Author's Profile Photo

ဆောင်း၀င်းလတ်

5/11/2024

ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်

7 mins read
Art
ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်'s photo

၁၉၆၂ခုနှစ်၊ ရန်ကုန်မြို့​ ဘုရားလမ်း၊ဘူတာရုံကလေးမှာ​ရထားအသွားအလာကျဲပါးချိန်မို့တိတ်ဆိတ်လျက်။လော်ကယ်ရထား​ စောင့်နေသော ခရီးသည် အနည်း​ငယ်ကြောင့်သာဘူတာရုံလေးမှာ အသက်ဝင်နေသေးသလို မှတ်ထင်ရသည်။ မှတ်မှတ်ရရ အောက်တိုဘာ​ဘာလ၏ တနင်္ဂနွေတစ်ရက်​ မနက်ခင်းလည်းဖြစ်​သည်။အင်းစိန်ဘက်မှလာသောလော်ကယ်ရထားတစ်စီးဆိုက်လာသည်။ ခရီးသည်​တချို့ဆင်းကြ၊ တက်ကြသည်။ ရထားပေါ်မှ​ခရီးသည်​ဦးလေးကြီးတစ်ယောက်ဆင်းလာပြီးမီးရထားသံလမ်းအတိုင်း လျှောက်ခဲ့ကာ ကုန်းမို့မို့ထက်သို့​ လေးလေး​ ကွေးကွေး​ လှမ်းတက်သွားသည်။ 

ကုန်းမြင့်ထက်တွင်​​'မော်တော်ယာဉ်ပြုပြင်ရေးအလုပ်​ရုံ' ကြီးရှိသည်။ ပုဂ္ဂလိက​ အလုပ်ရုံကြီးဖြစ်သည်။ ဦး​လေးကြီးကအလုပ်ရုံဝင်း တံခါးမှတစ်ဆင့် ဝင်လာခဲ့သည်။တနင်္ဂနွေအလုပ်နားရက်မို့တစ်ဝင်းလုံး ခြောက်​ခြောက်သွေ့ သွေ့၊ ငြိမ်ငြိမ်သက်သက်။ အလုပ်ရုံမန်​နေဂျာ ရုံးခန်းထဲမှာတော့ ဦးလေးကြီးနှင့် အသက်​အ​ရွယ်ချင်း မတိမ်းမယိမ်း အဆီအစ်အစ်၊ အသားဖြူဖြူ၊ လူကြီးတစ်ယောက်​ထိုင်နေသည်။ သူတို့နှစ်ယောက်တိုင်ပင်ကြသည်။ ' တခြားပုဂ္ဂလိက အလုပ်ရုံတွေ တော်တော်များများတော့ ပြည်သူပိုင်အသိမ်းခံနေကြရပြီ။ ကျုပ်တို့ အလုပ်ရုံလည်းအသိမ်းခံရဖို့လက်​တစ်ကမ်းပဲလိုတော့တယ်။နေ့လားညလားဗျာ။ပြည်သူ ပိုင်သိမ်းမှာတော့ သေချာတယ်’

'ဟုတ်တယ်၊ စက်ရုံတွေရော၊ စတိုးဆိုင်ကြီးတွေရော၊ ရုပ်ရှင်ရုံတွေရော အသိမ်းခံနေကြရတုန်းပဲ”စင်ကာပူက မှာထားကို မော်တော်ကားစက်အပိုပစ္စည်း တချို့လာမယ့်သောကြာနေ့ဆိုရန်ကုန်ဆိပ်ကမ်းကိုသင်္ဘောနဲ့ဝင်လာတော့မယ့်ကိစ္စခင်ဗျားနဲ့တိုင်ပင်ချင်လို့ဗျာ' “ညက ကျွန်တော် ကောင်းကောင်းအိပ်မပျော်ဘူး။ အ လုပ်ကိစ္စတွေလည်း တောင်တွေး မြောက်တွေးပေါ့ဗျာ”

'အဲဒီ့စက်ပစ္စည်းတွေ ရောက်လာရင် ခင်ဗျား ဘယ်လိုလုပ်မယ်စိတ်ကူးလဲ'

