Nanda
Melatonin ကို ပုံမှန်သုံးစွဲခြင်းအကြောင်းကို
ကျွန်တော်တို့သိထားဖို့ လိုပါတယ်။ အမြဲတမ်းလိုလို
အိပ်မပျော်နိုင်ဖြစ်ရင် အရမ်းဒေါသထွက်စရာကောင်းပါတယ်။ လိုအပ်တဲ့အနားယူမှုကို ရရှိနိုင်စေဖို့
လူအများစုက melatonin သောက်ကြပါတယ်။
ဒါပေမဲ့ melatonin က နေ့တိုင်းသောက်ရင်
အန္တရာယ်ရှိနိုင်ပါသလား။ melatonin ကို နေ့စဉ်
အသုံးပြုခြင်းက အန္တရာယ်များမများဆိုတာကို
အိပ်စက်ခြင်းဆိုင်ရာ ကျွမ်းကျင်သူများက
ပြောဆိုထားတာကို ဖော်ပြပေးလိုက်ပါတယ်။
#Melatonin_ဆိုတာဘာလဲ။
Melatonin ဆိုတာ ဦးနှောက် ပီနီယယ်ဂလင်းထဲမှ ထုတ်လုပ်လိုက်သော ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။
ဒီဟော်မုန်းက ပုံမှန်အိပ်စက်နိုင်အောင် ကူညီပေးနိုင်
ပါတယ်။ နေဝင်ချိန်မှာ melatonin ဟော်မုန်းတွေ
ထွက်လာပါတယ်။ melatonin ဟော်မုန်းတွေက
ထွက်လာပြီးနောက် နှစ်နာရီလောက်မှာ ကျွန်တော်တို့ကို အိပ်ငိုက်လာအောင် လုပ်ပေးပါတယ်။ မနက်ပိုင်း နေထွက်လာချိန်မှာ melatonin ဟော်မုန်းဓာတ်တွေ ကျသွားပြီး
နိုးထရမယ့်အချိန် ရောက်လာပါတယ်။
#Melatonin ဖြည့်စွက်စာများက မည်သည့်အရာများဖြစ်သနည်း။
ဦးနှောက်က ပုံမှန်အားဖြင့် melatonin ဟော်မုန်း (၀. ၂) မီလီဂရမ်လောက်ပဲ ထုတ်လုပ်နိုင်ပါတယ်။ တစ်ချို့သူများအတွက် လိုအပ်တဲ့အနားယူမှုကို မရနိုင်စေပါဘူး။
ဒါကြောင့် ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ ပမာဏထက်
ပိုမြင့်မားတဲ့ melatonin ဖြည့်စွက်ချက်များကို အိပ်ပျော်
စေနိုင်ဖို့အတွက် အသုံးပြုကြပါတယ်။
Melatonin ဖြည့်စွက်စာများက ကျွန်တော်တို့ကို အိပ်ငိုက် လာစေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်များကို
အနားရစေဖို့ ကူညီပေးနိုင်ပါတယ်။
Melatonin က အိပ်ပျော်ဖို့ ခက်ခဲသူများကို အိပ်ပျော်
နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ စိတ်လှုပ်ရှားမှုများနှင့် လေယာဉ်အချိန်အကြာကြီးစီးပြီး ပင်ပန်းနွမ်းနယ်ကာ
နေရာဒေသအချိန်ကွဲလွဲမှုများကို အသာလေး ဖြေဖျောက်ပေးနိုင်ပါတယ်။
Melatonin က ဥရောပမှာ ဆရာဝန်ညွှန်ကြားချက်ဖြင့်
ဝယ်နိုင်သော ဆေးဝါးဖြစ်ပေမယ့် အမေရိကမှာတော့
ဆေးဆိုင်တွေနဲ့ အာဟာရဖြည့်စွက်စာဆိုင်တွေမှာ
ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဝယ်ယူနိုင်တဲ့ ဖြည့်စွက်စာ
တစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။ melatonin
ဘရန်းတွေအများကြီးအနက်မှ အခြားပါဝင်ပစ္စည်းများနဲ့
ရောထားတဲ့ melatonin မဟုတ်ဘဲ melatonin
စစ်စစ်ကိုသာ ဝယ်ယူရရှိနိုင်ဖို့ အရေးကြီးပါတယ်။
Melatonin ကို နေ့တိုင်းသောက်သုံးရင် အန္တရာယ် ရှိနိုင်ပါသလား။ ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါသလား။?
