Nan Ko Ko Oo
ထိုင်နေရင်းနဲ့ ခေါင်းကြီး တစ်ခုလုံးက မူးဝေလာသည်။ ငါဘာများဖြစ်တာလဲ။ သွေးတိုးတာလား၊ လေထဖြတ်တာလားလို့ စိတ်ပူသွားသည်။
ထိုစဥ် ဘေးက ဆရာမက "ကျောင်းလှုပ်နေတယ်" ဟု ထအော်သည်။
ကျွန်တော်လည်း ကမန်းကထန်း ထပြေးတော့သည်။ ကျွန်တော်တို့က နှစ်ထပ်မြောက်အဆောင်တွင်ဖြစ်သည်။
ပြိုကျရင်တော့ ဘယ်နည်းနဲ့မှ မရှင်နိုင်။
ပြေးရင်းနဲ့ သတိရသည်။ ကျွန်တော့်ဖုန်း အခန်းထဲမှာ ကျန်ခဲ့သည်။ ပြန်လည်း မယူရဲတော့။ အသက်ထက် အရေးကြီးတာ ဘာမှမရှိဟု နှလုံးသွင်းလိုက်သည်။
ပြီးတော့ ဘာမျှ ဆက်မဖြစ်လို့တော်ပါသေးသည်။ ကျွန်တော် ကျောင်းဆောင်ပေါ်တောင် ပြန်တက်ရမှာ ကြောက်နေသည်။ ရင်တုန်တာကလဲ မပျောက်သေး။
ဒါပေမဲ့ နည်းပြဆရာက ခရီးစရိတ် ပိုက်ဆံဝေပေးနေတယ် တက်ယူဟု ပြောသောကြောင့် အခန်းထဲ ပြန်ဝင်ထိုင်ရသည်။
ဆရာမတွေကတော့ ကျွန်တော့်ကိုချီးကျူးထောမနာပြုကြသည်။
"ဆရာပြေးလိုက်တာ တန်းနေတာနော်။"
" အပြေးချန်ပီယံဆု ဆရာ့ကို ပေးရမယ် "
မပြေးလို့ရမလား။ ကြောက်တာကို။
ငလျင်လှုပ်ရင် ခုံအောက်ကို ဝင်ရတယ်ဆိုတာလည်း တကယ်အရေးကြုံလာတဲ့အခါ ဂရုမစိုက်နိုင်တော့။ တိုက်ကြီးပြိုကျလို့ ဖိမိရင် ခုံပါကျိုးနိုင်သည်။
ကျွန်တော်အခုချိန်အထိ မည်သည့်သတင်းကိုမျှ မဖတ်ရသေးပေ။
အားလုံးဘေးရန်ကင်းကြပါစေလို့ ဆုတောင်းပါသည်။
သူငယ်ချင်းမိတ်ဆွေများ ဂရုစိုက်ကြပါဗျာ...။
Keep Reading