Author's Profile Photo

B4; You WATCH

4/03/2025

အနုပညာဆိုတာ?

2 mins read
Art
Entertainment
Creative
အနုပညာဆိုတာ?'s photo

ဒီနှစ် Oscar မှာ Best Animated Short Film ဆုကိုရသွားတာက Iran နိုင်ငံက In the Shadow of the Cypress ဆိုတဲ့ ၁၅မိနစ်ကျော််ကြာ ဇာတ်လမ်းတိုလေးပါ။ Oscar ပြီးတိုင်း လူစိတ်ဝင်စားမှုသိပ်မရှိတဲ့ ခေါင်းစဉ်တွေအောက်က ဒီလို ဆုရ short film လေးတွေပြန်ပြန်ကြည့်ဖြစ်တယ်။ အခုဆုရသွားတဲ့ short film ကအတိုလေးဆိုပေမဲ့ အဆီအနှစ်ပြည့်ဝသလို သူ့ running time အတွင်းမှာပြချင်တဲ့အရာတွေ၊ message တွေကိုလဲ ထိထိမိမိပုံဖော်သွားခဲ့တယ်။ ဇာတ်လမ်းက PTSD ခံစားနေရတဲ့ အဖေနဲ့သမီးရဲ့ကြားက စိတ်ခံစားချက်အတွေးအမြင်တွေကိုအဓိကပုံဖော်ထားပါတယ်။ ဇာတ်လမ်းကိုပုံဖော်တဲ့နေရာမှာ အဖေဖြစ်သူရဲ့စိတ်ခံစားချက်တွေကို ပုံဖော်ပြတာရော သမီးဖြစ်သူရဲ့နေရာဘက်ကတွေးတောပေးပုံတွေကအစ အနုစိတ်ပြီး ခံစားချက်ကိုပိုမို emotion ဖြစ်စေပါတယ်။ ဒါတွေတင်မကသေးပဲ Iran စစ်ပွဲအတွင်းက စိတ်ဒဏ်ရာတွေနဲ့ တွေးလိုက်တာနဲ့ကြောက်ရွံ့သွားအောင်ပုံဖော်ပြတာတွေ၊ မမျှော်လင့်ထားတဲ့အန္တရာယ်ဘေးဒုက္ခတွေကို ဝေလငါးတစ်ကောင်အနေနဲ့ တင်စားပုံဖော်ပြထားတာတွေ၊ မိဘတွေကသားသမီးအပေါ်ဝန်ပိုမှုဖြစ်စေတယ်လို့‌ တွေးမြင်ခံစားရပုံတွေကိုပုံဖော်ပြတာတွေ နဲ့ ကိုယ်ချစ်တဲ့သူအတွက် ဝန်‌လျော့စေဖို့အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပေးရင်း ချစ်ခြင်းမေတ္တာအစစ်ကိုပြတဲ့ပုံစံတွေ စတာတွေက တစ် scene ခြင်းအလိုက်ကို အဓိပ္ပါယ်ပြည့်ဝနေသလို ဘာကိုပြချင်တာလဲဆိုတာကို အလေးအနက်ကြီး‌လိုက်တွေးနေစရာမလိုပဲ ထိထိမိမိပုံဖော်ထားတာက ဒီနှစ်ရဲ့ Oscar နဲ့ဘာ့ကြောင့်ထိုက်တန်တာလဲဆိုတာရဲ့အဖြေတွေပါ။ ဇာတ်လမ်းတစ်ခုလုံးကို ကြွရွနေအောင်ပုံဖော်ရာမှာလဲ 2D animation style ကိုမှ hand drawing style ဆန်ပေမဲ့ music score ထည့်ထားတာတွေ၊ ဇာတ်ကွက်အလိုက်အသံတွေသူ့နေရာနဲ့သူ ပြည့်စုံနေတာတွေ၊ short film ပေမဲ့ ပြကွက်တစ်ခုချင်းအလိုက်ကို အသေအချာ အားစိုက်ထားတာကိုသိသာစေတဲ့ outstanding visual အပိုင်းတွေကလဲ ဒီဆုရ‌စေခဲ့တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်မယ်ထင်ပါတယ်။ "ကလေးကလားနဲ့ Animated နဲ့ Adult ဘာဆိုင်‌တော့လို့လဲ" လို့မေးရင် Animated Feature Film တွေမှာသာမက ဒီလို short film တစ်ခုကိုတောင်မှအနှစ်သာရရှိရှိ ပုံဖော်နိုင်တယ်ဆိုတာကို သိစေချင်လို့ပါ။ ကျွန်တော်တို့ဆီမှာတော့ ဒီလို animated