“ကျွန်တော်ကတော့ဒီစက်ရုံဝင်းထဲအထိဒီပစ္စည်းတွေကိုဆိပ်ကမ်းကနေ သယ်မလာချင်တော့ဘူး။ မလွဲမ သွေစက်ရုံတစ်ခုလုံးကို ပြည်သူပိုင် အသိမ်းခံရတော့မှာဆိုတော့ဒီပစ္စည်းတွေကိုဒီအထိသယ်လာရင်လည်း ကျွန်တော်တို့ စရိတ်စက ကုန်ကျရုံပဲ ရှိလိမ့်မယ်” “ ဟုတ်တယ်လေ၊ကျွန်တော်လည်း ဒီလိုပဲ စဉ်းစားထားပြီးသားပါ။ပစ္စည်းကတော့ ိပ်ဝန်မကျယ်ပါဘူး။ ထင်းရ ူးသေတ္တာနဲ့ သုံးလုံးစာပဲ ရှိတာပါ’

“ပုဇွန်တောင် ရေကျော်ရပ်ကွက်ထဲမှာ ကျွန်တော့်ညီတစ်ယောက်အိမ်က ကျယ်ဝန်းတယ်။ ပစ္စည်းထားလို့ကောင်းတယ်။ သူ့အိမ်ကို ပစ္စည်းသေတ္တာသုံးလုံး ပို့ထားမလားလို့” ‘ကောင်းသားပဲ ကျွန်တော်လည်း ဒီအ လုပ်ရုံကြီး ကိုယ်နဲ့မဆိုင်တော့ရင် အနားယူချင်ပြီ။ကိုယ့်မိသားစုအတွက်ဘာဆက်လုပ်ကြရင်ကောင်းမလဲဆိုတာသူတို့နဲ့အေးအေးဆေးဆေးတိုင်ပင်ကြရဦးမယ်။ ဒီတော့ ခင်ဗျား တစ်ခုတော့ကူညီဗျာ။ အခုရောက်လာမယ့်စက်ပစ္စည်းတွေကကျွန်တော်တို့ချွေးနည်းစာနဲ့မှာထားတာတွေဆိုတော့ ခင်ဗျားပြောတဲ့ရေ ကျော်က အိမ်မှာထားပြီး တတိတတိ ဖြည်းဖြည်းချင်းရောင်းလို့ရတာလေးတွေထုတ်ရောင်းရင် စရိတ်တော့ပြန်ရမှာပဲ”

“ဒီအတွက်တော့စိတ်ချပါ။ကန်တော်လေးတောင်ညွန့်ဘက်မှာကျွန်တော့်မိတ်ဆွေရှိပါတယ်။သူလည်း ကားဝပ်ရှော့သမားပဲ။ ပြည်သူပိုင်တွေ သိမ်းနေတယ်ဆိုတော့သူလည်းအလုပ်နားလိုက်ပြီးကားအရောင်း အဝယ်လေးဘာလေး၊ပစ္စည်းအဟောင်းအသစ်အရောင်း အဝယ်လေးဘာလေး ကော်မရှင်စားပေါ့ဗျာ သူလုပ်ပေးနေတယ်။ ကျွန်တော်တို့ စက်ပစ္စည်းလေးတွေလည်း သူ့ကိုပဲ ကော်မရှင်စားပေးပြီး အကူအညီတောင်းရင် ရပါတယ်”

“အေးဗျာ အဆင်ပြေသလို ကြည့်လုပ်ကြရတော့မှာပေါ့။ ခဏနေ ဆယ်နာရီ၊ ဆယ့်တစ်နာရီ သာသာလောက်ကျရင် ခင်ဗျားနဲ့ ကျွန်တော်အဲဒီကန်တော်ကလေးဘက်သွားပြီးထမင်းစားကြရအောင်။ဟိုတစ် ခါစားတဲ့ ထမင်းဆိုင်က ဆိတ်ပဲဟင်းတော်တော်ကောင်းတယ်။အဲဒီသွားကြတာပေါ့။စားသောက်ပြီးမှပဲအင်းစိန်ကိုခင်ဗျားပြန်ပေါ့ဗျာ။အခုဖြစ်ပျက်နေတဲ့ပုဂ္ဂလိကစီးပွားရေးလောကကြီးရဲ့ အခြေအနေအရဆိုရင်တော့ အလုပ်ရုံတစ်ရုံလုံး ဒါဟာ နှုတ်ဆက်ချိန်ရောက်နေပြီ”“ဟုတ်တယ်၊ ဇာတ်သမားတွေ စကားနဲ့ပြောရရင် ဇာတ်ခေါင်းကွဲချိန်ပေါ့ဗျာ”

