the IX
🌺 ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 🌺
၂၀.
၁ ။
နေ့လည်ထမင်းစားဆင်းချိန်ရောက်သည်နှင့် ကောင်းခန့်သာက
" ထမင်းသွားကြမယ်လေ ထူးသစ် "
ဟု ဆိုကာ မိမိထမင်းချိုင့်ကိုလှမ်းယူသဖြင့် ထူးသစ်ယခုအချိန်အထိ စာအုပ်နှင့်မျက်နှာမခွာသေးသော လရိပ်အေးကိုကြည့်လိုက်ပြီး
" သွားမယ်လေ လရိပ်အေး ..... ကြီးမေက မင်းတို့အတွက်ပါဟင်းပိုထည့်ပေးလိုက်တယ် "
ဟူ၍ ပြောလိုက်သည် ။ မိမိစကားအဆုံးတွင် လရိပ်အေးက မိမိတို့နှစ်ယောက်ကိုကြည့်ပြီး
" မင်းတို့ပဲသွားတော့ ..... ငါမလိုက်တော့ဘူး "
ဟု ပြောသည် ။ လရိပ်အေး၏စကားကို ကောင်းခန့်သာက
" လာစမ်းပါ လရိပ်အေးရာ ..... ငါတို့ကသူစိမ်းတွေလည်းမဟုတ်တာကို ..... အားနာမနေနဲ့ "
ဟု တုံ့ပြန်ကာ လရိပ်အေး၏ထမင်းချိုင့်ကိုလည်းကောက်ယူသည် ။ ထို့ကြောင့် မိမိလည်းမတ်တပ်ထရပ်လိုက်ပြီး
" ဟုတ်သားပဲ လရိပ်ကလည်း ..... ငါတကယ်မင်းတို့အတွက်ဟင်းတွေအများကြီးယူလာတာ ..... ကောင်းခန့်သာတစ်ယောက်ပဲစားပြီး မင်းမစားရင်ငါစိတ်ကောင်းနိုင်မှာမဟုတ်ဘူး "
ဟု ပြောလိုက်သည် ။ ထိုအခါမှ လရိပ်အေးက အီလည်လည်မျက်နှာပေးနှင့်
" မင်းအဒေါ်ပြောတာမှန်တယ်သိလား ..... မင်းကတကယ့်ကိုငရစ်ကောင်ပဲ "
ဟု ပြောပြီး မတ်တပ်ထရပ်သဖြင့် ပြုံးလိုက်မိသည် ။
၂ ။
ကောင်းခန့်သာက လရိပ်တို့သုံးယောက်ထဲတွင် ထမင်းချိုင့်ပါမလာသူဖြစ်သောကြောင့် ဝိဇ္ဇာအဆောင်ဘက်မှကန်တင်းတွင်ထိုင်ဖြစ်ကြသည် ။
ကောင်းခန့်သာက ထမင်းသုပ်မှာပြီးသည်နှင့် ထူးသစ်ပိုင်၏ထမင်းချိုင့်ကိုသွက်လက်စွာယူဖွင့်သည် ။ ထမင်းချိုင့်ပိုင်ရှင်မှာ ထူးသစ်ပိုင်ဖြစ်သော်လည်း ထူးသစ်ပိုင်က ထမင်းချိုင့်ကိုစိတ်မဝင်စားပဲ ကောင်းခန့်သာကစိတ်ဝင်စားနေသောကြောင့် ကောင်းခန့်သာကို အနည်းငယ်မကြည်မလင်ဖြစ်မိသော်လည်း ကာယကံရှင်ဖြစ်သည့်ထူးသစ်ပိုင်က တုတ်တုတ်မလှုပ်သောကြောင့် စိတ်လျှော့ကာ မိမိထမင်းချိုင့်ကိုဖွင့်လိုက်သည် ။
ကိုယ်ပိုင်ထမင်းချိုင့်ကိုစိတ်မဝင်စားသောထူးသစ်ပိုင်က မိမိထမင်းချိုင့်ကိုလာချောင်းကြည့်နေသောကြောင့်
