Zinmon
“စိတ်ခံစားမှု ကျန်းမာရေး”စာအုပ်ကနေရခဲ့တဲ့အတွေးအမြင်မရေးခင်၊စာအုပ်နဲ့ပတ်သက်ပြီးmemory လေးပြောပြချင်ပါတယ်။
2019တုန်းကOcean Supermarketမှာစာအုပ်စင်တာဘက်သွားရင်းစာအုပ်ဝယ်ဖို့စိတ်ကူးဖြစ်သွားတယ်။အဲတုန်းကစာဖတ်တဲ့သူတော့ မဟုတ်ဘူး။emotionအတက်၊အကျမြန်လို့ စာအုပ်ခေါင်းစဉ်
အရင်ကြည့်ပြီးဝယ်လာခဲ့တဲ့စာအုပ်ကတော့ အခုရေးပေးမယ့်စာအုပ်ရယ်၊နောက်ပြီးဆရာလှသမိန်ရဲ့”စိတ်ပျိုးထောင်နည်း”စာအုပ်ရယ်၊ဆရာဖေမြင့်ရဲ့”ပြောတတ်ဆိုတတ်ပေါင်းသင်းတတ်တဲ့”စာအုပ်ရယ်၊အဲတုန်းကpopular ဖြစ်တဲ့ဆရာလင်းရောင်စင်ရဲ့”ငါ့အတွက်ငါရှိတယ်” အဲ့(၄)အုပ်ဝယ်လာခဲ့တယ်ပေါ့။လေးအုပ်စလုံးတော့တစ်ဝက်တစ်ပျက် ဖတ်ပြီးဒီအတိုင်းထားခဲ့တဲ့စာအုပ်တွေကြီးပဲ။အဲတုန်းကစာအုပ်တန်ဖိုးလည်းသိပ်မများသေးဘူး။အဲအချိန်တုန်းကစာဖတ်တဲ့သူတစ်ယောက်ဆိုစာအုပ်ဖိုးအများကြီးသက်သာမိမယ်ဆိုတာ အမှန်ပါပဲ…..
ဒီစာအုပ်က အောက်စဖို့ဒ်ဆရာတော်
ဒေါက်တာအရှင်ဓမ္မသာမိရဲ့(စိတ်ခံစားမှုကျန်းမာရေး)Emotional Health စာအုပ်ပဲဖြစ်ပါတယ်။
ဒီစာအုပ်မှာemotionနဲ့ပတ်သက်ပြီး ခေါင်းစဉ်
တစ်ခုချင်းစီ သေချာရှင်းလင်းအောင်ရေးပြထားတော့emotionအတက်၊အကျဖြစ်နေသူအတွက်
ဖတ်ဖို့အကောင်းဆုံးစာအုပ်တစ်အုပ်ပါ။
လူနေမကောင်းရင်’အကောင်းဆုံးဆေးတစ်ခွက်’
ဆိုသလို
စိတ်နေမကောင်းရင်’အကောင်းဆုံး’စာအုပ်တစ်အုပ်ပါ။
Mindfulness,Awareness နဲ့ပတ်သက်ပြီးအသေးစိတ်ရေးထားတယ်ဆိုတာထက်
လိုရင်းတိုးရှင်းဖတ်ရမှာပါနော်။
စာအုပ်ထဲမှာဗုဒ္ဓတရားနဲ့ပတ်သက်ပြီးယှဉ်တွဲရေးပြထားတာတွေရှိပါတယ်။နောက်ပြီးမုဒိတာ၊ဥပေက္ခာ၊ကရုဏာ၊ဒုက္ခ၊ဒေါသ၊လက်ခံခြင်းတရားနဲ့ပတ်သက်ပြီး စိတ်ကျန်းမာအောင် ဘယ်လိုနေထိုင်ပြုမူသင့်သလဲဆိုတာ တွေ့မြင်ရပါ့မယ်ရှင့်။
အစကreview လောက်ပဲရေးမယ်ဆိုပေမဲ့
စာအုပ်ထဲကကြိုက်နှစ်သက်တာတွေကိုယ်မျှဝေဖို့စိတ်ကူးဖြစ်သွားပါတယ်။
Awareness
—————-
သတိတရားကစိတ်ခံစားမှုတွေနဲ့ပတ်သက်ပြီး
အန္တာရယ်မဖြစ်အောင် ဒုက္ခတွင်းထဲ
မကျအောင်စောင့်ရှောက်ပေးတယ်။
သတိနဲ့လက်တွဲပြီးဗြဟ္မစိုရ်တရားဖြစ်တဲ့ကရုဏာနဲ့မုဒိတာက စိတ်ခံစားမှုဖွံ့ဖြိုးကျန်းမာအောင်၊ဖြူစင်အောင်လုပ်ပေးပါတယ်။
