B4; You WATCH
လွန်ခဲ့တဲ့ ၁၅နှစ်က ချစ်စဖွယ်အမူအရာလေးတွေနဲ့ ကျွန်တော်တို့ရဲ့စိတ်ကို ဖမ်းစားနိုင်ခဲ့တဲ့ နဂါးလေး Toothless ရဲ့ How To Train Your Dragon live action ရုပ်ရှင်ကို review လုပ်ပါမယ်။ ဒီရုပ်ရှင်ကိုတော့ ဧပြီလကကျင်းပခဲ့တဲ့ CinemaCon Festival မှာ Exclusive အနေနဲ့ စတင်ပြသခဲ့တာဖြစ်ပြီးတော့ US မှာတော့ June လ 13ရက်နေ့က Universal Picture ကနေတဆင့် စတင်ဖြန့်ချီခဲ့တာဖြစ်ပါတယ်။
ဇာတ်ညွှန်းနဲ့ဒါရိုက်တာအဖြစ် Dean DeBlois က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီးတော့ သရုပ်ဆောင်တွေအနေနဲ့ Mason Thames, Nico Parker, Gabriel Howell, Julian Dennison နဲ့အခြားသရုပ်ဆောင်များစွာလဲ ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းပုံစံကတော့ Animated ထဲကအတိုင်းပဲ Berk ကျွန်းပေါ်က စွန့်စားစူးစမ်းလိုစိတ်အပြည့်ရှိတဲ့ Hiccup ဆိုတဲ့ ဗိုက်ကင်းလူငယ်လေးတစ်ယောက် သူတို့မျိုးနွယ်စုရဲ့ ရန်သူတော်ဖြစ်တဲ့ နဂါးတွေထဲက တစ်ကောင်နဲ့ မိတ်ဖွဲ့မိသွားချိန်မှာ ဘယ်လိုအကြောင်းတရားတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို ကြည့်ရမှာပါ။
ဒီရုပ်ရှင်မှာတော့ cinematography, costumes, music score နဲ့ setting အပိုင်းတွေကို အတော်သဘောကျမိပါတယ်။ အသေးစိတ်ကျတဲ့ setting တည်ဆောက်မှုတွေက ရုပ်ရှင်ရဲ့ opening scene မှာထဲက ဖမ်းစားမှုပေးနိုင်တဲ့အပြင် cinematography ရဲ့ လှပမှုနဲ့ ဟန်ချက်ညီမှုကလဲ မထင်ထားတဲ့ ရုတ်တရက်အပြတွေနဲ့အတူ ရုပ်ရှင်ကိုပိုမိုအသက်ဝင်စေခဲ့ပါတယ်။ဖြေးဖြေးငြိမ့်ငြိမ့် တီးခတ်မှုပုံစံကို ပိုသုံးထားပြီးတော့ ဇာတ်ဝင်ခန်းအတက်အကျအလိုက် အရမ်းကြီးကွဲထွက်သွားတာမျိုး မရှိအောင်လဲ music score က ပံ့ပိုးထားပါသေးတယ်။
Costumes အပိုင်းမှာလဲ over look ဖြစ်မနေစေပဲနဲ့ မရိုးမဆန်းပုံစံလေးနဲ့ viking costumes တွေကို မြင်ခဲ့ရပါတယ်။ နည်းနည်းလေးသဘောမကျတဲ့အချက်ဆိုရင်တော့ မူရင်း Animated ထဲက ပြန်ယူသုံးထားတဲ့ scenes တွေနဲ့ live action ထဲက CGI အချို့ပြန်လည်ပေါင်းစပ်ချိန်မှာ အရောင်မငြိမ်တာမျိုးလေးတွေ ခံစားရတာရှိပါမယ်။
How To Train Your Dragon live action မှာက မူရင်း animated ရဲ့ plot ကို အထူးတလည် ကွန့်ထားတာမျိုးမရှိပဲနဲ့ ပြောင်းလို့ရတဲ့အချက်တချို့ကို ခပ်ပါးပါးလေးပဲ ပြောင်းထားတဲ့အပြင် animated ထဲက ဟာသတွေရော၊ dialogues တော်တော်များများကိုလဲ ပါအောင်ပြန်သုံးထားပေးပါတယ်။ ဒါ့အပြင် live action ရုပ်ရှင်ဖြစ်တဲ့အလျောက် ဇာတ်ကိုပိုကြွစေဖို့ Drama နဲ့ Horrify ဖြစ်စေမဲ့ scene တချို့ကိုလဲ ထပ်မံဖြည့်စွက်ထားတာကလဲ outstanding ဖြစ်စေပါတယ်။
Overall ခြုံပြောရရင် How To Train Your Dragon live action ရုပ်ရှင်က ပြောင်းလဲမှုကြီးကြီးမားမားတွေ လုပ်ထားတာမျိုးကို သဘောမကျတဲ့သူတွေနဲ့ ငယ်ဘဝအလွမ်းပြေအဖြစ် ပြန်ကြည့်မဲ့သူတွေအတွက်ကတော့ အဆင်ပြေနိုင်ပေမဲ့ အံ့ဩလောက်စေမဲ့ အကြောင်းအရာအသစ်တွေနဲ့ ရသအသစ် ခံစားချင်သူတွေ အတွက်ကတော့ စိတ်တိုင်းကျစေမှာ မဟုတ်ပါဘူး။ ကျွန်တော့် Personal အရကတော့ ဒီရုပ်ရှင်ရဲ့ မူရင်းရသပျက်မသွားတာရော၊ ပေးချင်တဲ့ message တွေကနေ သွေဖယ်မသွားတာကြောင့်ပါ Toothless fan စစ်ရင် အကြည်ထွက်တာနဲ့ ဆက်ဆက်ကြည့်ဖို့ recommend လုပ်ချင်ပါတယ်။
Budget အနေနဲ့ $150 million အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်က အခုလက်ရှိမှာတော့ Box Office ဝင်ငွေ $42.6 million အထိပြန်လည်ရရှိနေပြီ ဖြစ်တာကြောင့် မကြာမီရက်အတွင်းမှာပဲ အမြတ်ငွေ စထွက်လောက်ပါတယ်။ How To Train Your Dragon ရုပ်ရှင်ဟာလက်ရှိမျာတော့ IMDBb 8.1, Rotten Tomatoes 77% နဲ့ Letterboxd Score 4 အထိရရှိထားပါတယ်။ ကျွန်တော့်ရဲ့ rating ကိုတော့ 8.3 အဖြစ် သတ်မှတ်ပေးချင်ပါတယ်။
#Movie #Moviereview #Film #Cinema #B4youwatch
Keep Reading