Author's Profile Photo

SarPhat Author

16/09/2023

Telegram ကို ဘယ်သူတွေက ဘယ်ချိန်မှာ စတင်တည်ထောင်ခဲ့လဲ။ ဆက်လေ့လာကြမယ်။

1 min read
Software Development
General Knowledge
Telegram ကို ဘယ်သူတွေက ဘယ်ချိန်မှာ စတင်တည်ထောင်ခဲ့လဲ။ ဆက်လေ့လာကြမယ်။ 's photo

Telegram ကို ဘယ်သူတွေက ဘယ်ချိန်မှာ စတင်တည်ထောင်ခဲ့လဲ။ Friday Night လည်း လေ့လာစရာရှိတာ ဆက်လေ့လာကြမယ်။

Telegram ကို ကျွန်တော်တို့ ဒီနှစ်တွေမှာ တော်တော်လေးအသုံးပြုလာတာတွေ့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း Team နဲ့ Communicate လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ အခြား Clients တွေနဲ့စကားပြောတဲ့အခါမှာပဲဖြစ်ဖြစ်
Telegram က ပေါ့ပေါ့ပါးပါးလည်းဖြစ်တော့ မကြာခဏအသုံးပြုဖြစ်ပါတယ်။ Privacy တွက်လည်း တော်တော်လေးကို Safe ဖြစ်တဲ့ Innovation လေးတစ်ခုဖြစ်တာမို့ စိတ်ဝင်စားမိတာတော့ အမှန်ပဲ။

ဒါဆို ဒီလို ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝထဲကို ဝင်ရောက်လာခဲ့တဲ့ Telegram ကို ဘယ်သူတွေက ဘယ်ချိန်မှာ စတင်တည်ထောင်ခဲ့ပါသလဲ။

၂၀၁၃ ခုနှစ်ပေါ့။ ရုရှားညီအစ်ကို (၂) ဦးဖြစ်တဲ့ Pavel Durov နဲ့ Nikolai Durov က Messaging Platform ဖြစ်တဲ့ Telegram ကို စတင်တည်ထောင်ခဲ့ပါတယ်။ Pavel Durov ကတော့ ရှရှား Zuckerberg လို့ နာမည်ကျော်သူတစ်ဦးလည်းဖြစ်တယ်။ အဝတ်အစားဆိုရင် အနက်ရောင်ကိုပဲ အမြဲတမ်း ဝတ်လေ့ရှိတဲ့သူတစ်ဦးဖြစ်တာမို့ ဒီအချက်ကလည်း သူ့ကို လူတွေစိတ်ဝင်စားစရာဖြစ်စေခဲ့တယ်။

ရှရှား Zuckerberg လို့ခေါ်တာလည်း အကြောင်းရှိတယ်ဗျ။ သူက ၂၀၀၆ ခုနှစ်လောက်မှာ VK - ဗီကေ လို့ခေါ်တဲ့ Facebook လို Social Media Platform တစ်ခုကို ရုရှားမှာ စတင်ပြီးတော့ တည်ထောင်ခဲ့တယ်။ VK - ဗီကေ အရှည်ကောက်က VKontakte ။ ဆိုလိုရင်းက English လို ဘာသာပြန်ရင်တော့ In Touch လို့ အဓိပ္ပာယ်ရတယ်။ အလွယ်ပြောရရင် Facebook ရုရှား Version ပေါ့ဗျာ။ နောက်ပိုင်း VK - ဗီကေ ကရှရှားမှာတော်တော်နာမည်ရလာသလို တစ်ဖက်မှာလည်း ပုံစံတူ ပြိုင်ဘက်တွေလည်း တစ်ဖြည်းဖြည်းပေါများလာခဲ့တယ်။


၂၀၁၀ ခုနှစ်လောက်မှာတော့ VK - ဗီကေ က အသုံးပြုသူ 100 Million လောက်အထိရရှိခဲ့ပေမဲ့ Government ရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး Social Media ပေါ်မှတဆင့် Voting ပေးတဲ့ ဖြစ်ရပ်တွေ၊ သူ့တို့ရဲ့ Internal ShareHolder အကြားမှာရှိတဲ့ အငြင်းပွားမှုတွေကြောင့် ၂၀၁၃၊ ၂၀၁၄ ခုနှစ်လောက်မှာ သူပိုင်ဆိုင်တဲ့ Share ကို ရောင်းချပြီး ရုရှားကနေ ထွက်လာခဲ့ပါတယ်။

၂၀၁၃ ခုနှစ်နောက်ပိုင်းကျမှာ စောနက ရုရှား ညီအစ်ကို (၂) ဦးဖြစ်တဲ့ Pavel Durov နဲ့ Nikolai Durov က an encrypted chat service ဖြစ်တဲ့ Telegram ကို IOS Version အဖြစ်စတင်ပြီးတော့ မိတ်ဆက်ခဲ့တယ်။ နောက်ပိုင်း Telegram Bot, Telegram Channel, Video Call, Super Groups, Secret Chat အစရှိတဲ့ Features များကို အဆက်မပြတ်ဖန်တီးခဲ့ပြီး အခုဆို ကမ္ဘာတစ်ဝန်းလုံးမှာ အသုံးပြုသူပေါင်း 1.06 Billion အထိရှိခဲ့ပြီး ကမ္ဘာ့ စတုတ္ထအကြီးဆုံး Messaging App တစ်ခုဖြစ်လာခဲ့ပါတယ်။

ကဲ..အခုဆို Telegram ကို ဘယ်သူတွေက ဘယ်ချိန်မှာ စတင်တည်ထောင်ခဲ့လဲအားလုံးပဲ အထိုက်အလျောက်သိရှိပြီးသွားပြီထင်ပါတယ်။ ထုံးစံအတိုင်း Startup Founder တစ်ဦးရဲ့ ရှုထောင့်မှ ဘာတွေလေ့လာလိုက်ရလဲ။ ဒီတစ်ခေါက်တော့ ကျွန်တော်မပြောတော့ဘူး။ ဘာလို့လဲဆိုရင်တော့ Founder တွေတိုင်းမှာ တူညီတဲ့ အချက် (၁ )ချက်ရှိတယ်။ ဘာလို့ ထင်ပါသလဲ။ နောက်ရက်တွေမှာ ပြန်တွေ့ကြမယ်ဗျို့။ See ya Soon.

Keep Reading

VPN အကြောင်း သိကောင်းစရာဘာကြောင့် နည်းပညာနယ်ပယ်မှာ အမျိုးသမီး Software Developer ဦးရေက 10 ရာခိုင်နှုန်း ခန့်သာရှိတာလဲ?လုပ်ငန်းခွင်ဝင်ရောက်မယ့် လူငယ်များအတွက် Remote Working ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် အချက်(3)ချက်Programming လေ့လာရာမှာ Study Plan တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ?Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။အင်္ဂလိပ်စာကို မြန်မာပြန်ခြင်းမှ ရသည့် အသိ။What Is a VPN? VPN ဆိုတာဘာလဲ?cyber security အကြောင်းသိကောင်းစရာWhat is Function??Telegram ကို ဘယ်သူတွေက ဘယ်ချိန်မှာ စတင်တည်ထောင်ခဲ့လဲ။ ဆက်လေ့လာကြမယ်။