သတိဆိုတဲ့ပါဠိစကားလုံးဟာအမှန်တရားကိုလက်ခံမှု၊အသိအမှတ်ပြုမှု၊ငြိမ်းချမ်းစွာရင်ဆိုင်မှုလို့အဓိပ္ပါယ်ရပါတယ်။
မုဒိတာဆိုတာ
——————
မိမိအတွက်လောက်ပဲဝမ်းသာရင်မုဒိတာအစစ်မ
ဖြစ်သေးပါဘူး။မုဒိတာအကြာကြီးလည်းမဖြစ်သေးပါဘူး။သူများအတွက်ပါဝမ်းသာနိုင်မှမိမိရဲ့မုဒိတာအခြေခံခိုင်ပါတယ်။
မုဒိတာရဲ့ဆန့်ကျင်ဘက်က(စိတ်အားငယ်တာ၊မနာလိုဝန်တိုတတ်တာ)ဣဿာမစ္ဆရိယလို့ခေါ်တယ်။
မိမိမှာရှိတဲ့ကောင်းကွက်တွေ မကြာ မကြာ စဉ်းစားပြီးမုဒိတာလေ့ကျင့်ပါ။မုဒိတာပိုခိုင်မာအောင်အခြားသူများရဲ့ကောင်းကွက်တွေကိုလည်းစဉ်းစားပြီးတန်ဖိုးထားမုဒိတာအကျင့်ပွါးပေးပါ။
ဥပေက္ခာဆိုတာ
———————
ဗြဟ္မစိုရ်ထဲကဥပေက္ခာအစစ်ကဘဝဒုက္ခကိုလက်မ
လျှော့ဘူး။ဘဝဒုက္ခကိုလက်ခံတယ်၊ကိုင်တွယ်တယ်။
တစ်ဖက်ကလောဘ၊နောက်အခြားတစ်ဖက်ကဒေါသဆန့်ကျင်ဘက်emotionနှစ်ခုတို့ရဲ့လွန်ဆွဲအားပြိုင်မှုကိုတောင့်ခံနိုင်တဲ့အထိအခြေခံတဲ့စိတ်စွမ်းကိုဥပေက္ခာဖြစ်ပါတယ်။
ကရုဏာဆိုတာ
———————
ကရုဏာကအခက်အခဲနဲ့တွေ့တဲ့နေရာမှာပြဿနာရှိတဲ့နေရာမှာအသုံးပြုရတဲ့Quality နှလုံးရည်တစ်ခုပါ။
ကရုဏာတရားကိုများများပွါးပါ။ဒီကရုဏာတရားတွေနဲ့အညီ မိမိရဲ့ကိုယ်စီ ကိုယ်စီ နှလုံးသားထဲမှာဓမ္မစေတီတည်နိုင်တဲ့ပုဂ္ဂိုလ်များဖြစ်နိုင်အောင်ကြိုးစားကြရမယ်။
ဒုက္ခဆိုတာ
—————
ဒုက္ခအများကြီးနားလည်သွားလို့ရှိရင်လူကနေတာထိုင်တာဆင်ခြင်သွားတယ်။သူ့စိတ်ကိုယ်လည်းသူဆုံးမတယ်။မိမိရဲ့ဒုက္ခ၊သူတစ်ပါးရဲ့ဒုက္ခကိုဆင်ခြင်တတ်တဲ့ပုဂ္ဂိုလ်၊တွေးတတ်တဲ့ပုဂ္ဂိုလ်တွေဆိုရင်ဒုက္ခနဲ့တွေ့တဲ့အခါမှာခံနိုင်စွမ်းပိုပြီးတော့များတယ်။
လက်ခံခြင်းဆိုတာ
————————-
အခြေအနေတစ်ခုကို စိတ်ကုန်နေလျှင်စိတ်ကုန်နေတယ်ဆိုပြီး မိမိကိုယ်ကိုအတတ်နိုင်ဆုံး တည်
တည်ငြိမ်ငြိမ်နဲ့အသိအမှတ်ပြု(recognize)လုပ်ပါ။
စိတ်ထဲလက်ခံပြီးရင်စိတ်ငြိမ်းချမ်းမှု
အတိုင်းအတာတစ်ခုအထိရနိုင်တယ်။
ခန္ဓာကိုယ်နာကျင်မှုဖြစ်တယ်ဆိုရင်နာကျင်တာကိုသတိအပြည့်နိုးကြားမှုအပြည့်နဲ့လက်ခံလိုက်တဲ့အခါမှာမသိစိတ်ကအဲဒီနာကျင်မှုနဲ့ရန်မဖြစ်တော့ဘူး။ရန်မဖြစ်တော့ရင်နဂိုရှိရင်းစွဲဝေဒနာကတိုးမလားဘူး။
