Author's Profile Photo

Whisper of Words

17/04/2025

မမ

1 min read
Book Review
မမ's photo

အခုတစ်ခါတော့ ပုံမှန်တဲ့ မတူတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို review ပေးချင်ပါတယ် ။ "မမ" လို့အမည်ရတဲ့ ဒီစာအုပ်ကလေးကို ဆရာကြီးမြသန်းတင့်က ရေးဖွဲ့ခဲ့တာဖြစ်ပါတယ် ဇာတ်လမ်းလေးက ပုံမှန်နဲ့မတူတဲ့ ထူးခြားမှုနဲ့ စာဖတ်သူရင်ထဲ စွဲကပ်မဲ့ စာအုပ်လေးဆိုရင်လည် မမှားဘူးလို့ဆိုရပါလိမ့်မယ်။ စိတ်ဗေဒအာရုံ (psychological realism) အရ ဇာတ်ကောင်အတွင်းစိတ်ကိုဖော်ထုတ်ပြီး စာဖတ်သူကို ခံစားခိုင်းတတ်တဲ့ ဆရာမြသန်းတင့်ရဲ့ အရေးသားကတော့ အပိုပြောနေစရာလိုမယ်မထင်ပါဘူးဗျ ဇာတ်လမ်းရဲ့ထိရောက်မှုကြောင့် ဖတ်ရှုသူများအကြား သင်ခန်းစာ အနေနှင့် အလေးထားဆွေးနွေးစရာတစ်ခုတောင်ပေါ်လာနိုင်ပါတယ်

ဇာတ်လမ်းလေးနဲ့ပတ်သက်ပြီးတော့ဝါရင်စာဖတ်သူအများစုကတော့ မမ” ကို Leo Tolstoy ရဲ့ Anna Karenina ဝတ္ထုနှင့် ယှဉ်တွဲ၍ “Anna Karenina ဝတ္ထုကြီးကို မြန်မာဖန်တီးမှုဖြင့် ပြန်လည်ခံစားရေးသားထားသည်” ဟု သတ်မှတ်ကြပါတယ်။

ဇာတ်လမ်းကလည် တစ်မူးထူးခြားတယ်လို့ဆိုရပါမယ် မြန်မာလူ့အဖွဲ့စည်းမှာ အိမ်ထောင်ရေးဖောက်ပြန်မှုလို့ ခေါင်းစဉ်တပ်လိုက်တာနဲ့ အမျိုးသားများကိုသာ မီးမှောင်ထိုးပြလေ့ရှိပါတယ်။ အဲ့ဒီလိုဖြစ်တဲ့ အတွက် အမျိုးသမီးတစ်ယောက်ရဲ့ အိမ်ထောင်ရေးသစ္စာဖောက်မှုကို အသားပေးရေးထားတဲ့ "မမ"ဆိုတဲ့၀တ္ထုက မြန်မာလူ့အဖွဲ့စည်းမှာ ကွဲထွက်နေပြီး ဆန်းသစ်တဲ့ အမြင်တစ်ခု ဖြစ်နေစေတာ ကတော့ အမှန်ပါပဲ။

ဇာတ်လမ်းလေးထဲမှာတော့ မမက ဦးသက်ထွန်းဆိုတဲ့ အစိုးရအရာရှိကြီးရဲ့ဇနီးသည်ဖြစ်ပြီးတော့ ဘ၀ကိုအေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ အထက်တန်းလွှာအမျိုးသမီးတစ်ယောက်ပေါ့။ မမမှာ ဦးသက်ထွန်းနဲ့ ရတဲ့သားလေးတစ်ယောက်ရှိတယ် မမကဘ၀မှာ ဘာမှထွေထွေထူးထူးလစ်ဟာနေတာမရှိတဲ့အမျိုးသမီးတစ်ယောက် လှပတယ် ချမ်းသာတယ် ဂုဏ်ရှိတယ် ပညာတတ်တယ် အစစအရာရာ ပြည့်စုံနေတယ်။

