Author's Profile Photo

SarPhat Author

8/12/2023

Programming လေ့လာရာမှာ Study Plan တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ?

1 min read
Software Development
Life Style
Education
Programming လေ့လာရာမှာ Study Plan တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ?'s photo

နည်းပညာနယ်ပယ်ကို စတင်ဝင်ရောက်မဲ့ လူငယ်တွေအနေနဲ့ Self Study လုပ်မယ်ဆိုရင် Study Plan ရှိဖို့ အရေးကြီးပါတယ်။

ဘာကြောင့်လဲဆိုရင် Study Plan မရှိပဲ စိတ်ထဲရှိတဲ့အတိုင်းပဲ လေ့လာနေမယ်ဆိုရင် ကိုယ့်ရဲ့တိုးတက်လာမှုကို မသိနိုင်တဲ့အပြင် အချိန်ဘယ်လောက်လောက်ကြာမှ တတ်မြောက်မှုရှိမလဲ မသိနိုင်ပဲ ဟိုဟာလည်းမပြီး ဒီဟာလည်းမပြီးဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့် Study Plan တစ်ခု လုပ်ထားဖို့ လိုကို လိုအပ်ပါတယ်။

ဒီနေ့မှာတော့ Programming စတင်လေ့လာကြမဲ့ လူငယ်များအတွက် Study Plan တစ်ခုကို ဘယ်လိုတည်ဆောက်ရမလဲ ဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။

(၁) ကိုယ်မနိုင်ပဲ အများကြီးလေ့လာတာက အလုပ်မဖြစ်ပါဘူး။

တစ်ခုခုလုပ်မယ်ဆိုရင် ကိုယ့်ရဲ့ ပန်းတိုင်တွေကို ချရေးကြဖို့ ပြောတာတွေ ကြားဖူးမှာပါ။ ဒါပေမဲ့ အဲ့ဒီချမှတ်ထားတဲ့ ပန်းတိုင်တွေကို အနောက်ကနေ စွဲစွဲမြဲမြဲလုပ်ဆောင်ဖို့က အင်မတန်ခက်ခဲပါတယ်။

ကိုယ်ဘာတွေကို လေ့လာမလဲဆိုတာကို လောဘတကြီး Plan ဆွဲရင်း ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို ဖြည့်မှီဖို့ တင်းကြပ်တဲ့ သတ်မှတ်ရက်များနှင့် အချိန်များစွာ ပါရှိနေတဲ့ အချိန်ဇယားတစ်ခုကို တည်ဆောက်လိုက်တယ်။ ဒါက မကောင်းတဲ့ Plan တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လုပ်နေကျမဟုတ်တဲ့ လူတစ်ယောက်အတွက်တော့ အဲ့ဒီ Plan က အဆင်ပြေမှာမဟုတ်ပါဘူး။

သေချာပါတယ်၊ စလေ့လာတဲ့ ပထမရက်တည်းက အရှုံးပေးသွားရတဲ့ သူတွေလည်းရှိပါတယ်။ ဒါကြောင့်မို့ အကြံပြုလိုတာက ကိုယ့်ရဲ့ လေ့လာနိုင်တဲ့ အရှိန်ပေါ်မူတည်ပြီး အဆင်ပြေမဲ့ Study Plan တစ်ခုကို ဆွဲဖို့ လိုအပ်ပါတယ်။

(၂) Study Plan Template ကို အသုံးပြုပါ။

ကိုယ့်ရဲ့ ပုံမှန်နှုန်းအတိုင်း ဖြေးဖြေးနဲ့မှန်မှန် မပျက်မကွက်လေ့လာနိုင်ဖို့အတွက် ကိုယ်တိုင် Study Plan ဆွဲရာမှာ အခက်တွေ့နေတဲ့ လူငယ်များအတွက် အင်တာနက်ကနေ Study Plan Template တွေကို အလွယ်တကူ ရှာဖွေနိုင်ပြီး Download ဆွဲ အသုံးပြုလို့ရပါတယ်။

(၃) ပန်းတိုင်များကို ချရေးပြီး အချိန်ခန့်မှန်းပါ။

စာရွက်ပေါ်မှာပဲဖြစ်ဖြစ်၊ Digital Note ထဲမှာပဲဖြစ်ဖြစ် တိကျတဲ့ အချိန်အတိုင်းအတာ တစ်ခုအတွင်း ကိုယ်ရောက်ရှိလိုတဲ့ ပန်းတိုင်များကို အကြမ်းဖျဥ်း ချရေးမှတ်ထားပါ။

နောက်ထပ် စာမျက်နှာမှာတော့ ကိုယ်အောင်မြင်လိုတဲ့ ပန်းတိုင်နဲ့ ဆက်စပ်နေတဲ့ လုပ်ဆောင်ချက် အသေးလေးတွေအားလုံးကို တိုးတက်မှုမှတ်တိုင်လေးတွေအဖြစ် မှတ်ထားဖို့ ရေးထားပါ။

ပြီးရင်တော့ နောက်တစ်ချက်အနေနဲ့ ကိုယ်ရဲ့ ပန်းတိုင်တွေကို ပြည့်မှီဖို့ နဂိုကခန့်မှန်းထားတဲ့ အချိန်နှင့် ကိုယ်အမှန်တကယ် လုပ်လို့ပြီးသွားတဲ့ အချိန်တွေကို မှတ်သားထားပါ။

ဒီလိုမှတ်သားရာမှာ အရေးကြီးတဲ့အချက်တစ်ခုက ပန်းတိုင်တစ်ခုကို အမှန်တကယ်ပြီးနိုင်မဲ့ အချိန်ဘယ်လောက်လိုလဲဆိုတာကို ခန့်မှန်းနိုင်ဖို့နှင့် အဲ့ဒီအချိန်ကို အခြေခံပြီး Study Plan ဆွဲနိုင်ဖို့အတွက်ဖြစ်ပါတယ်။


(၄) ကိုယ့်ရဲ့ တိုးတက်မှုကို ပုံမှန်ဆန်းစစ်ပြီး အချိန်နှင့်အမျှ တိုးတက်အောင်လုပ်ပါ။

ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ထည့်သွင်းပြီးပြီဆိုရင် ကိုယ်ဆွဲထားတဲ့ Study Plan မှာ လုပ်လို့ပြီးသွားရင် “ပြီးပြီ” ဆိုတဲ့ အမှတ်အသားလေးလည်း ပြုလုပ်ထားပါ။ ဒီလိုလုပ်တာက ပရောဂျက်တစ်ခုကို ပြီးမြောက်ဖို့ ဘယ်လောက်ထိ နီးစပ်နေပြီလဲဆိုတာကို ကြိုတင်မြင်နိုင်ပါတယ်။

နောက်တစ်ချက်အနေနဲ့ Study Plan မှာ ကိုယ်လေ့လာမဲ့ အချိန်အတိုင်းအတာတွေကို မှတ်သားထားပါ။ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေအပေါ်မှာမူတည်ပြီး တစ်နေ့ကို အချိန်ဘယ်လောက် လေ့လာရမလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။

ဒီလိုလေ့လာရာကနေ ကိုယ်လုပ်နေကျ ပုံမှန်အရှိန်နဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်း ပိုမြန်တဲ့နှုန်းနဲ့ ပရောဂျက်တွေကို ထပ်တိုးပြီး ဆက်လေ့လာသွားလို့ရပါတယ်။

ဒါကတော့ Programming ကို စတင်လေ့လာမဲ့ လူငယ်တွေအတွက် Study Plan တစ်ခုကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာ လမ်းညွှန်ပေးထားတာဖြစ်လို့ ဒီကနေတဆင့် ကိုယ့်ရဲ့ လေ့လာမှုမှာ အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။

နောက်နေ့တွေ့မှာ ပိုကောင်းတဲ့ အကြောင်းအရာတွေနှင့်အတူ ပြန်လာခဲ့ပါမယ်…

Keep Reading

VPN အကြောင်း သိကောင်းစရာဘာကြောင့် နည်းပညာနယ်ပယ်မှာ အမျိုးသမီး Software Developer ဦးရေက 10 ရာခိုင်နှုန်း ခန့်သာရှိတာလဲ?လုပ်ငန်းခွင်ဝင်ရောက်မယ့် လူငယ်များအတွက် Remote Working ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် အချက်(3)ချက်Programming လေ့လာရာမှာ Study Plan တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ?Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။အင်္ဂလိပ်စာကို မြန်မာပြန်ခြင်းမှ ရသည့် အသိ။What Is a VPN? VPN ဆိုတာဘာလဲ?cyber security အကြောင်းသိကောင်းစရာWhat is Function??Telegram ကို ဘယ်သူတွေက ဘယ်ချိန်မှာ စတင်တည်ထောင်ခဲ့လဲ။ ဆက်လေ့လာကြမယ်။