" ဘဲဥကြော် ..... စားချင်လို့လား "
ဟု မေးလိုက်သည် ။ ထူးသစ်ပိုင်က ရယ်ကြဲကြဲနှင့်
" ကြိုက်တယ် "
ဟု ပြန်ဖြေသောကြောင့် ကောင်းခန့်သာတိုးပေးလာသော ထူးသစ်ပိုင်၏ထမင်းချိုင့်ထဲသို့ ဘဲဥကြော်တစ်ခြမ်းကို ထည့်ပေးလိုက်သည် ။ ထူးသစ်ပိုင်ကလည်း ထမင်းချိုင့်ကိုယူပြီး အိမ်မှထည့်ပေးလိုက်သော ငါးပုဏ္ဏားကြော်နှစ်ကောင်ကို မိမိထမင်းချိုင့်ထဲပြန်ထည့်ပေးသည် ။ ပြီးမှ ကောင်းခန့်သာကို
" ကောင်းခန့် ..... မင်းလည်းထည့်စားနော် "
ဟု ပြောသည် ။
၃ ။
ထူးသစ်တို့နေ့လည်စာစားပြီးသည်အထိ ကျောင်းကမတက်သေးသောကြောင့် လရိပ်အေးနှင့်ကောင်းခန့်သာကို
" မင်းတို့အအေးသောက်ကြမလား ..... ငါဝယ်တိုက်မယ် "
ဟု ပြောလိုက်သည် ။ နှစ်ယောက်စလုံးကငြင်းသော်လည်း ရာသီဥတုက ပူပြင်းလာပြီဖြစ်သောကြောင့် ဘာလီနှစ်ခွက်ကိုမှာလိုက်သည် ။ ပြီးမှ နှစ်ယောက်စလုံးကိုပြုံးပြလိုက်ပြီး
" ငါတိုက်ချင်လို့ မှာလိုက်ပြီ "
ဟု ပြောလိုက်သည် ။ လရိပ်အေးက ဤစကားကို
" ပြောလည်းရမှာမဟုတ်လို့မပြောတော့ဘူး "
ဟု တုံ့ပြန်ပြီး ကောင်းခန့်သာကမူ
" မင်းကလေ ရုပ်လေးကကြည့်ကောင်းနေလို့သာတော်တော့တယ် ..... မဟုတ်ရင် မင်းကိုဂေါက်နေတယ်ထင်မိမှာ "
ဟူ၍ တုံ့ပြန်သည် ။ ထို့ကြောင့် အားရပါးရပြုံးလိုက်ပြီး
" အားနေ ဒီရုပ်ချောတာကိုပဲခလုတ်တိုက်နေလိုက် "
ဟု ပြောလိုက်သည် ။
၄ ။
လရိပ် မူလက ထူးသစ်ပိုင်ကို ပေါ့ပေါ့နေပေါ့ပေါ့စားက မည်သည့်အရာကိုမှအလေးအနက်မထားတတ်သောလူဟု ထင်ခဲ့မိသော်လည်း တကယ်တမ်းတွင်မူ ထူးသစ်ပိုင်က ပျော်ပျော်နေတတ်ခြင်းဖြစ်ပြီး ပျော်ပျော်နေရမည့်အချိန်နှင့် အခြားအချိန်ကိုခွဲခြားထားသူဖြစ်ကြောင်းကို ယနေ့မှသိလိုက်ရသည် ။ ထို့ကြောင့် ဆရာမ,မဝင်သေး၍ ကောင်းခန့်သာနှင့်စကားထိုင်ပြောနေသောထူးသစ်ပိုင်ကို
" ထူးသစ်ပိုင် "
ဟု ခေါ်လိုက်သည် ။
" ဟင် "
ဟူသော တုံ့ပြန်သံနှင့်အတူ ထူးသစ်ပိုင်က မိမိအားပြုံး၍ကြည့်လာသောကြောင့် ချောင်းဟန့်လိုက်ပြီး
" င ငါတောင်းပန်ပါတယ် "
ဟု ပြောလိုက်သည် ။ ထူးသစ်ပိုင်က မျက်မှောင်ကြုတ်၍
