Author's Profile Photo

Clover

27/05/2025

"အချစ်ဦး"တဲ့

1 min read
Life Style
Art
Creative

အချစ်ဦး"တဲ့ စကားလုံးသုံးလုံး‌နဲ့ ရိုးရှင်းပေမဲ့ နက်ရှိုင်းတဲ့ ခံစားချက်၊နာကျင်မှုတွေ ရှိနေပါတယ်။ကျွန်မ အတွက် အချစ်ဦးဆိုတဲ့ အဓိပ္ပာယ်က အသက်ငယ်တဲ့ အချိန်မှာ စိတ်ကစားခဲ့တဲ့သူတွေကို ပြောတာမဟုတ်ဘဲ ပထမဆုံး နက်နက်ရှိုင်းရှိုင်းချစ်ဖူးတဲ့သူကို ဆိုလိုတာပါ။

သူ့ကြောင့် အတွေးများဘူးတယ်။
သူ့ကြောင်း စိတ်ကူးနဲ့ရူးခဲ့ရဘူးတယ်။
သူ့ကြောင့် ငိုခဲ့ရဘူးတယ်။
သူ့ကြောင့် နှလုံးသားရဲ့ နာကျင်မှုအကြောင်းကို သိခဲ့ရတယ်။

သူ့ကို ပထမဆုံး စာပို့တုန်းကဆိုရင် ကျွန်မ လက်တွေတုန်နေခဲ့တာ..နှလုံးသားကလဲ ဖော်ပြလို့မရလောက်အောင်ထိကို ခံစားချက်တွေ ပြင်းထန်နေခဲ့တာ။သူကတော့ ပုံမှန်လေးပါပဲ။သူ့အတွက်တော့ ကျွန်မက ထူးခြားတဲ့ သူတစ်ယောက်မဟုတ်ခဲ့ဘူးလေ။ဒါပေမဲ့ကျွန်မအတွက်တော့ ဒါလေးနဲ့ လုံလောက်ခဲ့ပါတယ်။ကျွန်မဆိုတဲ့ ဖြစ်တည်မှုလေးကို သူသိနေရုံနဲ့ ပျော်နေခဲ့တာ။

တခြားနေရာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြင်းထန်တဲ့ကျွန်မက အချစ်ရေးပိုင်းမှာတော့ အရှုံးသမားပါပဲ။နောက်ဆုံးအချိန်ထိကို "ချစ်တယ်"ဆိုတဲ့ ရိုးရှင်းတဲ့ ဖွင့်ဟမှုလေးတစ်ခုတောင် မလုပ်နိုင်ခဲ့ပါဘူး။သူ့မှာ ချစ်ရမယ့်သူရှိနေပါပြီတဲ့။ဟော တွဲသွားကြပါပြီတဲ့။ကျွန်မ ရှိသမျှမျက်ရည်တွေအကုန်ကျရုံကလွဲလို့ ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ကျွန်မ နှလုံးသားထဲကနေ သူ့ကို တဖြည်းဖြည်း ဆွဲထုတ်ရုံကလွဲလို့ ကျွန်မ ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။ဆွဲထုတ်ရတာလည်း မလွယ်ခဲ့ပါဘူး။ဒါပေမဲ့ ကျွန်မလုပ်နိုင်ခဲ့ပါတယ်။

အချစ်ဦးနဲ့ ဖူးစာဆုံရတဲ့သူတွေက ကမ္ဘာပေါ်က ကံကောင်းတဲ့သူတွေထဲက တစ်ချို့ပါ။


အချစ်ဦးအကြောင်းတွေးတိုင်း အခုထိလည်း ရင်ထဲတသိမ့်သိမ့် ကြည်နူးဖို့ကောင်းတုန်းပါပဲ။တစ်ချိန်ထဲမှာပဲ နာကျင်မှု နည်းနည်းလေးက ကပ်တော့ပါလာတတ်တယ်။သူက ကျွန်မ အတွက်တော့
ငေးကြည့်ခွင့်ပဲရှိတဲ့ ပန်းတစ်ပွင့်...
ကောင်မွန်တဲ့ အိမ်မက်တစ်ခု...
‌ပျော်ရွှင်ခဲ့ရတဲ့ အမှတ်တရတစ်ခု...
ဘယ်တော့မှမပျောက်ကွယ်မဲ့ဘဝအစိတ်အပိုင်းတစ်ခုပေါ့



🍀 Clover 🍀

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)