အဆိုပါဦးလေးကြီးနှစ်ယောက်၏ပစ္စည်းအရောင်း အဝယ်ကိစ္စမှာ မလွဲမသွေ ပါဝင်ခဲ့ရသူ နှစ်ဦးကတော့ကွယ်လွန်သူ ကျွန်တော့်ယောက္ခမကြီး ဦးအုန်းဖေနှင့် ကျွန်တော် ကိုယ်တိုင်ပဲ ဖြစ်ပါ၏။သူ့သမီးကလေးနှင့်ကျွန်တော် အိမ်ထောင်ကျခါစက သူ့အိမ်မှာ စည်စည် ကားကား၊ သိုက်သိုက်ဝန်းဝန်းနှင့် မော်တော်ကားဝပ် ရှော့လုပ်ငန်းရှိပါသေး၏။ ကျွန်တော်ကိုယ်၌က သည်အလုပ်တွေကို စိတ်ဝင်စားသဖြင့် မြင်ဆရာ၊ ကြားဆ ရာများထံမှ ပညာလည်းသင်ရင်း ဝိုင်းဝန်းလုပ်ကိုင်ခဲ့မိ၏။နောက်ပိုင်းကျတော့ ကျွန်တော်တို့အလုပ်ရုံလေးလည်း ဇာတ်ခေါင်းကွဲခဲ့လေပြီ။ ယောက္ခမကြီးနှင့် ကျွန်တော် လမ်းပေါ်ရောက်သွားကြ၏။ သူ့ နောက်ကအဖော်လိုက်ရင်း အရောင်းအဝယ် လောကထဲ တဝဲ လည် လည်။ ဟိုအိမ်သည် အိမ်မှ ရင်းနှီးသော မိတ် သင်္ဂဟ တချို့က ကားပြင်စရာရှိလို့ လာခေါ်ရင်လည်း သူနှင့် ျွန်တော်သွားကာကြားပေါက်ဝင်ငွေလေးတွေ ရတတ်ပါသေး၏။ 

အဘိုးကြီးက ရရစားစား ပျော်ပျော်ပါးပါးသမားကြီးမို့ ကျွန်တော့်အတွက်တော့ ဦးနှောက်ခြောက်စရာ သိပ်မရှိလှပါ။ယခုလည်းသူနှင့်ကျွန်တော်ပုဇွန်တောင် ရေ ကျော်ရပ်ကွက်ထဲက အိမ်တစ်အိမ်သို့ မကြာခဏ ရောက်ကြရပြန်သည်။ မော်တော်ကားစက်ပစ္စည်းတ ချို့ကို ကျွန်တော်တို့က ကော်မရှင်စား ရောင်းပေးကြရပါသည်။ ပုဇွန်တောင် ကြက်တန်း၊ စက်မှုလက်မှအ ဝန်းအဝိုင်း၊ရန်ကုန်အနောက်ပိုင်း၊လမ်းမတော်၊လသာဘက်မှစက်မှုလက်မှုနယ်နိမိတ်တွေမှာအရောင်း အဝယ်ဖြစ်နေဆဲပါ။ တစ်မနက်ခင်းတွင် ယောက္ခမကြီးနှင့်ကျွန်တော်ရေကျော်ရပ်ကွက်သို့ကျွန်တော်တို့နေသော တောင်ညွန့်မှ တစ်ဆင့် ပုဇွန်တောင်ဘူတာနှင့် ရန်ကုန်ဘူတာကြီးကြားမီးရထားသံလမ်းများကို ဖြတ်ကျော်ကာခြေလျင်လျှောက်သွားကြရာရေကျော်လွတ် လပ်ရေး ဘုန်းတော်ကြီး ကျောင်းအနီး ရေမြောင်းကြီး၌ရှမ်းဘောင်းဘီအညိုရောင်၊စွပ်ကျယ်လက်စကအဖြူရောင်၊ အသားညိုညို၊ ကိုယ်လုံးထွားထွား နှုတ် ခမ်းမွှေးကားကား၊ အရုပ် ဆိုးဆိုးလူကြီးတစ်ယောက်နှင့်ဆုံမိကြ၏။

