Author's Profile Photo

Nanda

15/05/2025

🤰ကိုယ်ဝန်ဆောင်မေမေတို့ ဖတ်ဖို့

1 min read
Health
General Knowledge
Medical

မိခင်လောင်းများအနေဖြင့် ကိုယ်ဝန်ရှိလာပြီ ဆိုသည်ကို သိရသည့်အချိန်မှစ၍ ရင်သွေးလေးမွေးဖွားသည့် အချိန်ထိ ရင်ခုန်စိတ်လှုပ်ရှားစွာ ဖြစ်နေမည်မှာ အသေချာ ဖြစ်ပါသည်။

ထိုသို့ ကိုယ်ဝန်ကို ၉ လလွယ် ၁၀ လ ဖွားရသည့်ကာလအတွင်း မိမိ နှင့် ရင်သွေး၏ ကျန်းမာရေးကို အထူးဂရုစိုက်သင့်ပါသည်။

💁‍♀️ ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ်ကာလ အတွင်း ဘာတွေကို အထူးသတိထားသင့်ပါသလဲဆိုတာ ဗဟုသုတရစေရန် “မန္တလာဆေးခန်း” မှ ဖော်ပြပေးလိုက်ပါတယ်နော်…

✅ ၁။ ကျန်းမာရေးနှင့်အညီ စားသောက်ခြင်း

အစားအစာသည် မိခင်အတွက်သာမက သန္ဓေသား ကျန်းမာရေးအတွက်လည်း လွန်စွာအရေးပါလှပါသည်။ မိခင်လောင်းများအနေဖြင့် အစားသောက်ကို စနစ်တကျရွေးချယ်၍ စားသုံးပေးသင့်ပါသည်။

အနီရောင်အသားများ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး နှင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို စားသုံးသင့်ပါသည်။ မကျက်တကျက် အသားများနှင့် အပူအစပ်များကို အထူးရှောင်ကြဉ်သင့်ပါသည်။

✅ ၂။ သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်း

ကိုယ်ဝန်စရှိလာသည်နှင့်အမျှ ကိုယ်လက်လှုပ်ရှားမှုကို ဂရုတစိုက်ပြုလုပ်ပေးသင့်ပါသည်။

လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်း စသည့် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းမျိုးကို ရွေးချယ်သင့်ပါသည်။ လေ့ကျင့်ခန်းလုပ်ခြင်းသည် သွေးလည်ပတ်မှုကို ကောင်းစေသည့်အပြင် သက်လုံကောင်းစေခြင်း၊ အခြားပြင်ပရောဂါများ ဝင်ရောက်လာလျှင်ပင် ခံနိုင်ရည် ရှိနိုင်သည့်အတွက် တနေ့လျှင် နာရီဝက််မှ တစ်နာရီထိ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးသင့်ပါသည်။ (အလေးပင်မခြင်း၊ လေ့ကျင့်ခန်း အလွန်ကျွံ လုပ်ခြင်းကို အထူးရှောင်ကြဉ်ပါ။)

✅ ၃။ စိတ်ဖိစီးမှုများကို လျှော့ချခြင်း

လူတစ်ယောက်၏ စိတ်သည်လည်း ခန္ဓာကိုယ်ကျန်းမာရေးအတွက် လွန်စွာမှ အရေးကြီးသည့်အတွက် မိခင်လောင်းတို့အနေဖြင့် အတတ်နိုင်ဆုံး မိမိ၏ စိတ်ကိုပျော်ရွှင်စွာ ထားနိုင်အောင် ကြိုးစားသင့်ပါသည်။

အစိုးရိမ်ကြီးခြင်း၊ ဒေါသ အလွန်အမင်းထွက်ခြင်း၊ သောကများခြင်း နှင့် ကြောက်စိတ် စသည်တို့ ဖြစ်ပေါ်လာပါက မိမိ၏ စိတ်ကိုဖြေလျှော့နိုင်ရန် ကြိုးစားသင့်ပါသည်။ အကယ်၍ ဖြေလျှော့မရပါက သက်ဆိုင်ရာ စိတ်ကျန်းမာရေး ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ စိတ်ဖိစီးမှု များခြင်းသည် မိခင်များအတွက်သာမက ကလေးကိုပါ ထိခိုက်စေနိုင်ပါသည်။

✅ ၄။ ကိုယ်ဝန်အပ်ခြင်း

ကိုယ်ဝန်ဆောင် မေမေတို့အနေဖြင့် ကိုယ်ဝန်ရှိနေမှန်း သိရှိသည်နှင့် တပြိုင်နက် သားဖွားမီးယပ်ဆရာဝန် နှင့် ပြသ တိုင်ပင်သင့်ပါသည်။ သို့မှသာ မိခင်၏ ကျန်းမာရေး၊ ကိုယ်ဝန်အခြေအနေနှင့် သန္ဓေသား ကျန်းမာရေးကိုပါ သိရှိကာ မွေးဖွားချိန်တွင် အဆင်ပြေပြေ မွေးဖွားနိုင်မည်ဖြစ်ပါသည်။

✅ ၅။ ဘဝနေထိုင်မှုပုံစံ

မိခင်လောင်းများအနေဖြင့် ဆေးလိပ်သောက်သုံးခြင်း၊ အရက်သေစာ သောက်စားခြင်းကို အထူးရှောင်ကြဉ်သင့်ပါသည်။

ထို့ပြင် ကော်ဖီ၊ လက်ဖက်ရည် စသည်တို့သည် ကဖိန်းဓာတ်ပါဝင် သည့်အတွက် အလွန်အကျွံ သောက်သုံးပါက အချင်းမှ တစ်ဆင့် သန္ဓေသားဆီသို့ ရောက်ရှိနိုင်ပြီး သန္ဓေသား ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါသည်။

Keep Reading

🤰ကိုယ်ဝန်ဆောင်မေမေတို့ ဖတ်ဖို့လူကြီး၊ လူငယ်မရွေး ဖြစ်တတ်တဲ့ မှတ်ဥာဏ်လျော့ပါးခြင်းရောဂါ (Dementia)ညဘက်တွေမှာ “အိပ်မပျော်လို့ ဖုန်းသုံးလေ…ပိုပြီးအိပ်မပျော်လေ” ဖြစ်တယ်ဆိုတာ ဖုန်းကထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကြောင့်ဆိုတာ သင်သိပါသလား❓အမြဲလိုလို ချွေးထွက်နေတတ်တဲ့လက်ဖဝါးတွေ သင့်မှာရှိနေပြီလား💭 ကိုယ့်စိတ်က ပျော်နေတဲ့အခါ ခန္ဓာကိုယ်က ဒီဟော်မုန်း(၄)ခုကို ထုတ်ပါတယ် … စိတ်မပျော်တဲ့အခါမှာလည်း ဒီဟော်မုန်းတွေထွက်အောင် လုပ်ယူလို့ရပါတယ်အူမကြီးကင်ဆာကို လျှော့မတွက်ပါနဲ့…ဖားပြုပ်အဆိပ်အရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?မှန်ကန်စွာ သင့်စွမ်းအင်ကိုစီမံခန့်ခွဲပြီး အောင်မြင်မှုကိုရယူလိုက်ပါ