Author's Profile Photo

Leo Nann

25/08/2024

စာအရေးအသားကောင်းစေမယ့်သော့ချက်

1 min read
Personal Development
General Knowledge
Art
စာအရေးအသားကောင်းစေမယ့်သော့ချက်'s photo

"စာအရေးအသားကောင်းစေမယ့်သော့ချက်"ဆိုတဲ့ ခေါင်းစဥ်လေးကိုတွေ့လိုက်ရတဲ့အခါ
စာဖတ်သူလေးတို့စိတ်ထဲမှာဘယ်လို ဖြစ်မိသွားလဲ။
စာအရေးကျင့်နေကြတဲ့ စာပေဝါသနာရှင်များအနေနဲ့ကတော့
သိချင်သွားမိကြလိမ့်မယ်ထင်ပါတယ်။
"ဘာများဖြစ်လိမ့်မလဲ"လို့လည်း သိချင်စိတ်ဇောကလေးကပ်သွားနိုင်ပါတယ်။
Leoလည်းအရင်က "စာအရေးအသားကောင်းချင်ရင် ဒါတွေလုပ်ပါ၊ဒါတွေရှောင်ပါ" အစရှိတဲ့ ခေါင်းစဥ်ကလေးတွေ တွေ့ရင် မလွတ်တမ်းဖတ်ဖြစ်ပါတယ်။ကိုယ့်အရေးအသားကို တိုးတက်စေချင်တဲ့
အတွက်ကြောင့် လမ်းညွှန်ကလေးတွေအတိုင်း လိုက်လုပ်ကြည့်တဲ့သဘောပါပဲ။"စာရေးခြင်းနည်းလမ်းငါးသွယ်"ဆိုလည်းဖတ်လိုက်တာပဲ။"စာရေးနည်းနှစ်မျိုး"ဆိုလည်း
ဖတ်လိုက်တာပဲ။ဒါတွေကိုဖတ်ပြီးနောက်မှာ
စာအရေးကောင်းဖို့ ဘာတွေကိုအဓိကထားရမယ်ဆိုတဲ့ သင်ခန်းစာတွေအများကြီးရလိုက်ပါတယ်။
ဘာတွေလဲဆိုတော့

(၁)လေ့လာခြင်း
(၂)လက်တွေ့လုပ်ဆောင်ခြင်း
(၃)သုံးသပ်ခြင်း

ဆိုတဲ့အချက်၃ချက်ပါပဲ။

(၁)လေ့လာခြင်း

ဒီအချက်ကတော့သိပ်ပြီးအကျယ်ချဲ့ရှင်းပြဖို့လိုမယ်မထင်ပါဘူး။စာရေးသူတိုင်းက သာမန်လူတွေထက် စာပိုဖတ်ကြရပါတယ်။
စကားအသုံးအနှုန်းတွေ၊အနက်တန်ဆာတွေကို လေ့လာကြရပါတယ်။အဓိကအနေဖြင့်"မျက်စိကျမိတဲ့အရေးအသားကောင်းကလေးများကို မှတ်စုစာအုပ်ထဲမှာ မှတ်ထားတာမျိုး"၊"မိမိထက်နားလည်တတ်ကျွမ်းသူများကို ရေးသားနည်းစနစ်တွေ မေးမြန်းကြတာမျိုး"တွေကို
လည်း လုပ်ဆောင်ဖို့လိုပါတယ်။
ဒါဟာမိမိရေးလိုတဲ့အကြောင်းအရာအတွက်ကုန်ကြမ်းရှာတဲ့သဘောပါပဲ။
လေ့လာအားကောင်းရင်ကောင်းသလောက်
အရေးအသားကတိုးတက်လာတာပါ။