“ကိုညိုအေးဒီနေ့ကားရိုက်မရှိဘူးလား'ယောက္ခမကြီးက တရင်းတနှီး နှုတ်ဆက်သည်။ 'အေးဗျ ဒီနေ့ နားတယ်၊ ဒါနဲ့ ကိုအုန်းဖေတို့ဘယ်လာကြတာလဲ' ရုပ်ရှင် သရုပ်ဆောင်လူကြမ်းဦးညိုအေးကြီးက မေးသဖြင့်ရေကျော်ရပ်ကွက်ထဲ ခဏလာကြကြောင်း ပြောပြ သည်။ ဦးညိုအေးကြီး၏ အိမ်မှာတစ်ထပ်သွပ်မိုး၊ ပျဉ် ထောင်အိမ်ကလေးဖြစ်ပြီးရေကျော်ရပ်ကွက်ထဲမှာပင် ရှိသည်။

“ကိုလှမောင်နဲ့တောင်မတွေ့တာကြာပြီ'ဟုဦးညိုအေးကြီးက ပြောတော့ "တစ်နေ့ညကတောင် ကျွန်တော့်အိမ် လာသွားသေးတယ်' ဟု ယောက္ခမကြီးက ပြော သည်။ ဦးညိုအေးကြီးပြောသည့် ကိုလှမောင်ဆိုသူမှာ ရုပ်ရှင်ဟာသသရုပ်ဆောင် ဒါရိုက်တာ ဦးသန်းနွဲ့ဖြစ်ပြီး ကျွန်တော့် ယောက္ခမကြီး၏ ငယ်သူငယ်ချင်းမန္တ လေးသားလည်းဖြစ်သည်။ ဦးသန်းနွဲ့၏ ကျွန်တော့်ဇာတ်လမ်းဟာရုပ်ရှင်ဇာတ်ကားရိုက်တော့ကျွန်တော့်ယောက္ခမကြီးက'ကျောင်းဆရာ’နေရာမှဇာတ်ဝင်ခန်းတစ်ခန်းဝင်ရိုက်လိုက်သေးသည်။ ဇာတ်ဝင်ခန်းတွင် ဦးသန်းနွဲ့ကကျောင်းသား။လူပျော်လူနောက်။ ယောက ္ခမကြီးက ကျောင်းဆရာ။

ပျော်စရာရွှင်စရာကောင်းအောင်ရိုက်ကူးထားခြင်းဖြစ်သည်။ ကျွန်တော့်ယောက္ခမကြီးမှာရုပ်ရှင်လောက သားများနှင့် ရင်းနှီးသော်လည်း ဝါသနာအလျောက်သာ တစ်ခါတစ်ခါ ပါဝင်သရုပ်ဆောင်ပြီး တခြား မော် တော်ကားလောက၊အရောင်းအဝယ်လောကထဲမှာသာ တဝဲလည်လည်ဖြစ်နေသူပင်။ ယခုလည်း ဦးညိုအေးကြီးက…

“ ကိုအုန်းဖေအချိန်ရလား။ ခဏလောက် ကျွန်တော့်အိမ်လိုက်ခဲ့ပါဦးလား။ ကျွန်တော်တို့ လူကြမ်းအုပ်စုတိုင်ပင်ပြီးဇာတ်ကားတစ်ကားရိုက်ကြမလို့။ခင်ဗျားနဲ့လည်းကြုံတုန်းတိုင်ပင်ချင်တယ်”ဟုဆိုသဖြင့်သူ့အိမ်သို့ ခဏဝင်ကြသည်။ သူ့ အိမ်ရှေ့မျက်နှာစာလေးမှာပင် ရေနွေးကြမ်းသောက်ကာ စာရွက်သုံးလေးရွက်ကို ဖတ်ကြရသည်။“မင်း သားကတော့ ကိုအေးကြည်ပေါ့ဗျာ'ဟု သူ့ဇာတ်လမ်းစာရွက်များကို ကျွန်တော့်ယော က္ခမကြီးက ယူဖတ်နေဆဲတွင် ဦးညိုအေးကြီးကပြော သည်။ 

