Author's Profile Photo

Reviews by Benevolent

28/03/2025

အကြီးအကဲ

3 mins read
Book Review
Novel
Fiction
အကြီးအကဲ's photo

ဇာတ်လမ်း ဇာတ်အိမ်နဲ့ သမိုင်းကြောင်းတို့ကို ဆွဲဆောင်ခေါ်ယူသွားစေမယ့်စာအုပ်တစ်အုပ်ပါ။ဒီ "နတ်သုဒ္ဓါဝတ္ထု" က ကမ္ဘာကျော်စာရေးဆရာကြီး လီယွန်အူးရစ်(Leo Uris)ရဲ့ ကိုးအုပ်မြောက်ဝတ္ထုဖြစ်ပါတယ်။သူရဲ့နောက်ဆုံးထုတ် ဝတ္ထုဆိုလည်းမမှားဘူး။ဂျွန်စတိန်းဘတ်ကို လေးစားအားကျခဲ့ရတယ်ဆိုတဲ့ အမေရိကန်စာရေးဆရာလီယွန်အူးရစ် (Leo Uris) ကို ယေဘုယျအားဖြင့် သမိုင်းဇာတ်ခံဝတ္ထုရေးသူ လို့ ပြောလို့ရပါတယ်။အများအားဖြင့် သူ့ရဲ့ အတွေ့အကြုံကို အခြေခံထားပြီး ရေးလေ့ရှိပါတယ်။ဒီစာအုပ်ပဋိသ‌န္ဓေစတည်လာအောင် စာရေးသူက ဇာတ်အိမ်တည်ရှိရာဒေသများသို့အခေါက်ခေါက်အခါခါ ခရီးထွက်ပြီး နှိုက်နှိုက်ချွတ်ချွတ် သုတေတနပြုခဲ့တယ်လို့သိရပါတယ်။အူးရစ် ဟာ ဂျူးလူမျိုးတစ်ယောက် ဖြစ်သည့်အလျောက် လူမျိုးစွဲတော့ရှိပါတယ်၊ ဂျူးလူမျိုးစွဲ (Zionism)ဟာ အလွန်ကြီးတယ်ဆိုတာ တစ်ကမ္ဘာလုံး သိပြီးသားပါ။

ဒီစာအုပ် ဘယ်လောက်ကောင်းကောင်း Deconstruction and Bias တော့ရှိတယ်ဆိုတာ ငြင်းမရဘူး။သမိုင်းအဆိုရ နှစ်ပေါင်း ၂၀၀၀ ကျော် တိုင်းပြည်ပျောက်ဆုံး၊ အဖိနှိပ်ခံ ဘဝကနေ ဂျူးတို့ စွဲလန်းချစ်မြတ်နိုးတဲ့ ပါလက်စတိုင်းဒေသမှာ နိုင်ငံတစ်ခု မွေးဖွားနိုင်အောင် ကြိုးပမ်းမှုဟာ တကယ့်သမိုင်းဝင် အထူးခြားဆုံး ဖြစ်ရပ်တစ်ခုအဖြစ် အိပ်ဇိုးဒပ် (Exodus)စာအုပ်မှာ ကျွန်တော်သိရှိခဲ့ရတယ်။ ဒီဝတ္ထုဟာ အိပ်ဇိုးဒပ် (Exodus) စာအုပ်ရဲ့ အဆက်မဟုတ်ပေမယ့် အိပ်ဇိုးဒပ် ဝတ္ထုရဲ့ တခြားတစ်ဘက်က မျက်နှာလို့ ပြောလို့ရတယ်။အ‌ကြောင်းရပ်ချင်း ဆက်စပ်နေတဲ့ သီခြားဝတ္ထုတစ်ပုဒ်သာဖြစ်တယ်။အင်္ဂလိပ်လိုပြောရရင် "other side of the coin " ပေါ့။ ဒင်္ဂါတစ်ဖက်ကခေါင်းဆိုရင် ၊ အခြားတစ်ဖက်က ပန်း သဖွယ်ပါပဲ။ ဝတ္ထုက အိပ်ဇိုးဒပ် နှင့် ပြောင်းပြန်ဖြစ်တယ်၊ အာရပ်လူမျိုးများ ပါလက်စတိုင်းမှ ထွက်ခွာသွားကြပုံကို ဇာတ်အိမ်တည်ပြီး ရေးသားထားတယ်။ဒါပေမယ့် တစ်ဖက်နဲ့တစ်ဘက်ကတော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး။တစ်ဖက်အောင်မြင်မှုဟာ အခြားတစ်ဖက်လူအတွက် ကျဆုံးမှုဖြစ်နေပါတယ်။အဖြစ်အပျက်တွေကို စာရေးသူက ကြေကွဲစိတ်၊ သနားစိတ် နဲ့ သူတို့ကိုယ်စား မချင့်မရဲစိတ် ၊ ဒေါမနဿစိတ် နဲ့ရေးထားထားလို့မြင်မိပါတယ်။ ဖတ်ရတဲ့အခါ ဖြစ်မှဖြစ်ရလေခြင်းဆိုတဲ့ ယူကျုံးမရဖြစ်သည့်အပြင် ကရုဏာဒေါသလည်း ထွက်မိတယ်။

တကယ်တော့ ဝတ္ထုတစ်ပုဒ်ဟာ သမိုင်းဝင်အချက်အလက်တွေ ဘယ်လိုပါပါ၊ သမိုင်းကို နောက်ခံဘယ်လိုပြုပြု ၊ အဖွဲ့အနွဲ့ ဘယ်လောက် ပြည့်စုံပြည့်စုံ၊ စာရေးသူက ဇာတ်ကောင်တွေရဲ့ စရိုက်ကို ပီပီပြင်ပြင် ရုပ်လုံးထင်အောင် မပြပေးနိုင်ရင် ရသမမြောက်ဘူးလို့ခံစားရတယ်။ ဒီဝတ္ထုမှာတော့ ပီပီသသ ရေးသားထားတဲ့ မူရင်းပိုင်ရှင်ရော၊ ဘာသာပြန်ပေးသူ ဆရာမောင်ပေါ်ထွန်း ရော ကျေးဇူးတင်မိပါတယ်။ဆိုလိုချက်၊ ရသ အရသာကို စာဖတ်သူနားလည်အောင် ၊ခံစားမိအောင် ဇာတ်ကွက်ကို အသေးစိတ်ခြယ်မှုန်း ထားတဲ့ အရည်အချင်းမျိုးတွေ မြင်ရတယ်။လောဘ၊ ဒေါသ ၊ မောဟ ၊ တရားတို့ရဲ့ သားကောင်များဖြစ်ကြသော လူသားတို့ အချစ်အမုန်း၊ အလွမ်းအဆွေး၊အတိုက်အခိုက်၊ အသတ်အဖြတ် ၊ လုပ်ရပ်များကို စာပေရသမြောက်စွာ ပီပီပြင်ပြင် သရုပ်ဖော်ထားသည်က စာရေးဆရာနှစ်ဆူရဲ့ ကြီးမာ

မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲအပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ

Unlock to read this premium article with 100 points.