" ဘာအတွက် "
ဟု ပြန်မေးသောကြောင့် တံတွေးမြိုချလိုက်ပြီး
" ဒီ ဒီလိုပဲ ..... ငါမင်းအပေါ်မှာအပြစ်လုပ်ထားမိတာရှိလို့ "
ဟူ၍ ပြန်ပြောလိုက်သည် ။ ဤစကားအဆုံးတွင် ထူးသစ်ပိုင်က ထုံးစံအတိုင်း အေးချမ်းစွာပြုံး၍
" မင်းအပြစ်လုပ်ထားတာငါမသိတာမို့လို့ စိတ်ထဲမထားနေနဲ့ ..... မင်းကိုအပြစ်မတင်တာမို့လို့ မင်းလည်းငါ့ကိုမတောင်းပန်နဲ့ ..... ကိစ္စမရှိဘူး "
ဟု ပြောသည် ။ ထူးသစ်ပိုင်က အေးအေးဆေးဆေးပင်ခွင့်လွှတ်စကားပြောလာသောကြောင့် စိတ်ထဲတွင်အေးသွားပြီး
" ကျေးဇူးပဲ "
ဟု ပြောလိုက်သည် ။
၅ ။
ထူးသစ် ယနေ့မှစ၍ ကျောင်းပြန်တက်ခြင်းဖြစ်သောကြောင့် အထွေအထူးစာကျက်စရာမရှိ ။ ထို့ကြောင့် အဒေါ်အလတ်ဖြစ်သူကို စာအုပ်ဆိုင်ဖွင့်ပေးပြီး အိမ်ထဲသို့ပြန်ဝင်ကာ ဂစ်တာထိုင်တီးနေလိုက်သည် ။ ထိုစဉ် အဒေါ်အငယ်ဆုံးဖြစ်သူက အပေါ်ထပ်မှဆင်းလာပြီး
" မောင်ထူးသစ်လေးတောင်ပြန်ရောက်နေပြီလား "
ဟု မေးသည် ။ ထို့ကြောင့် ပြုံးပြလိုက်ပြီး
" ဘာခိုင်းစရာရှိလို့လဲ ကြီးငယ် "
ဟု မေးလိုက်သည် ။ အဒေါ်အငယ်ဆုံးဖြစ်သူက
" အဲ့ဒီလိုတွေအလိုက်သိနေလို့ မောင်ထူးသစ်ကိုပဲချစ်နေရတာ "
ဟု မိမိမေးခွန်းကို ပြန်ဖြေပြီး
" သားအားရင် Physics အဖြေလွှာတွေကူစစ်ပေးပါအုံး "
ဟူ၍ ပြောသည် ။ လတ်တလောတွင် မိမိ၌လုပ်စရာမရှိပဲအားလပ်နေသောကြောင့်
" အခုစစ်လိုက်ရမလား ကြီးငယ် "
ဟု မေးလိုက်သည် ။
" သားအားရင်စစ်လေ "
ဟူသော အဖြေစကားကို ပြန်ရသောကြောင့် ဂစ်တာကိုစားပွဲခုံပေါ်တင်ကာ အပေါ်ထပ်သို့တက်လာခဲ့လိုက်သည် ။
၆ ။
လရိပ် ထူးသစ်ပိုင်ကိုရက်ဆက်စာသင်ပေးနေရာမှ ရုတ်တရက်ရပ်လိုက်ရသောကြောင့် စိတ်ထဲတွင်တစ်စုံတစ်ရာလစ်ဟာနေသလိုခံစားရသည် ။ ထို့ကြောင့် စာကြည့်စားပွဲမှထကာ အိပ်ရာထဲတွင်လှဲနေလိုက်သည် ။
မျက်စိပိတ်လိုက်သည်နှင့် ထူးသစ်ပိုင်၏အေးချမ်းသောအပြုံးနှင့်မျက်နှာကို ပြန်မြင်ယောင်မိပြီး ရင်ခုန်နှုန်းက မြန်လာသောကြောင့် ရင်ဘတ်ကိုလက်နှင့်ဖိလိုက်ပြီး
" မင်းရူးနေပြီလား လရိပ်အေး "