ကိုအေးကြည်ဆိုသူမှာ လူကြိုက်အလွန်များပြီး နာ မည်လည်း အလွန်ကျော်ကြားသော တောကြိုက်၊ မြို့ကြိုက် နှစ်မျိုးကြိုက်ရုပ်ရှင်မင်းသားရွှေဘဖြစ် သည်။ ဦးရွှေဘလည်း တစ်ချိန်တုန်းက သည်ရေကျော်ရပ် ကွက်ထဲက ဦးလေးတစ်ယောက်အိမ်မှာ နေသွားခဲ့ဖူး သည်။ သူ ရုပ်ရှင်မင်းသားမဖြစ်မီကရေကျော်ဈေးထဲတွင် ဆိုင်ထိုင်ကာ သံဖြူလုပ်ငန်း လုပ်ခဲ့ဖူးသည်။ဦးရွှေဘက ပုသိမ်ဇာတိ။ ပုသိမ်သား၊ ရန်ကုန်ရောက်တော့ ရေကျော်မှာနေရင်း သံဖြူဆရာလုပ်ကာ အား လပ်သည့်အခါ ကာယဗလ၊ အလေးမ၊ ခြင်းလုံးခတ် အားကစားလေ့ကျင့်သည်။ နာမည်ကျော် လက်ဝှေ့သမား အားကစားဆရာကြီး ကျားဘညိမ်းထံတွင် တ ပည့်ခံကာ လက်ဝှေ့ထိုး လေ့ကျင့် သည်။ နောက်ပိုင်းတွင် ရုပ်ရှင်လောကထဲ ရောက်သွားခဲ့သူဖြစ်သည်။

'ကျွန်တော်တို့ စဉ်းစားထားတဲ့ ဇာတ်လမ်းကတော့ ခင်ဗျား အခုဖတ်နေတဲ့ အတိုင်းပဲ။ ကိုအေးကြည်က တောသားပေါ့ဗျာ။ တောမြို့တစ်မြို့က ဆန်စက်သူ ဌေးတစ်ယောက်က အလုပ်ဝင်လုပ်တယ်။ နောက်တော့ကာ ဘွဲ့ရပညာတတ်သူဌေးသမီးနဲ့ တွေ့တယ်။ ကျွန်တော်တို့ လူကြမ်းအုပ်စုက သူဌေးသမီးကို ပြန်ပေးဆွဲပြီး သူဌေးကြီးကို ငွေညှစ်ကြတယ်။ ကိုရွှေဘ ကြီးက ကျွန်တော်တို့အားလုံးကို တစ်ယောက်ပြီးတစ်ယောက် ဖြိုခွင်းတယ်။ သူဌေးသမီးကိုကယ်တယ်။ လူ ကြမ်းများများသုံးပြီးဖိုက်တင်တွေ များများထည့်ထားတယ်”ဟု ဦးညိုအေးကြီးက ပြောပြသည်။

“အင်းပေါ့၊ ဒါမှလည်း ပရိသတ်က ကြိုက်ကြမှာပေါ့။ကိုရွှေဘပါရင် ဖိုက်တင်အက်ရှင်တွေက ပါကိုပါမှရမှာလေဗျာ။ဒီကြားထဲမှာ ဟာသအကွက်ကလေးနည်းနည်းပါးပါးကော မထည့်ချင်ဘူးလားဗျ” ကျွန်တော့်ယောက္ခမကြီးက မေးတော့ ဦးညိုအေးကြီးက-

“ကိုအုန်းဖေ စဉ်းစားလို့ပေါ်တဲ့အကွက်ကလေးရှိရင် ထည့်ချင်တာထည့်ပေးသွားပါဦး'ဟုပြောသည်။ "ဒီလိုဆိုကောင်းမလားလို့ဗျာ။ ကိုရွှေဘ အလုပ်လုပ်နေတဲ့အိမ်က သူဌေးကြီးရဲ့ သမီးက ရန်ကုန်မှာ ကောလိပ် ကျောင်းသူဆိုတော့ ကျောင်းပိတ်ရက် တောမြို့ကို ရ ထားနဲ့ပြန်လာတယ်။ ကိုရွှေဘက နွားလှည်းနဲ့ ဘူတာဆင်းကြိုတယ်။ ဒီနေရာမှာ ဟာသလေး ထည့်လို့ရတယ်”“ဘယ်လိုထည့်မလဲ”“သူဌေးသမီးနဲ့ ကိုရွှေဘနဲ့က တစ်ခါမှ မဆုံဖူး၊ မမြင်ဖူးကြသေးဘူးဆို မဟုတ်လား'“အင်း အဲဒီလို ဇာတ်ကို အစပျိုးထားတယ်”

“ဒါဟာသထည့်လို့ ကောင်းတဲ့ အကွက်ပဲ။ သူမမြင်ဖူးသေးတဲ့သူဌေးသမီးကိုဘူတာရုံထဲကလူတွေကြားထဲမှာလာကြိုရတဲ့တောသားကိုရွှေဘက အော်ခေါ်မယ်ဗျာ'“ဘယ်လို ခေါ်မှာလဲ”