(၂)လက်တွေ့လုပ်ဆောင်ခြင်း

စာရေးလေ့ကျင့်ကာစ စာရေးသူအများစုဟာ
စာအုပ်စာပေတွေတော့များများဖတ်ကြပါရဲ့။သို့ပေမဲ့ လက်တွေ့အသုံးမချမိကြဘူး။
စုဆောင်းထားတဲ့အချက်အလက်ကို ပြန်အသုံးမချတတ်တဲ့အခါ ဖတ်ထားသမျှ အရာမရောက်ဖြစ်သွားရပါတယ်။မှတ်သားထားသမျှ မှတ်စုတွေ၊သဘောတရားတွေကို ကိုယ်ပိုင်ပုံရိပ်နဲ့ပြန်ဖန်တီးကြည့်ရမှာပါ။ဒါဟာကူးချဖို့ပြောတာမဟုတ်ပါဘူး။သူတစ်ပါးရဲ့ အရေးအသားကို အတုယူပြီး
ကိုယ်ပိုင်ဟန်နဲ့ ရေးသားခြင်းကို ဆိုလိုတာဖြစ်ပါတယ်။
"ကိုယ်အတွေးတွေထဲက ပုံရိပ်တွေကိုစကားလုံးတွေအဖြစ်
ဘယ်လိုချရေးကြည့်မလဲ"၊
"သူတစ်ပါးတွေကရော ဘယ်လိုရေးလေ့ရှိသလဲ"အစရှိသဖြင့်
တွေးပါ၊ပုံဖော်ပါ၊လက်တွေ့ချရေးကြည့်ပါ။

(၃)သုံးသပ်ပါ

ဒီအဆင့်ကတော့ စာရေးခြင်းရဲ့နောက်ဆုံးအဆင့်ပါ။စာရေးသူအများစုဟာ စာတစ်ပုဒ်ရေးပြီးသွားတဲ့အခါ စာရေးခြင်းကအောင်မြင်စွာပြီးဆုံးသွားပြီလို့ထင်တတ်ကြပါတယ်။တကယ်က မပြီးသေးပါဘူး။ကိုယ်ရေးပြီးသွားတဲ့စာတွေကို လူထုထံမချပြမီမှာ ပြန်လည်သုံးသပ်ဖို့လိုပါသေးတယ်။
စာလုံးပေါင်းသတ်ပုံ အမှားတွေ၊စာဖတ်သူများအကြားသဘောထား
ကွဲလွဲနိုင်လောက်သော
အားနည်းသည့်အရေးအသားတွေ
ရှိ၊မရှိကို စစ်ကြည့်ရပါမယ်။ရေးပြီးလျှင် ပြီးရော့ လုပ်မိတဲ့အခါ စာဖတ်သူတွေရဲ့ အမြင်မှာ "ခွန်အားမရှိသောစာ"
ဖြစ်သွားတတ်ပါတယ်။
စာရေးသူတစ်ယောက်မမြင်နိုင်တဲ့ ဟာကွက်ကို စာဖတ်သူရှုထောင့်ကနေ မြင်နိုင်ပါတယ်။စာတစ်ပုဒ် ရေးပြီးသွားတဲ့အခါ စာရေးသူတစ်ယောက်နေနဲ့မဟုတ်ဘဲ စာဖတ်သူ
တစ်ဉီးအနေနဲ့ပါ ဝေဖန်ကြည့်တာမျိုးလုပ်ကြရပါမယ်။
အရေးအသားတိုင်းက အပြစ်အနာအဆာမရှိ၊တန်းပြည့်စုံသွားတယ်ရယ်လို့ မရှိလှပါဘူး။
ဖတ်ရင်း၊တွေးရင်း၊ဖြည့်ရင်း၊ပြင်ရင်းက
ကောင်းမွန်လာကြတာပါ။

အထက်မှာဖော်ပြပေးခဲ့တဲ့အချက်(၃)ချက်ကတော့
စု၊တု၊ပြုဆိုတဲ့ နည်းလမ်းတွေနဲ့အတူတူပါဘဲ။

ပထမဦးစွာ သတင်းအချက်အလက်စုဆောင်းရမယ်။ဆရာကြီး၊ဆရာမကြီးများ၊စီနီယာများရဲ့
အရေးအသားကိုအတုယူရမယ်။ကိုယ်တိုင်ဖန်တီးမှုပြုရမယ်။နောက်ဆုံးမှာတော့ မွမ်းမံပြင်ဆင်ရမယ်။


ဒါတွေအားလုံးကို လိုက်နာကြည့်တဲ့အခါ
စာအရေးအသားက သိသိသာသာတိုးတက်လာတာကိုတွေ့ရမှာပါ။
------------------------------------------------
အားလုံးကိုအစဥ်လေးစားလျက်...
Leo

Keep Reading

မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းတစ်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ရှည်ပါ။မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။ဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်တန်ရာတန်ကြေးနိယာမအဆန့်အဖျက်အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