ဟု မိမိကိုယ်ကိုယ်ပြောလိုက်သည် ။ စိတ်က မိမိကိုယ်ကိုယ်ဆုံးမနေသော်လည်း ရင်ခုန်သံတို့ကနှေးမသွားသလို ထူးသစ်ပိုင်ကိုလည်း အာရုံထဲမှထုတ်၍မရ ။ ထို့အတူ ခန္ဓာကိုယ်ကလည်း သိသိသာသာပင်ပြောင်းလဲလာသည် ။ ထို့ကြောင့် အောက်နှုတ်ခမ်းကို ဖွဖွဖိကိုက်လိုက်ပြီး
" ငါတကယ်ကိုရူးနေပြီထင်တယ် "
ဟု အော်လိုက်သည် ။
၇ ။
အဒေါ်အငယ်ဆုံးဖြစ်သူစစ်ခိုင်းသည့် ရူပဗေဒအဖြေလွှာစာအုပ်များက ယခင်တစ်ခေါက်မိမိထုတ်ခဲ့သည့်မေးခွန်း၏အဖြေများဖြစ်သောကြောင့် ထူးသစ် အချိန်တိုအတွင်း၌ပင် စစ်၍ပြီးသွားသည် ။
မေးခွန်းကခက်လွန်းသည်မဟုတ်သော်လည်း ဥာဏ်စမ်းများကိုမေးခွန်းများ၏တစ်ဝက်နီးပါး၌ထည့်ထားသောကြောင့် ဖြေဆိုသည့်ကလေးများမှာ ထိုဥာဏ်စမ်းများကိုသတိမထားမိပဲ မျက်စိမှောက်ကာဖြေသွားကြသောကြောင့် ထင်ထားသလောက်အမှတ်မကောင်းကြ ။ လေပြေတစ်ယောက်သာ မိမိထည့်ထားသောဥာဏ်စမ်းများကို သတိထားမိပြီးသေသေချာချာဖြေနိုင်သဖြင့် ဂုဏ်ထူးအမှတ်ရသည် ။ ထို့ကြောင့် လေပြေ၏အဖြေလွှာတွင်
" The Best "
ဟု ရေးကာ စာစစ်သူသည်မိမိဖြစ်ကြောင်းသိစေရန် ကြောင်ပုံတစ်ပုံကိုပါဆွဲပေးလိုက်သည် ။ ပြီးမှ လေပြေ၏အဖြေလွှာကို အောက်ဆုံး၌ထားလိုက်သည် ။
၈ ။
လရိပ်နှင့်လေပြေ ထူးသစ်ပိုင်တို့အိမ်ရှေ့အထိပင်မရောက်သေး ။ လေပြေတို့အရွယ်မိန်းကလေးများက ထူးသစ်ပိုင်တို့စာအုပ်ဆိုင်ထဲသို့ ဝင်လိုက်ထွက်လိုက်လုပ်နေကြသဖြင့် ထူးသစ်ပိုင်တစ်ယောက် ဆိုင်ထိုင်နေပြီဖြစ်ကြောင်းသိလိုက်သည် ။ ထို့ကြောင့် ခပ်လှမ်းလှမ်းမှပင် စက်ဘီးကိုအရှိန်နှေးလိုက်ပြီး
" လေပြေအေး ..... ငါမေးပါအုံးမယ် "
ဟု စကားစလိုက်သည် ။ လေပြေက
" မေးလေ ကိုကြီးရ "
ဟု တုံ့ပြန်သောကြောင့်
" နင့်မျက်စိထဲမှာ ထူးသစ်ပိုင်ကချောလား "
ဟူ၍ မေးလိုက်သည် ။ လေပြေက မိမိမေးခွန်းကို ချက်ချင်းပြန်မဖြေသေးပဲ စက္ကန့်ပိုင်းမျှတိတ်ဆိတ်သွားသည် ။ ပြီးမှ
" ချောတာမချောတာထက် ကိုကြီးပိုင်က သူ့ရဲ့မျက်နှာကကြည်နေတာ ..... ဘယ်အချိန်ပဲကြည့်လိုက်ကြည့်လိုက် ကိုကြီးပိုင်ကအမြဲအေးချမ်းနေတာ ..... ကိုကြီးပိုင်အနားရောက်သွားရင် အလိုလိုစိတ်ချမ်းသာသွားပြီး ကိုကြီးပိုင်ပြောသမျှကိုပဲနားထောင်ချင်တော့တာမျိုးပဲ "
