Author's Profile Photo

toho

18/04/2025

နတ်သျှင်နောင်

1 min read
Book Review
နတ်သျှင်နောင်'s photo

ဒီနေ့မှာ ဆရာမ စိမ့်(ပညာရေး) ရေးသားထားတဲ့ ရာဇဓာတုကလျာစာအုပ်ထဲက နတ်သျှင်နောင်ရဲ့ ဘဝအကြောင်းကို ဖော်ပြချင်ပါတယ်။နတ်သျှင်နောင်လို့ကြားလိုက်တာနဲ့ အလွမ်းတွေဝေတဲ့ရတုမြောက်မြားစွာကို ရေးသားခဲ့တဲ့သူလို့ တန်းပြီး သတိရမိမယ်ထင်ပါတယ်။ဒါကြောင့် နတ်သျှင်နောင်ရဲ့ ဘဝအစိတ်အပိုင်းကို စာအုပ်ထဲက ကောက်ယူလို့ရသလောက် အကျဉ်းချုပ်လေးတင်ပြလိုက်ပါတယ်နော်။

"အကျဉ်းချုပ်ကတော့ ဒီလိုပါ"

မဟာဥပရာဇာမင်းကြီးစွာက ဓာတုကို သိမ်းပိုက်ပြီးတော့ ယိုးဒယားနဲ့စစ်တိုက်ရင်း ဆုံးသွားတယ်။အဲ့တိုက်ပွဲမှာ နတ်သျှင်နောင်ကပါဝင်တိုက်ရတာ။သူက တောင်ငူမင်းသား၊ကူတိုက်ပေးရတာက ဟင်္သာဝတီဘက်ကို။ဒီလိုနဲ့စစ်ပွဲကပြန်လာရင်း ဟင်္သာဝတီမှာ စံမြန်းနေခိုက် ဓာတုရဲ့အလှကိုတွေ့ပြီး ရဝေရှင်ထွေးကို မေ့သွားတယ်။အဲ့မှာ ဓာတုကိုကြိုက်သွာတယ်။ဓာတုရဲ့အချစ်ကိုရဖို့ ၁ဝနှစ်လောက်စောင့်လိုက်ရပြီး လက်ထပ်လိုက်တော့ ၇လပဲနေရပြီး ဓာတုဆုံးသွားတယ်။


နတ်သျှင်နောင်က ရည်မှန်းချက်သိပ်ကြီးတာ။သူက ဘုရင့်နောင်လို ဧကရာဇ်မင်းဖြစ်ချင်တာကြောင့် ရှင်ထွေးကို မိဖုရားခေါင်အနေနဲ့မထားချင်ဘူး။ဓာတုကျတော့ ဘုရင့်နောင်ရဲ့သမီး၊မင်းသမီးဆိုတော့ ရတယ်လေ။အဲ့အချက်ကလည်း ဓာတုကို ကြိုက်ရတဲ့အကြောင်း။

သူ့ရဲ့ရည်မှန်းချက်ပြည့်ဖို့ အနှောင့်အယှက်ပေးတဲ့သူ၊ဟန့်တားတဲ့သူတွေကို ရှင်းတတ်တယ်(ဟံသာဝတီဘုရင်နဲ့မင်းသားကို ရှင်းခဲ့တယ်လို့ ဖော်ပြထားတယ်)။ ကလောင်ကိုင်တဲ့အချိန်ကျရင် နှလုံးသားနုနယ်ပေမဲ့ ဓားကိုင်တဲ့အချိန်ကျရင် ရည်မှန်းချက်ကြီးပြီး ခက်ထန်တယ်။

နတ်သျှင်နောင် တောင်ငူဘုရင်ဖြစ်စဉ်မှာ အင်းဝဘုရင်ကလာတိုက်တော့ တိုင်းပြည်ရေးကို ငဲ့ညှာပြီး အညံ့ခံလိုက်တယ်။အင်းဝဘုရင်က သူ့‌လက်အောက်ခံအနေနဲ့ သူ့ကို တောင်ငူကိုအုပ်ချုပ်ခိုင်းတယ်။အဲ့ဒါကို နတ်သျှင်နောင်ရဲ့ မောဟ၊ဒေါသ၊လောဘတွေ၊အတ္တတွေက သူ့ကိုဖိစီးပြီး မြန်မာနိုင်ငရဲ့ရန်သူ ငဇင်ကာနဲ့သွားပူးပေါင်းလိုက်တယ်။သူက သူ့နေရာပြန်ယူချင်ပြီး ဧကရာဇ်ဘုရင်ဖြစ်ချင်တာကြောင့်မို့။အဲ့မှာ ရှုံးသွားပြီး သူကပါ ကြံရာပါဆိုတာသိသွားတော့ အင်းဝဘုရင်က အမျက်ထွက်ပြီး ကွပ်မျက်လိုက်တယ်။

သူ့ညီနှစ်ပါးကတော့ သူ့ကိုအတော်ချစ်ရှာတယ်။သူ့ရဲ့အသက်ရှင်နိုင်ဖို့ အကြံဉာဏ်တွေဘာညာပေးပေမဲ့ သူ့ရဲ့မာနကြောင့် လက်မခံဘဲ အသက်သာအဆုံးခံတယ်။ဒီလိုနဲ့ နတ်သျှင်နောင်ရဲ့ ဘဝက ဆုံးသွားရပါတယ်။


ဒါကတော့ စာအုပ်ထဲမှာ ကိုယ်ဖတ်ရှုရသလောက် အကျဉ်း‌ချုပ်လေးပေါ့။ဒါကို ဖတ်လိုက်တာနဲ့တင် မြန်မာနိုင်ငံရဲ့ မင်းဆက်တွေရဲ့ ပဋိပက္ခတွေ၊အာဏာတွေ၊နတ်သျှင်နောင်ရဲ့ လောဘ‌၊အတ္တ၊မာနာ တွေကို ထင်ထင်ရှားရှားနားလည်လိုက်မယ်လို့ ထင်ပါတယ်။




အပြည့်အဝသိချင်တယ်ဆိုရင်တော့ စာအုပ်ကို ဖတ်ရှုဖို့ တိုက်တွန်းချင်ပါတယ်။မြန်မာနိုင်ငံရဲ့ သမိုင်းအကြောင်းကို သိနိုင်မယ့်စာအုပ်မို့ သင်တို့အတွက် အကျိုးမယုတ်တဲ့အပြင် အကျိုးများစွာရမယ့် စာအုပ်တစ်အုပ်ပါပဲ။

Keep Reading

နည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်သည်းခြေကြိုက် စာအုပ် ၆ အုပ်အာရုံစူးစိုက်မှုအချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအင်တာနက်နဲ့ လူနေမှုဘဝ လိုမှသုံးပါညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုး