Author's Profile Photo

Reviews by Benevolent

11/05/2025

အဆိပ်

5 mins read
Book Review
Novel
Fiction
အဆိပ်'s photo

အမြင်မှားသွားရင် ငွေဟာ အဆိပ်၊ ဂုဏ်ဟာ အဆိပ်၊လူ့စည်းစိမ်ချမ်းသာတယ်ဆိုတာ အဆိပ် ဖြစ်သွားတတ်တယ်လို့မြင်တယ်၊ အဆိပ်သင့်တဲ့နေရာမှာ ဖြေဆေးဟာသစ္စာတရားပါပဲ၊ သစ္စာ ပျက်ယွင်းသူတို့မှာ ကုရာနတ္ထိဆေးမရှိတော့ဘူး။အမှားကိုရင်မဆိုင်ပဲ လစ်လျူရှုပြီး ရှောင်ပုန်းခြင်းက ဒုက္ခရောက်စေတာပါပဲ...

ဆရာထင်လင်း ဒီစာအုပ် ဘာသာပြန်ဖြစ်
ပုံလေးကလည်း ထူးဆန်းတယ် ။ နယ်ဘက် တာဝန်ကျတဲ့အချိန် အလုပ်မှာ အထက်လူကြီးက ဗျူရိုကရက်ဆန်တဲ့ လုပ်ရပ်တွေကြောင့် ခန္ဓာရော စိတ်ပါ ဖိစီး မှု အတော်များနေခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေက ရွှေဘိုဆေးရုံတက်ဖို့ တွန်းအားပေးခဲ့တယ် ။ ဒါပေမယ့် ဆေးရုံအုပ် လူမျိုးခြား ကုလားလူမျိုးကမုန့်ဗုံးတစ်ဗုံးလောက် ကန်တော့မှ ဆေးရုံတက်ခွင့်ပေးတယ်လို့ နာမည်ကြီးတယ်။ဆရာထင်လင်းက ဘာမှမပေးပဲ ဆေးရုံတက်တယ်၊ သောက်ဆေးသာ ပေးပြီးဘာမှမဖြစ်ဘူးဆိုကာ ဆေးရုံက ဆင်းခိုင်းတယ်။ သူငယ်ချင်းတွေက ဒေသ အထာကိုသိတော့ ဆရာဝန် ဆေးရုံအုပ်ကို လက်ဆောင်နဲ့သွားကန်တော့ အဲ့အခါမှ ဆေးရုံ တက်ချင်ရင် လာတက်ပါလို့ အကြောင်းပြန်တယ်။ဒါကြောင့်ဒီဘာသာပြန်စာအုပ်ဖြစ်လာတယ် ပြောရမယ်။ဘာသာပြန်သူ ဆရာကြီးထင်လင်းက ဒီဝတ္ထုကိုပမာပြုပြီး ဆရာဝန်တွေကို စကားပြောချင်နေပုံရတယ်၊ ပြောလည်း ပြောထားပါတယ်။ ဆရာကြီးကိုယ်တိုင် နှစ်ခေါက် သုံးခေါက် ဖတ်ပြီးမှ သမီးနဲ့သမက် ဆရာဝန်မောင်နှံကိုလည်း ပေးဖတ်ခဲ့ပါတယ်။ဆရာကြီး သော်တာဆွေရဲ့ ဒီဝတ္တုနဲ့ပတ်သက်ပြီး အကြံပေးထားတာလေးကလည်း အမှာစာမှာ မှတ်သားစရာပါ။ ဆရာထင်လင်း ၊ ဆရာမောင်ထွန်းသူ စာအုပ်တွေက အမှာစာနဲ့တင် အတော်ကြွေစရာ၊ ကျေနပ်စရာများနေကြတာများတယ်။