ဟု ပြောသည် ။ လေပြေပြောသလိုပင် မိမိသည်လည်း ထူးသစ်ပိုင်အနားသို့ရောက်သွားလျှင် စိတ်ရောကိုယ်ရောအေးချမ်းသွားသောကြောင့် လေပြေ့စကားကို ငြိမ်၍သာနားထောင်နေလိုက်မိသည် ။
၉ ။
ထူးသစ် စာမေးပွဲအဖြေလွှာစစ်ပြီးနောက် ဂစ်တာကိုသယ်ကာ အဒေါ်အလတ်ဖြစ်သူရှိသည့်စာအုပ်ဆိုင်ထဲသို့ ဝင်လာခဲ့လိုက်သည် ။ ပြီးမှ အဒေါ်အလတ်ဖြစ်သူကို
" ကြီးလတ် ..... သားပျင်းနေလို့ ဂစ်တာတီးမယ်နော် "
ဟု ပြောလိုက်သည် ။ အဒေါ်အလတ်ဖြစ်သူက မိမိစကားအဆုံးတွင် ပြုံး၍
" ဒါဆို ..... ကျုပ်ဒီနေ့တော့ပိုက်ဆံတွေအများကြီးရအုံးမှာပဲဟေ့ "
ဟု စသည် ။ ထို့ကြောင့် ရယ်လိုက်ပြီး
" ပိုက်ဆံများများရတော့ ကြီးလတ်ကိုသားစားချင်တာတွေအများကြီးပူဆာလို့ရတာပေါ့ "
ဟု ပြောလိုက်သည် ။ ပြောရင်းကလည်း လွတ်နေသောခုံတွင်ဝင်ထိုင်ပြီး ဂစ်တာကြိုးကို အသံအရင်ညှိလိုက်သည် ။
၁၀ ။
ဆိုင်အပြင်ဘက်မှပင် ထူးသစ်ပိုင်၏ ဂစ်တာတီးသံကိုကြားရသဖြင့် လရိပ် စက်ဘီးကိုထူးသစ်ပိုင်တို့ခြံစည်းရိုးတွင်မှီလိုက်ပြီး လေပြေနှင့်အတူ ဆိုင်ထဲသို့ဝင်လာခဲ့လိုက်သည် ။ ထိုအခါ ထူးသစ်ပိုင်က အိမ်ထဲသို့ဝင်သည့်အပေါက်တွင်ပိတ်ထိုင်ကာ ဂစ်တာကိုအာရုံစိုက်၍တီးနေသည်ကို မြင်ရသည် ။ မိမိတို့က ထူးသစ်ပိုင်ကိုမြင်သော်လည်း ထူးသစ်ပိုင်က မိမိတို့ကိုမမြင် ။
မိမိတို့ကိုမမြင်ပဲ ဂစ်တာကိုအာရုံစိုက်နေသောထူးသစ်ပိုင်၏ပုံစံက မြင်နေကျပုံစံနှင့်မတူပဲ တစ်မျိုးကြည့်ကောင်းနေပြန်ကြောင့် ထူးသစ်ပိုင်ကို ငေးနေမိသည် ။ မည်မျှကြာအောင် ထူးသစ်ပိုင်ကိုငေးနေမိသည်မသိ ။ လေပြေက မိမိလက်မောင်းကို ဖွဖွလှုပ်ပြီး
" ဘာတွေဒီလောက်တောင်ငေးနေတာလဲ ကိုကြီး "
ဟု ပြောသောအခါမှ သတိဝင်လာပြီး မိမိတို့အားမော့ကြည့်လာသော ထူးသစ်ပိုင်ကို ယောင်ရမ်း၍ ပြုံးပြလိုက်မိသည် ။
⭕
၁ ။
ထူးသစ် ဂစ်တာတီးခြင်းတွင် စျာန်ဝင်နေသောကြောင့် လရိပ်အေးတို့ရောက်လာသည်ကိုမသိလိုက် ။ လေပြေ၏