short မပြောနဲ့ TikTok video တစ်ခုတောင်မှ creation မလုပ်နိုင်ပဲကူးချတဲ့သူတွေ၊ ပေါက်ကရလေးဆယ်လုပ်ပြီးနာမည်ကြီးလာအောင်လုပ်သူတွေ၊ ထောက်ပြ‌အကြံပြုတာနဲ့ ဝေဖန်တာကိုမသဲကွဲတဲ့သူတွေနဲ့ inspire အမည်ခံတိုက်ရိုက်ကူးချတဲသူတွေ စတဲ့အမျိုးစုံသောခေါင်းစဉ်လွဲတွေနဲ့အတူ entertainment အမည်ခံပိုက်ဆံရပြီးရောလူတွေသာတစ်‌နေ့တခြားများလာပါတယ်။ ကိုယ်ပိုင် creation ကိုလက်ခံအားပေးတဲ့သူတွေ၊ အရည်အချင်းရှိပြီး passionate ဖြစ်သူတွေကို ကူညီထောက်ပံ့တာတွေ၊ အဓိကနဲ့သာမညခွဲခြားမမြင်နိုင်ကြသေးတာတွေနဲ့ နယ်ပယ်တစ်ခုတိုးတက်အောင်အကုန်စုပေါင်းဖန်တီးနိုင်မှုအင်အားတွေကတော့ အားလျော့နေပါသေးတယ်။ ဒီ content ကိုအဓိကရေးရခြင်းက animator တွေကိုစိတ်ဓာတ်ခွန်အားပေးချင်လို့ပါ။ Animated တစ်ပုဒ်ဖန်တီးရတာ အချိန်လဲပေးရသလို ငွေကုန်ကြေးကျလဲများတာသိပေမဲ့ ဒီလိုမျိုးအနှစ်သာရရှိရှိ short တစ်ခုဖန်တီးပြီးတော့ နိုင်ငံတကာပွဲတွေသွားစေချင်ပါတယ်။ နောက်ပြီးဝါသနာပါတဲ့သူတွေကိုလဲ Social ခေတ်ရောက်လာတဲ့အလျောက် ကိုယ့်ရဲ့ talent တွေကိုသိုဝှက်မထားပဲနဲ့ ပေါက်ကရတွေပဲအချိန်ပြည့် creation လုပ်နေမဲ့အစား ဒီလိုအဓိပ္ပါယ်ရှိတဲ့ အရာတွေကိုလဲဖန်တီးစေချင်ပါတယ်။ လူတစ်ယောက်ရဲ့အရည်အချင်းကို လူဆယ်ယောက်မှာ ကိုး‌ယောက်လက်ခံချင်မှလက်ခံနိုင်ပေမဲ့ တစ်ယောက်ကတော့ အမြဲလက်ခံနေမှာပါ။ ယုံကြည်ချက်တွေ၊ အမုန်းစကားတွေ နဲ့ ဝေဖန်သံတွေကိုလိုက်မခံစားနေပါနဲ့ ကိုယ့်လမ်းကိုယ်သာရဲရဲစလျှောက်လှမ်းကြည့်ပါ။ ကျွန်တော်တို့တွေ မြင်ခဲ့ရတဲ့ animated short တွေဆိုတာက တွတ်ပီ၊ ဦးစိတ်တိုနဲ့မျောက်ညို၊ BoBo series အပြင်ထပ်မရှိခဲ့ပါဘူး။ ကျွန်တော်တို့ ရုပ်ရှင်လောကမှာ ထူးထူးနဲ့အံ့ဖွယ်ကျွန်းထက် အဆင့်ပိုမြင့်တဲ့ animated လက်ရာတွေအများကြီးလိုအပ်နေသေးသလို ဒီအသိုင်းအဝိုင်းကိုလဲများများ support ပေးဖို့လိုနေပါတယ်။ Entertainment industry အတွက် Mindset တွေ thinking တွေကို changes အပြည့်အဝလုပ်နိုင်ဖို့ ဒီ content လေးက 100% supportive မဟုတ်တောင် သုံးသပ်တွေးကြည့်ဖို့လမ်းစလေးပေးနိုင်တယ်ဆိုရင်တောင် ကျေနပ်ပါတယ်။ ဒီ animated short လေးကလဲ တကယ့်ကို ရသမြောက်ပြီး heart touching ဖြစ်စေတာမလို့ YouTube မှာသွားရှာကြည့်ဖို့ recommend လုပ်ချင်ပါတယ်။

Keep Reading

How To Train Your Dragon (2025) Spoiler Free Movie Reviewမျက်နှာကို တော်တော်တည် ထားသည်ခင့်ထံ ပေးစာလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်