ဗျို့ ရန်ကုန်က ဘေဘီ၊ ဒီမှာပျို့ လှည်းလာကြိုတယ်ဗျို့။ ရန်ကုန်ကဘေဘီဆိုပြီး အော်ခေါ်တယ်။ ရန်ကုန်ကောလိပ်မှာတက်နေတဲ့ ကောလိပ်ကျောင်းသူ ခေတ် ပညာတတ်ဆိုတော့ကောင်မလေးက လူကြားသူကြား မှာ သူ့နာမည်အော်အော်ပြီး ခေါ်နေတာ ရှက်သွားတဲ့အခန်းကဟာသပဲဗျ။ရှင် ဘာဖြစ်လို့ ဒီလောက်တောင် ကျွန်မနာမည်ကို အော်ခေါ်နေရတာလဲဆိုပြီး ရန်တွေ့တဲ့အခန်းထည့်မယ်ဗျာ။ကိုရွှေဘကြီးကတောသားစတိုင်လ်နဲ့ ဂွကျကျပြန်ပြောရမှာက ဒီမှာ ကောလိပ် ကျောင်းသူကြီးရဲ့ ခင်ဗျားကလည်း ကျုပ်ကို မသိ၊ ကျုပ်ကလည်း ခင်ဗျားကို မသိ၊ ဒီတော့ အော်ပြီး အ သံပြုရတာပေါ့ဗျ။ ခင်ဗျားနာမည် အော်မခေါ်စေချင်ရင် လည်ပင်းမှာ ဘေဘီဆိုပြီး စာချိတ်ဆွဲထားပေါ့ဗျဆိုတဲ့ ဟာသအကွက်လေးပေါ့ဗျာ'

“ကောင်းတယ် ကိုအုန်းဖေ၊ အဲဒါလေး ဇာတ်ညွန်းရေးဆရာကို ဒိုင်ယာလော့ဂ်ထဲမှာ ထည့်ရေးပေးပါလို့ ကျုပ်တို့က ပြောရမှာပေါ့ဗျာ” “ ကိုညိုအေးကြီးတို့က လူကြမ်းတော်တော်များများထည့်ထားတယ်ဆိုတော့ဘယ်သူတွေများလဲဗျ”“သူဌေးသမီး ဘေဘီလေးကို ပြန်ပေးဆွဲပြီး ရော်ဘာတောအုပ်ကြီးထဲက အိမ်ပျက်ကြီးခေါ်သွားကြတဲ့ နေရာမှာ လူကြမ်းပေါင်းစုံထည့်ဖို့ စဉ်းစားထားကြတယ်။ ကျွန်တော်နဲ့အတူ ကိုစန်းဟန် ကြီး၊ ကိုသိန်းဟန်ကြီး၊ကိုချစ်တင်ကြီး၊ ကိုရာဇာနဲ့ ချီးဗူးလည်းပါမယ်၊ ပြီးတော့ ကိုကျော်ဇောကြီးလည်း ပါမယ်”

ဦးညိုအေးကြီးကပြောပြသည်။သူတို့ရုပ်ရှင်လူကြမ်းများထဲတွင်ဦးအောင်ကြီး၊ဦးလှမောင်ကြီး၊ဦးလှမောင်လေးနှင့် ဦးကျော်ဇောကြီးတို့မှာ တစ်ခါတစ်ရံ ဒါရိုက် တာနေရာမှကားရိုက်လေ့ရှိကြပါသည်။ ကျွန်တော်ကျောင်းသားဘဝ၊ရန်ကုန်အလုံစူပါဘင်လမ်းတွင်နေစဉ်က လူကြမ်း၊ ဒါရိုက်တာဦးကျော်ဇောကြီးနှင့် အိမ် နီးချင်းနေခဲ့ဖူးသည်။ ဦးညိုအေးကြီးကျတော့ ထင်ထင်ပေါ်ပေါ် ဒါရိုက်တာဝင်မလုပ်သော်လည်းဘေးကနေ၍ယခုလိုဇာတ်လမ်းဇာတ်ကွက်ရှာဖွေစဥ်းစားပေးပြီးကုမ္ပဏီများကိုကူညီတတ်ပါသည်။