" ဘာတွေဒီလောက်တောင်ငေးနေတာလဲ ကိုကြီး "
ဟူသော အသံကိုကြားသောအခါမှ သတိဝင်လာပြီး ခေါင်းမော့ကြည့်လိုက်သည် ။ မိမိအားငေးနေဟန်တူသော ထူးသစ်ပိုင်က ထူးဆန်းစွာပြုံးပြလာသောကြောင့် ပြန်ပြုံးပြလိုက်ပြီး
" ဪ ..... လေပြေတောင်ကျောင်းဆင်းပြီကိုး "
ဟု လေပြေ့ကိုဦးတည်၍ နှုတ်ဆက်လိုက်သည် ။ လေပြေကပြုံးပြီး
" ကိုကြီးပိုင်ဂစ်တာတီးတာ သမီးနားမထောင်ရတာကြာပြီ "
ဟု မိမိစကားကို တုံ့ပြန်ပြီး အနားသို့ပြေးလာသဖြင့် လရိပ်အေးကို အားနာစွာကြည့်လိုက်မိသည် ။ လရိပ်အေးကလည်း မိမိအနားသို့လျှောက်လာသဖြင့်
" ဒါဖြင့် ..... မောင်နှမနှစ်ယောက်ရှိနေတုံးသီချင်းတစ်ပုဒ်တီးပြမယ် .....နားထောင်ကြမလား "
ဟု မေးလိုက်သည် ။ လေပြေက သွက်လက်စွာပင်
" ထောင်မှာပေါ့ ကိုကြီးပိုင်ရ "
ဟု အဖြေပေးသောကြောင့် မတ်တပ်ထရပ်လိုက်ပြီး
" ဒါဖြင့် ..... အိမ်ထဲဝင်ကြရအောင် "
ဟူ၍ ပြောလိုက်သည် ။
၂ ။
ထူးသစ်ပိုင်က ဂစ်တာတီးပြမည်ဟုဆိုလာသောကြောင့် လရိပ်တို့မောင်နှမ ထူးသစ်ပိုင်တို့ခြံထဲရှိ ပိန္နဲပင်ရိပ်သို့ ရောက်လာကြပြန်သည် ။ ထူးသစ်ပိုင်က ပိန္နဲပင်ကိုပတ်၍ရိုက်ထားသောကွပ်ပျစ်တွင်ထိုင်ပြီး မိမိတို့ကိုလည်း
" မင်းတို့လည်းထိုင်ကြ ..... ငါမိုးစက်တင်လေတီးပြမယ် ..... အခုကနွေဦးဆိုပေမဲ့ ငါ့အကြိုက်ဆုံးရာသီဥတုက မိုးရာသီမို့လို့ မင်းတို့ကိုလည်းမိုးရာသီရဲ့အငွေ့အသက်တွေခံစားစေချင်တယ် "
ဟု ပြောသည် ။ ထို့ကြောင့် ထူးသစ်ပိုင်၏စကားအတိုင်း ကွပ်ပျစ်တွင်ဝင်ထိုင်လိုက်သည် ။ ထိုအခါမှ ထူးသစ်ပိုင်က ချောင်းဟန့်ကာ အဆိုတော်လွှမ်းမိုးသီဆိုထားသော ' မိုးစက်တင်လေ ' သီချင်း၏အစကို စတင်တီးခတ်သည် ။ ထို့နောက်
🎵 ပင်လယ်နေပူရင် 🎵
🎵 ဖြစ်ခြင်းသဘောတွေ 🎵
🎵 ဟို ...... တောင်ပြာတန်းရိုး မိုးစက်မှုန်ရင် 🎵
🎵 တို့ရဲ့စိတ်တွေ ပြေးသွားခဲ့သည် ..... မင်းတစ်ယောက်ရှိတဲ့ဆီ 🎵
🎵 မှန်းဆလွမ်းလွမ်းပါသည် 🎵
ဟူသော အပိုဒ်ကို ကြည်လင်ချိုသာသောအသံနှင့် ဆက်
Unlock to read this premium article with 10 points.