သို့ပင်မဲ့တစ်ရက်မှာတော့ မမရဲ့ဘ၀ထဲကို မထင်မှတ်ထားပဲ မန္တလေးတက္ကသိုလ်က ကထိကတစ်ဦးဖြစ်တဲ့ ပြည်တော်ပြန် ကထိက ကိုသက်ဆွေဆိုတဲ့သူကရောက်ရှိလာတယ်။ ဒီလိုနဲ့ပဲ အိမ်ထောင်ရှိတဲ့ အမျိုးသမီးဖြစ်တဲ့ မမ နဲ့ ကိုသက်ဆွေတို့က မှားမှန်သိပါလျက်နဲ့ ငြိစွန်းကျတယ်။အိမ်ထောင်ရေး၊ ကျင့်ဝတ်နှင့် လူ့မှုပတ်၀န်းကျင်ကြား ဖြစ်ပေါ်သည့် grey area (မကောင်းတစ်ဖက်၊ မကောင်းတစ်ဖက်မဟုတ်သည့် နေရာ) ကို ဖော်ထုတ်ထားတဲ့ပြင့် အမျိုးသမီးတစ်ယောက်၏ စိတ်ထဲတွင်ဖြစ်ပေါ်လာသည့် မတည်ငြိမ်မှု၊ အပြစ်ခံစားမှု၊ သံယောဇဉ်ဆွဲဆောင်မှု များကို တစ်ခုပြီးတစ်ခု အနက်ရှိုင်းစွာ ထုတ်ဖော်ထားတဲ့စာအုပ်ကောင်းတစ်အုပ်လည်ဖြစ်ပါတယ်။

စာဖတ်သူရဲ့ခေါင်းထဲကို အတွေးပေါင်းများစွာရောက်စေပြီး တဏှာရဲ့ကြောက်မက်ဖွယ်ရာအကြောင်းရာတွေကြောင့် မမနဲ့သက်‌ဆွေကလူ့အသိုင်းဝိုင်းအပြင်ဘယ်လိုရောက်သွားမလဲဆိုတာနဲ့ ဇာတ်သိမ်းက ဘယ်လိုဖြစ်မလဲဆိုတာ မိတ်ဆွေကို တိုက်ဖတ်ရှုရမှာဖြစ်မှာတယ်။မမရဲ့ အမျိုးသားဖြစ်တဲ့ ဦးသက်ထွန်း နဲ့ မမရဲ့သားလေးက ရော ဘယ်လိုဖြစ်သွားမလဲ။ ဦးသက်ထွန်းအနေနဲ့ရော မမပေါ်ခွင့်လွတ်ပါ့မလာ မမရဲ့ ဘ၀အဆုံးသတ်ကရော ဘာဖြစ်မလည်ဆိုတာ သင့်ကိုပဲ ဆန်းစစ်လိုက်ပါတော့လို အကြံပေးချင်ပါတယ်။ ပညာတတ်သူတွေရဲ့ မျက်လုံးတွေကို တဏှာက ဘယ်လိုဖုန်းသွားသလည်း ဆိုတာကို ရင်သက်ရှုမောဖွယ် ပညာရစရာ ဖတ်ရှု့ရမှာ မို့ ဖတ်ကြည့်ဖို့ကို တိုက်တွန်းချင်ပါတယ်။

စာရေးဆရာရဲ့ စိတ်နဲ့စကားကိုချိတ်ဆက်တဲ့အတတ်ပညာ စာဖတ်သူကို စကားမပြောဘဲ ထိခိုက်စေတတ်တဲ့ တိကျသေသပ်မှု‌ တွေကိုခံစားရင်းတွေနဲ့ ဇာတ်ဆောင်တွေရဲ့စိတ်အတွင်းထဲကို ဖိတ်ခေါ်သွားမှာဖြစ်လို့ ကိုယ်တိုင်ဇာတ်‌ဆောင်ရဲ့ dark side ထဲကိုရောက်သွားမှာတော့ အမှန်ပါပဲ အဲ့တော့ အိမ်ထောင်ရေးရသကိုပေါ်ပေါ်လွင်လွင်ခံစားပြီး လူမှုပညာများရ‌ချင်တယ်ဆိုရင် ဒီစာအုပ်ကို ဖတ်ကြည့်ဖို့ အကြုံပြုလိုပါတယ်။

#Rw_by_DonutLord

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