ညတိုင်း melatonin ကို သောက်သုံးခြင်းက အန္တရာယ်
မရှိနိုင်ပါဘူး။ သို့သော် အိပ်မပျော်နိုင်ခြင်းဖြစ်နေသူ
အားလုံးအတွက်နှင့် ရေရှည်အသုံးပြုနိုင်ရေးအတွက်
ဘေးကင်းပြီးထိရောက်မှုရှိသလားဆိုတာကို ဆုံးဖြတ်ဖို့တော့ ပိုကြီးမားတဲ့လေ့လာမှုတွေ လိုအပ် နေပါသေးတယ်။ melatonin ကို လူအများစုက နှစ်ပေါင်းများစွာကြာအောင် ဘေးကင်းစွာ အသုံးပြုနေကြပါတယ်။
မလိုလားအပ်သည့် ဘေးထွက်ဆိုးကျိုးများ မဖြစ်အောင်
တစ်ညကို (၁-၃) မီလီဂရမ်ထက် မပိုအောင် သောက်သုံး
သင့်ကြောင်း အကြံပြုထားပါတယ်။ ပုံမှန်ဖြစ်လေ့ရှိသည့် ဘေးထွက်ဆိုးကျိုးများက အိပ်မက်မက်ခြင်း၊ အိပ်မက်ဆိုးမက်ခြင်း သို့မဟုတ် မနက်ပိုင်း အိပ်ငိုက်ခြင်း စသည်တို့
ဖြစ်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်တယ်ဆိုရင် melatonin သောက်သုံးခြင်းကို ရပ်တန့်ပြီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
🔹️Melatonin က လူတိုင်းအတွက် ဘေးကင်းတယ်လို့
ယူဆလို့ရပါသလား။?
Melatonin က လူတိုင်းအတွက် မသင့်တော်ပါဘူး။
ကိုယ်ဝန်သည်များ၊ မိခင်နို့တိုက်ကျွေးနေရသည့် မိခင်များ၊ ခုခံအားစနစ်မကောင်းသူများ၊ လေငန်းဖြတ်ထားသူများနှင့် စိတ်ကျရောဂါရှိသူများက melatonin ကို မသောက်သုံး
သင့်ပါဘူး။ ဆီးချို သို့မဟုတ် သွေးတိုးရှိနေလျှင် melatonin မသောက်သုံးခင် ဆရာဝန်နှင့် အရင်ဆုံးတိုင်ပင်ဆွေးနွေးပါ။ သင်က ဆေးသောက်သုံးနေရသူ
ဖြစ်ပါက melatonin က ထိုဆေးများကို ထိရောက်မှုအားနည်းစေခြင်း သို့မဟုတ် ဘေးထွက်ဆိုးကျိုးများ
ဖြစ်လာစေခြင်းတို့ မဖြစ်ရလေအောင် အရင်ဆုံး ဆရာဝန်
နှင့် တိုင်ပင်ဆွေးနွေးပါ။
🔹️Melatonin ကို ကျွန်တော်သောက်သုံးလို့ မရလျှင်
မည်ကဲ့သို့ လုပ်ရမည်နည်း။
နှစ်ပတ်လောက် ညတိုင်း melatonin သောက်သုံးကြည့်ပြီး အာနိသင်မပြဘူးဆိုလျှင် တခြားရွေးချယ်စရာများအကြောင်းကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ ညနေဘက်မှာ ကဖိန်းဓာတ်ပါသည့် အစားအစာများစားခြင်း၊ အရက်သောက်ခြင်း စသည်တို့ကို လျော့ချရပါမယ်။ အိပ်ရာမဝင်ခင် အနည်းဆုံးမိနစ်သုံးဆယ်ခန့်စောပြီး ဖုန်းမျက်နှာပြင်များကို ပိတ်ထားရပါမယ်။
melatonin မသောက်သုံးဘဲ ညဘက်မှာ ကောင်းမွန်စွာ အိပ်စက်နိုင်စေဖို့ အခြေအနေများကို ဖန်တီးနိုင်မယ့် နည်းလမ်းအများအပြား ရှိပါတယ်။ ခန္ဓာကိုယ်အနားရစေဖို့ အိပ်ရာမဝင်ခင် မီးရောင်ကို လျော့ထားပါ။ ညနေခင်းမှာ တီဗီကြည့်လျှင် မျက်နှာပြင်နှင့် အနည်းဆုံး ခြောက်ပေအကွာမှာနေပါ။
တီဗီမှလာသည့် အပြာရောင်အလင်းတန်းက တမှေးအိပ်ပျော်သွားစေနိုင်ပါတယ်။ လူတိုင်းက အိပ်ချိန်အလုံအလောက်ရရှိဖို့လိုအပ်ပါတယ်။ ပတ်ဝန်းကျင်နှင့်လိုက်ပြီး လိုအပ်သည့် ပြောင်းလဲမှုများကို ပြုလုပ်နိုင်စေဖို့က အရေးကြီးပါတယ်။
ဒါမှသာ အိပ်မက်ကမ္ဘာလေးထဲကို အလွယ်တကူလွင့်မျောသွားနိုင် တော့မှာ ဖြစ်ပါတယ်။
Keep Reading