မူရင်းစာအုပ်နာမည် Judas Tree ၊ခရစ်တော်
ကို ကားစင်တင်ချင်သူ့တွေ လက်ကိုမှ
အပ်ခဲ့တဲ့ တပည့်ရင်း ယုဒကရုရှက် က်ိုအဓိက
ရည်ညွှန်းထားတာပါပဲ ။ ဒါပေမယ့် နောက်ဆုံးမှာ
ယုဒက်ိုယ်တ်ိုင် နောင်တရပြီး မိမိဘာသာ
ဆွဲကြိုးချ သတ်သေခဲ့တဲ့ သစ်ပင်ကိုတော့
ယနေ့တိုင် ခရစ်ယာန် The Judas tree ရယ်
လို့ ခေါ်တွင်ခဲ့တယ်။စာမျက်နှာ - ၂၉၈ နဲ့ The Judas Tree ဇာတ်လမ်းရဲ့ အဓိက အကြောင်းအရာမှာ
သစ္စာဖောက်မှုပါပဲ။ဇာတ်လိုက် ဒေါကတာမိုရေးက ကာလသားဘဝ စကော့တလန်မှာနေစဉ်တုန်းက အင်မတန်ဆင်းရဲခဲ့သူတစ်ယောက်။သူဟာသူ့ဘဝတက်လမ်းကို ရှာနေခဲ့တယ်။နှစ်ကာလကြာလာသည်နှင့်အမျှ မိုရေး ဇာတ်လိုက်အမျိုးသားက အမျိုးသမီးများကို အကြိမ်ကြိမ်ချစ်မိသွားတယ်။ သူတို့တစ်ဦးစီမှာ အလွန်ကွဲပြားတဲ့ စရိုက်လက္ခဏာများရှိတယ်။အသက်အရွယ်နှင့် ပင်ကိုယ်စရိုက်တို့ကြောင့် အမျိုးသမီးများဆွဲဆောင်မှုတွင် လုံးဝဖမ်းစားခြင်းခံရတယ်။

ဒီဇာတ်လမ်းမှာ ဇာတ်လိုက်ရဲ့ လုပ်ရပ်တွေကြောင့်၊ ပြီးတော့ သူ့ပင်ကိုယ်စရိုက်ကြောင့်ပါပဲ ။သစ္စာဖောက်မှုသံသရာက ထပ်ခါထပ်ခါ ဖြစ်ပွားနေတယ်‌ ပြောရမယ်။ ဇာတ်လိုက် ဆရာဝန် ဒေးဗစ်မိုရေး က ဖရီဒါ အသက်၄၅ ဝန်းကျင် ကိုယ်လုံးကိုယ်ပေါက်တောင့်တင်းတဲ့ မိန်းမလှတစ်ယောက် ဖရီဒါ ဆိုသူနဲ့စတွေ့ခဲ့တယ်။ နောက် ဒိုရန်တောင်ပေါ်လမ်းကို ဆိုင်ကယ်စီးသွားရင်းနဲ့ ဆိုင်ကယ်ချိန်းကြိုးပျက်သွားကာ ဘူတာရုံမှာ မထင်မှတ်ပဲတွေ့မိခဲ့တဲ့ မေတ္တာကရုဏာရှင်မေရီကို ထပ်တွေ့တယ်၊မေရီမှာ စေ့စပ်ထားတဲ့သူရှိသည့်‌တိုင် အရမ်းချစ်ပြကြိုက်ပြ မခွဲနိုင်မခွာရက်ဖြစ်ဖြစ်လာတယ်။နောက် မေရီ ကိုသစ္စာဖောက်ခဲ့တယ်။