“မင်းသားကတော့ ပရိသတ်အကြိုက် ကိုရွှေဘဆိုတာ ဟုတ်ပါပြီ။မင်းသမီးကို ဘယ်သူများ ခင်ဗျားတို့ စဉ်း စားထားကြသလဲ'မျက်နှာသစ်၊တက်သစ်စထဲကလှလှပပသွက်သွက်လက်လက်တစ်ယောက်လောက်တော့ရှာရမှာပေါ့'“မင်းသမီးအသစ်ဆိုတော့ပရိသတ်လက် ခံအားပေးပြီး ချစ်အောင်ဇာတ်လမ်းဇာတ်ကွက်က ပို့ပေးဖို့လည်း ခင်ဗျားတို့ဘက်က လိုလိမ့်မယ်ဗျ”“အင်း ဒါတော့ မခဲယဉ်းပါဘူး။ ဒါက ကျွန်တော်တို့ လူကြမ်းတွေရဲ့ အပိုင်းကဏ္ဍပေါ့ဗျာ' “ဘယ်လိုအပိုင်းကဏ္ဍလဲဗျ”

“ကိုအုန်းဖေလည်း သိပြီးသားပါ။ ကျွန်တော်တို့ မြန် မာလူမျိုးများဟာ အားနည်းတဲ့သူအပေါ်မှာ အရမ်းက ရုဏာထားတတ်၊ သနားတတ်ကြတယ်။ ဒီတစ်ချက်၊ ဒီတစ်ကွက်ပေါ်မှာ ကျွန်တော်တို့က မင်းသမီးကို ပရိ သတ်ဘက်ပါအောင်ပံ့ပိုးကြရမှာ။ဇာတ်လမ်းအရ မင်း သမီးကို ပြန်ပေးဆွဲပြီး အိမ်အိုအိမ်ပျက် အိမ်ဟောင်းကြီးထဲမှာ ပိတ်လှောင်ထားရုံတင်မကဘူး ကျွန်တော်တို့ လူကြမ်းအုပ်စုက ဒီ ကလေးမလေး စိတ်ဆင်းရဲအောင် အမျိုးမျိုးခြိမ်းခြောက်နှိပ်စက် ညှဉ်းပန်းကြရမှာကိုး။ အဲဒီ ပြကွက် တွေကြည့်ပြီး ပရိသတ်က ဒီ က လေးမလေးကို ကျွန်တော်တို့လက်ထဲကလွတ်မြောက်စေချင် လာကြလိမ့်မယ်။ သနားကြလိမ့်မယ်။ ကရု ဏာဖြစ်လာကြလိမ့်မယ်။ ဒီလိုနည်းနဲ့ ကျွန်တော်တို့အပိုင်းက သရုပ်ဆောင်ကြရမှာကိုး'

“အင်း ဒါကတော့ ခင်ဗျားတို့ရဲ့ ပညာပိုင်းပေါ့ဗျာ၊ကဲနောက်မှဝင်ခဲ့ဦးမယ်။ဟိုဘက်နားကဇီဇဝါလမ်းထဲအ ရောင်းအဝယ်ကိစ္စလေးရှိလို့ကျွန်တော်တို့သွားလိုက်ဦးမယ် 'ဦးညိုအေးကြီးကို နှုတ်ဆက်ကာရေကျော် ဇီ ဇဝါလမ်းဘက်သို့ကျွန်တော်တို့နှစ်ယောက် ထွက်ခဲ့ကြသည်။

တစ်ည။ အရောင်းအဝယ်ကိစ္စအတွက် ပိုက်ဆံရစရာရှိသဖြင့်ကျွန်တော်တစ်ယောက်တည်း ရေကျော်ဇီဇဝါလမ်းထဲက အိမ်သို့ လာခဲ့သည်။ အပြန်လည်း ကျွန် တော်နေထိုင်ရာမင်္ဂလာတောင်ညွန့်ရပ်ကွက်သို့ လမ်း လျှောက်ပြန်ခဲ့သည်။ ရေကျော် ရထားလမ်းကလေးမှာမှောင်ရိပ်နည်းနည်းကျနေပြီးရထားလမ်းဘေးတွေပိန္နဲပင်ကြီးတစ်ပင်ကအုပ်မိုးထားသည်။ထိုနေရာဆီမှကြားလိုက်ရသည်ကမယ်ဒလင်တီးခတ်နေသံသဲ့သဲ့။ဟုတ်ပါရဲ့။ရထားသံလမ်းပေါ်တွင်ထိုင်ကာလူတစ်ယောက်ဂီတသံစဉ်အေးမြမြကိုလှပစွာတီးခတ်ပုံဖော်နေပါလား။သူ့အနားရောက်မှကျွန်တော်အံ့အားသင့်သွားသည်။ရုပ်ရှင်လူကြမ်းဦးညိုအေးကြီးပါလား။ သူက သီချင်းမညည်းဘဲ ဂီတတီးလုံးလေးများကိုသာ လက်ကွက် ခပ်စိပ်စိပ်ဖြင့် တို့ခတ်နေသည်။ သူက ဆေးပြင်းလိပ်ခဲထားသည်။ ကျွန်တော်က အစီခံမပါသော ခပေါင်းစီးကရက်ကို ဖွာရင်းသူ့ ဘေးမှာဝင်ထိုင်လိုက်သည်။

