများအတွက်လည်း အကျိုးရှိအောင် မျှဝေသွားဖို့ တိုက်တွန်းလိုက်ရပါတယ်။

Keep Reading

VPN အကြောင်း သိကောင်းစရာဘာကြောင့် နည်းပညာနယ်ပယ်မှာ အမျိုးသမီး Software Developer ဦးရေက 10 ရာခိုင်နှုန်း ခန့်သာရှိတာလဲ?လုပ်ငန်းခွင်ဝင်ရောက်မယ့် လူငယ်များအတွက် Remote Working ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် အချက်(3)ချက်Programming လေ့လာရာမှာ Study Plan တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ?Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။အင်္ဂလိပ်စာကို မြန်မာပြန်ခြင်းမှ ရသည့် အသိ။What Is a VPN? VPN ဆိုတာဘာလဲ?cyber security အကြောင်းသိကောင်းစရာWhat is Function??Telegram ကို ဘယ်သူတွေက ဘယ်ချိန်မှာ စတင်တည်ထောင်ခဲ့လဲ။ ဆက်လေ့လာကြမယ်။