Author's Profile Photo

Sharing By Yin

30/04/2025

လယ်ယာစိုက်ပျိုးရေးအထိပါ နောက်ထပ် ရောက်ရှိလာတော့မည့် AI

1 min read
General Knowledge
Career & Job Market
Creative

လယ်ယာစိုက်ပျိုးရေး အထိပါ နောက်ထပ် ရောက်ရှိလာတော့မည့် AI 

အကုန်လုံး သိကြတဲ့အတိုင်း ယနေ့ခေတ်မှာ AI အသုံးပြုမှုက ပိုမို များပြားလာပြီး AI က Daily Life မှာတင် နေရာ အမျိုးမျိုးမှာ ဝင်ရောက်လာပြီပဲဖြစ်ပါတယ်။ အခုလည်း AI ဟာ လယ်ယာစိုက်ပျိုးရေး အထိပါ နောက်ထပ် ရောက်ရှိလာတော့မှာပါ။ 

မနေ့ March 10 မှာ ABC News မှာ တင်ထားတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတစ်ခုကို တွေ့ခဲ့ပါတယ်။ အဲ့တာက AI ဟာ စပျစ်ခြံ တွေအထိ ရောက်ရှိလာပြီး ဝိုင်ထုတ်လုပ်ဖို့ပါ လုပ်ဆောင်နေပါပြီ ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။  

Los Angeles မှာ AI ထွန်စက်တွေ ( artificial intelligence-backed tractors ) အသုံးပြုလို့ ရအောင် ပြုလုပ်ပြီး အသုံးချမယ်လို့ စီစဉ်ထားတယ်လို့ တွေ့ရပါတယ်။ 

Tom Gamble ဆိုတဲ့သူက ကိုယ်ပိုင်စီမံနိုင်တဲ့ထွန်စက် ( autonomous tractor) တစ်လုံးဝယ်ယူခဲ့ပြီးတော့ self-drive features ( ကိုယ်ပိုင် မောင်းနှင်နိုင်သောစနစ် ) တွေ AI နည်းအရ အာရုံခံနိုင်တဲ့ ကိရိယာ တွေကို တပ်ဆင်ပြီး ဘယ်လို အသုံးပြုရမယ် ဆိုတာကို ရေးဆွဲနေတယ်လို့ ပြောပါတယ်။

ဒါဟာ “လူတွေရဲ့ လုပ်ဆောင်ချက်ကို အပြည့်အဝ အစားထိုးသွားမှာတော့ မဟုတ်ဘူး စပျစ်ခြံ ထဲကို ကိုယ်တိုင် ခြေချဝင်ရောက် လုပ်ကိုင်တာကသာ သူ့အတွက် သဘောကျဆုံး အရာ ဖြစ်တယ်” လို့လည်း ပြောခဲ့ပါသေးတယ်။ ပြီးတော့ ဒါက “နောက်ဆုံးမှာ smart ကျကျ intelligent ရှိရှိ နဲ့ လုပ်ဆောင်နိုင်ပြီး ပင်ပန်းနွမ်းနယ် မှုလျော့နည်းအောင် ပြုလုပ်တဲ့ ဆုံးဖြတ်ချက် တစ်ခုပဲ ဖြစ်ပါတယ်” လို့လည်း ပြောခဲ့ပါသေးတယ်။ 

ပြီးတော့ သူက ဒီစက်ကို စီးပွားရေး အရရော လေထု အရည်အသွေး အပြင် အခြား အရေးပါတဲ့ နေရာတွေအတွက် အသုံးပြုဖို့ စဉ်းစားထားတာပါတဲ့ ဘာလို့ဆို ထွန်စက်တွေကြောင့် လောင်စာ အသုံးပြုမှုကို လျှော့ချစေနိုင်ပြီး ညစ်ညမ်းမှုကို လျော့ချ စေနိုင်အောင်ပါတဲ့။ 

 AI tractor တစ်ခုကို လယ်ယာစိုက်ပျိုးရေးမှာ အသုံးပြုဖို့ဆိုတာ challenging ဖြစ်သလို ကောင်းကျိုး နဲ့ ဆိုးကျိုးတွေလည်း ရှိမှာပါ။ တိုးတက်လာတဲ့ Society နဲ့ အတူတူ အစားထိုးမှုတွေ အများကြီးလည်း ပေါ်ပေါက်လာပြီး စိုးရိမ်စရာ ကိစ္စတွေလည်း အများကြီး ပေါ်ပေါက်လာပါတယ်။ ထို့အတူ ကျွန်မတို့ လူနေမှု ဘဝ နဲ့ အတွေးအမြင် တွေကလည်း အချိန်နှင့် အမျှ ပြောင်းလဲနေတာပါ။

ဒီထဲ Gamble ပြောသွားတာက “ လယ်သမားတွေ ဆိုတာကလည်း အမြဲတမ်း ပြောင်းလဲနေတာပါပဲ။ ပထမဆုံး မြင်းတွေ ကုလားအုပ် တွေနေရာမှာ ထွန်စက် တွေ အစားထိုးတုန်းကလည်း စိုးရိမ်ခဲ့ကြတာပါပဲ ဒါပေမယ့် နည်းပညာ က သက်သေပြသွားခဲ့ပါတယ်” တဲ့ ဒီတော့ သူက အခုဆက်ပြီးလည်း AI tractor အပေါ် ယုံကြည်နေခဲ့မှာပါပဲ။

 ဒီလိုမျိုး Technology ကို အသုံးပြုပြီးတော့ Agriculture မှာ ပိုမို အဆင်ပြေအောင် လုပ်ဆောင်တာတွေလည်း အများကြီး ရှိပါတယ်။ နေရာဒေသ အပေါ်လိုက်ပြီး အတွေးအမြင် တွေကတော့ အများကြီး ကွဲထွက်နေမှာပါပဲ။ အခု ဒီ content လေးကလည်း ခေတ်နဲ့အညီ ပေါ်ထွက်နေတဲ့ သတင်းကို ဖော်ပြလိုက်တာဖြစ်ပြီး မည်သူ တစ်ဦးတစ်ယောက် ကိုမှ ထိခိုက်လိုစိတ်မရှိဘဲ Sharing လုပ်ပေးတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။

 အတွေးအမြင် အသစ်တွေ ဖြစ်ပေါ်လာပြီး အများကို Sharing လုပ်ချင်ရင်လည်း comment မှာ ရေးသွားလို့ရပြီး သတင်း အပြည့်အစုံကိုဖတ်ချင်ရင်လည်း အောက်မှာ ပြသွားပေးမှာပဲ ဖြစ်ပါတယ်။ 

Source From 
https://abcnews.go.com/


AI made its way to vineyards. Here's how the technology is helping make your wine

https://abcnews.go.com/Technology/wireStory/ai-made-vineyards-technology-helping-make-wine-119625746

Our Telegram Channel 
https://t.me/sharing_by_yin

Our Facebook Page 
https://www.facebook.com/profile.php?id=61573904790600&mibextid=ZbWKwL

Keep Reading

ကိုယ့်ကိုယ်ကိုယ်ကုစားနည်းစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအကျင့်ဆိုးဖျောက်နည်းစိတ်ခွန်အားပြန်လည်မွေးယူပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျူတွေ ဘယ်ပျောက်သွားသလဲစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းအာရုံများနေခဲ့ရင်ဘာလုပ်သင့်လဲနှစ်သစ်ကူး(တန်ခူးလ)၏ အကြောင်း သိမှတ်ဖွယ်ရာများ။