Smart
ဘဝ အပြောင်းအလဲဖြစ်ချင်ရင်
10% လောက်ကပဲ
ပြင်းအားနဲ့ဆိုင်တယ်။
နောက်ထပ် 90% လောက်က
နေ့စဉ်ပုံမှန်လုပ်သွားနိုင်တဲ့
အရွေ့ထဲမှာ ရှိတယ်။
စာတစ်ခါဖတ်ရင်
ဘယ်လောက်ပဲကြာတယ်ပြောပြော၊
တစ်ပတ်မှာ ၅ ရက်ပြည့်အောင်
စာဖတ်ဖို့တောင်
မနည်းကြိုးစားနေရရင်
ပိုတော်တဲ့လူဖြစ်လာဖို့ မလွယ်ဘူး။
လေ့ကျင့်ခန်းကို
ဘယ်နှနာရီပဲ ကြာအောင်လုပ်လုပ်၊
နေ့စဉ် မိနစ် ၃၀ လောက်
ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ ဝန်လေးနေရင်
ခန္ဓာကိုယ်ကျန်းမာရေး
တိုးတက်လာဖို့ မလွယ်ဘူး။
ပြင်းအားရှိပြီး နေ့စဉ်မလုပ်နိုင်ရင်
လိုချင်တာတွေ ဖြစ်လာဖို့ဆိုတာ
လုံးဝမဖြစ်နိုင်ဘူး။
ကြာကြာနေမှ လူအထင်ကြီးအောင်
တစ်ခါထလုပ်ပြီး ကြည့်ကောင်းအောင်
အပင်ပန်းခံပြနေတဲ့သူထက်၊
နေ့စဉ် ကိုယ်အမြဲလုပ်နိုင်မယ့်
အတိုင်းအတာကို
စိတ်မပါတဲ့ကြား၊
ဘယ်သူမှ အသိမှတ်မပြုတဲ့ကြားက၊
မှန်မှန်လုပ်သွားနိုင်တဲ့သူက
အချိန်တိုင်းမှာ ပိုရှေ့ရောက်တယ်ဆိုတာ
မမေ့ဖို့လိုပါတယ်။
*********************************
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
Keep Reading