စိတ်ကျန်းမာရေးကောင်းမွန်စေရေးအတွက်ဒေါသကိုဒေါသအနေနဲ့လက်ခံရမယ်။ဒေါသကိုလက်ခံတယ်ဆိုတာဒေါသကိုအကောင်းမြင်ချီးမွမ်းဖို့မဟုတ်ပါဘူး၊အဆိုးမြင်အပြစ်တင်ဖို့လည်းမဟုတ်ပါဘူး၊အကောင်းအဆိုးသဘောမပါဘဲနဲ့ သူ့ဟာသူဖြစ်နေ ရှိနေတဲ့ ဒေါသကို ရှိနေ၊ဖြစ်နေမှန်း သတိနဲ့ကပ်ထားနေတာကို ဆိုလိုပါတယ်။
အကောင်းမြင်ဝါဒ(Positive Thinking)
———- ————— ————- ————
*အကောင်းမြင်ဝါဒဆိုသည်မှာမည်သည့်ပြဿနာမဆိုအနာသိလျှင်ဆေးရှိသည်။ဖြေရှင်းနိုင်သည်ဟုယုံကြည်ယူဆထားခြင်းဖြစ်ပါတယ်။
***ဘဝ ဘဝ များစွာမှာ ဒေဝဒတ်ရဲ့နှောင့်ယှက်မှုကိုခံရတဲ့ဂေါတမဘုရားလောင်းဟာ ဒေဝဒတ်ကိုဖယ်ရှားဖို့၊နှောင့်ယှက်ဖို့၊အကျိုးယုတ်စေဖို့မလုပ်ခဲ့ပါဘူး။နောက်ဆုံးဘဝထိလိုက်ပြီးစနှောင့်ယှက်ခဲ့ပေမဲ့ကရုဏာအခြေခံတဲ့အကောင်းမြင်ဝါဒနဲ့သာပြဿနာကိုဖြေရှင်းတော်မူခဲ့ပါတယ်။
စိတ်ပိုင်းဆိုင်ရာပြဿနာကိုဘယ်လိုကိုင်တွယ်မလဲ
——— ———— ————— ————- ————-
*မိမိရဲ့ inner child ရင်တွင်းကရင်သွေးနဲ့တူတဲ့စိတ်ဖိစီးမှုကိုကြည့်ပေးပါ။၁မိနစ်၊၂မိနစ်ခန့်ကိုယ့်ကိုယ်ကိုအချိန်ပေးပါ။ဝဝလင်လင် အသက်ရှုပေးပါ။သူများကို အပြစ်တင်ချင်တဲ့ အတွေးတွေပေါ်လာရင် အဲဒီစိတ်ကို inner child ရင်တွင်းထဲက တစ်ဦးတည်းသော ရင်သွေးလို့ မေတ္တာနဲ့ကြည့်ပေးပါ။ဒီရင်သွေးလေးက ပူလောင်နေတယ်။ကြောက်နေပါတယ်။သူ့ကိုအလိုလိုက်ပြီး လျှောက်တွေး လျှောက်ပြောမဲ့အစား ဖြစ်တတ်တဲ့ သဘာဝတစ်ခုပါဆိုပြီး အတွေးကိုတည့်မတ်ပေးပါ။
ဒီစာအုပ်တစ်အုပ်လုံးစာအတွက် အနှစ်ချုပ်
လိုက်ပါတယ်ရှင့်။တကယ်လို့ဝယ်ဖတ်ဖို့အဆင်
မပြေရင် အခုအနှစ်ချုပ်လေးဖတ်လိုက်တော့စာအုပ်အကြောင်းအရာလည်းသိခွင့်ရပြီး စိတ်ခံစားမှု ကျန်းမာရေးလည်းကောင်းပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။
ကျွန်မလည်းဒီစာအုပ်ဖတ်ပြီးသွားတော့ awareness ပိုရှိသွားပါတယ်ရှင့်။
ဝယ်ထားတုန်းက စာအုပ်တန်ဖိုး(၃၀၀၀)ကျပ်ပါရှင့်
စာအရှည်ကြီးဖတ်ရှု့ပေးတဲ့တစ်ဦး၊တစ်ယောက်ချင်းစီကျေးဇူးတင်ရှိပါတယ်ရှင့်……
#Zinmon
#booksharing
1.10.2024
?#photocrd
Keep Reading