ဖယ်ငူး
ဒီအကောင်ကိုတော့ တော်တော်များများသိကြမယ်ထင်ပါတယ်။ ဒါက အရှေ့တောင် အာရှမှာ တွေ့ရတဲ့ Asian Common Toad(Duttaphrynus melanostictus)
တစ်မျိုးပါ။ မြန်မာလိုတော့ ဖားပြုပ် လို့ပဲ ခေါ်ကြပါတယ်။ မိုးတွင်းကာလ (မေလ- အောက်တိုဘာလ) တွေ့ရတတ်ပါတယ်။ မိုးရွာပြီးသကာလတို့၊ ညအချိန်တို့၊ အင်းဆက်တွေ ပေါများတဲ့ အလင်းရောင်ပတ်ဝန်းကျင်တွေ့မှာ သူ့ကိုတွေ့နိုင်ပါတယ်။
ဒီအကောင်က အန္တရာယ်ရှိလားပေါ့?
ရှိပါတယ်။ ခွေး၊ ကြောင်၊ နို့တိုက်သတ္တဝါ အသေးစားတွေ၊ ငါးတွေ ၊ လူတွေအထိပါ အန္တရာယ်ဖြစ်နိုင်ပါတယ်။
ဘယ်လိုအခြေနေမှာ ရှိနိုင်တာလဲ။
ဒီဖားပြုတ် အမျိုးစားက သူ့ဘာသာသူတော့ ရန်မမူပါဘူး။ သူတို့ကို သာမန်ကြည့်ရုံ၊ ထိတွေ့ရုံမျှနဲ့တော့ အန္တရာယ်မရှိသေးပါဘူး။ သူတို့ကို တိုက်ခိုက်တယ်လို့ ခံစားရတဲ့အချိန်မှာ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက် အဆိပ်ထုတ်လွှတ်ပါတယ်။ သူတိုမျက်လုံးအောက်မှာရှိတဲ့ parotoid glands ကနေ အရေပြားပေါ် ထုတ်လွှတ်ပြီး နို့နှစ်ရောင်(သို့) အဝါနုရောင် ကာလာရှိပါတယ်။ သာမန်ဆိုရင်တော့ အဲ့ဒီအဆိပ်ကို မထုတ်လွှတ်တဲ့အတွက် မတွေ့နိုင်ပါဘူး။ အဆိပ်နဲ့ ထိတွေ့မိတဲ့ သတ္တဝါတွေကသာ အန္တရာယ်ရှိတာပါ။ ဆိုတော့ ဒီ အဆိပ်တွေက သူ့ရဲ့ ဆီး၊ ပါးစပ်မှာလည်း ရှိတတ်ပါတယ်တဲ့။ လူသားတွေအနေနဲ့တော့ ပြင်းပြင်းထန်ထန် ခံစားရနိုင်ချေမရှိပါဘူး။
သတ္တဝါတွေကို ဘယ်လိုထိခိုက်နိုင်တာလဲ?
ခွေး၊ ကြောင်တွေ သူတို့က အကောင်တွေ့ရင် ဟောင်ချင်၊ ကိုက်ချင်တာ သဘာဝမို့ ကိုက်တတ်ကြတယ်၊ တစ်ချို့ စားကြတယ်(ကိုယ်တွေ့ပါပဲ)။ အဲ့ဒီအခြေနေမျိုးမှာ အဆိပ်က ပျံ့နှံ့ပြီး အော့အန်တာတွေ၊ ကတုန်ကယင်ဖြစ်တာတွေ၊ နောက်ဆုံး သေတာအထိပါ ဖြစ်နိုင်ပါတယ်။ လူသားတွေကျတော့ မျက်စိ၊ပါးစပ်၊မျက်နှာတွေကို ထိတွေ့တာ မဟုတ်ရင် အန္တရာယ်မဖြစ်စေပါဘူး။ အကယ်၍ ထိတွေ့မိခဲ့မယ်ဆိုရင်လည်း မသေစေနိုင်ပါဘူး။ အမြင်ဝါးတာ၊ အော့အန်တဲ့ အဆင့်လောက်ပဲဖြစ်နိုင်ပါတယ်။
ကိုယ့်အိမ်မွေးတိရစ္ဆာန်တွေ ကြုံလာရင် အရေးပေါ် ဘယ်လိုဖြေရှင်းနိုင်မလဲ။
#တစ်ချိန်ချိန်မှာ အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်
#writer ဖယ်ငူး
Keep Reading