“ဦးလေးကဂီတလည်းရတာပဲ။ရုပ်ရှင်ထဲမှာလည်းရိုးရိုးတန်းတန်း အဖေခန်း၊ ဦးကြီးခန်းကနေ၊လူ ကြီးမိဘနေရာက ဝင်မလုပ်တော့ဘူးလား' ဟု မေးမိ သည်။“မရတော့ဘူးကွ၊ ပရိသတ်က ငါတို့ကို လူကြမ်းဆိုတာပဲ ယုံကြည်ထားကြတာ။ ဒီလောကထဲ ဝင်တော့ ငါတို့ရွေးလိုက်တဲ့လမ်းကြောင်းကိုက လူကြမ်းလမ်းကြောင်းလေကွာ။ ငါတို့ရထားတဲ့ ထမင်းစားလက်မှတ်က လူကြမ်းလက်မှတ်လေကွာ။ပရိသတ်နားလည်ထားတာကလည်းဒီအတိုင်းပဲ။အဲဒီ့လမ်း ကြောင်းကိုလွှဲပြီး တခြားဘာအကွက်နဲ့ပဲ မိုးပျံအောင်လုပ်ပြလုပ်ပြ၊ ပရိသတ်ကတော့ ဆောရီးပဲ၊ Sorry ပဲ။ညိုအေးကြီးကို သူတို့ယုံတာ လူကြမ်းဆိုတာပဲ ယုံတာ။ တခြားဟာ ဘာမှမယုံကြတော့ဘူး။ ဒါလည်း ဘာကြောင့်လဲဆိုတော့ ကိုယ်ဖော်တဲ့ဆေးလေကွာ။ ကိုယ်ဖော်တဲ့ဆေးတော့ ကိုယ်မြည်းကြည့်ရတော့မှာပေါ့။ ကိုယ်ကစားရတော့မှာပေါ့' ဟု သူက ပြောနေ သည်။မလှမ်းမကမ်းမှ သူတို့ အိမ်ကလေးဆီသို့ ကျွန် တော်လှမ်းကြည့်တော့ ပြတင်းတစ်ချပ်ဟနေကာ မီးရောင်လက်လက်ကို မြင်လိုက်ရသည်။

ဘဝအကွေ့တချို့မှာ သင့်နိုးရာရာလမ်းကြောင်းလေးတွေ ကျွန်တော့် အတွေးနှင့် ကျွန်တော်ရွေးခဲ့သည်။ ရွေးချယ်ခဲ့သည်။ လျှောက်ခဲ့သည်။ ကိုယ်ပြုသောကံ ပဲတင်သံ ကိုယ်ထံ ပြန်လာသမျှ စိတ်ချမ်းသာရတာလည်း ရှိသလိုစိတ်ဆင်းရဲရတာလည်း ခဏခဏ။တစ်ချိန်ကဦးညိုအေးကြီးပြောခဲ့သလိုပါပဲ။ကိုယ့်ဖော်တဲ့ဆေးတော့က ိုယ်ကိုယ်တိုင်ပဲမြည်းကြည့်နေရတော့တာပေါ့။ကိုယ်ကိုယ်တိုင်ပဲစားကြည့်ရသေးတော့တာပေါ့။ပူလောင်စပ်ခါးကိုယ့်ရဲ့ကံတရားပဲပေါ့။မည်သို့ပင်ဖြစ်စေ လမ်းကြောင်းလေးတွေ တစ်ခုခုရွေးမိ၊ လျှောက်မိလေတိုင်း ဦးညိုအေးကြီးကို သတိရမိ သည်။ ပြီးတော့ သူ့ရဲ့မှတ်မှတ်ရရ ဒဿနအတွက် သူ့ကိုကျေးဇူးတင်ပါသည်။

Keep Reading

How To Train Your Dragon (2025) Spoiler Free Movie Reviewမျက်နှာကို တော်တော်တည် ထားသည်လွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့