သင်္ဘောဆရာဝန်အဖြစ်နဲ့ လိုက်သွားရင်း ပင်ဒါရီသင်္ဘောပေါ်က ချမ်းသာကြွယ်ဝတဲ့ ဟိုးလဘရုမိသားစုဝင် ဒေါရစ် အလွန်အကကောင်းသူ၊ ခေတ်ဆန်ဆန် တလှုပ်လှုပ်တရွရွ ဖြစ်အောင်လုပ်တတ်သူ၊ချမ်းသာမှုအနာဂတ်ကို မက်မောသွားတယ်။ချစ်စရာကောင်းတယ်ဆိုတဲ့ အလှမယ်ဒေါရစ်နဲ့ လက်ထပ်လိုက်ရာမှ သူ့ဘဝက စိတ်မမှန်ကြောင်းသိလာတယ်။ဆွစ်ဇာလန်နိုင်ငံ အရုဏ်တက်ချိန်အလှ‌ချယ်မှုန်းပြီး လှုပ်ခါထားတယ်။နောက်အင်္ဂလိပ်မလေး ကေသီအာ့ခတ် ကို လူသိရှင်ကြား ဧည့်ခံပွဲမှာ လက်ထပ်ခွင့်တောင်းတယ်။ကေသီတစ်ယောက်ကတော့ ဝေးလံပြီး မငြိမ်းချမ်းတဲ့နယ်မြေကို သာသနာပြုဖို့ သွားတဲ့အချိန် ဒေါက်တာ မိုရေးတစ်ယောက် ဒီကြမ်းတမ်းတဲ့ ဘဝကို ...

စိတ်အားငယ်ခိုက် ယုယကြင်နာမှုကို တောင့်တရင်း ...ဖြစ်ခဲ့တာလို့သာလက်ခံထားတယ်။ဒေါက်တာဒေးဗစ်မိုရေးက သူချစ်ခဲ့ဖူးတဲ့ အမျိုးသမီးတွေကို စွန့်ခွာထားခဲ့တဲ့ အပြစ်ကို ဖြေဖျောက်ရန် ကြိုးစားတဲ့ သူ့ဘဝဇာတ်ကြောင်းကိုလည်းမြင်ရမယ်။ပတ်သတ်ခဲ့ဖူးသူတစ်ယောက် ကွယ်လွန်သွားရင် အတိုင်းမသိနက်ရှိုင်းတဲ့ သစ္စာတရားကို လှစ်ခနဲ ဖွင့်ပြလိုက်သည့်အလား မိုရေးက သူ့ဇာတိကို သူမထိန်သာ မဝှက်သာ ပကတိအတိုင်း ရုတ်တရက် သိမြင်လာတယ်။အဲ့ဒါကလည်း ခဏတာ အသိတရားသာဖြစ်တယ်။လူတိုင်း အနည်းနဲ့အများ မလွဲမသွေ ကြုံတတ်ကြတာတွေကို မိုရေးအကြောင်းကြည့်ခြင်းဖြင့် သတိတရားရစရာ ကောင်းနေတယ်။ သူကိုယ်တိုင်က အချစ်လို့ ထင်နေတဲ့ ခဏတာသာယာတတ်တဲ့ မခိုင်တဲ့စိတ်ဓာတ်ဟာ သူ့ရဲ့ပျော့ညံ့မှုကြောင့် ခဏ ခဏ အသက်ပျောက်ရတယ်။

တာဝန်ကိုရော၊ ဒုက္ခကိုရော ၊ စိတ်မချမ်းသာစရာကိုပါ တိမ်းရှောင်တတ်တဲ့ နေရာမှာ ပင်ကိုဉာဏ်ထက်မြက်တဲ့လူ အဖြစ် လှုပ်ရှားနေတယ်။အများအမြင်မှာ လူကောင်းတစ်ယောက်၊ ချစ်စရာအပြုံးပိုင်ရှင် ၊ ယဉ်ကျေးသိမ်မွေ့ပြီး အနုပညာမြတ်နိုးတတ်တဲ့သူတစ်ယောက် လို့ ချီးကျူးစကား ပြောကြတယ်။တကယ်တော့ ဆင်းရဲဒုက္ခများနှင့် ပြည့်နှက်သွားခဲ့တယ်။ သူ့ကိုးကွယ်တဲ့ဘာသာကိုပါ သစ္စာဖောက်ခဲ့တယ်၊ ပြီးတော့ သူ့ကိုယ်သူတောင် သစ္စာဖောက်ခဲ့တယ်။လူတစ်ယောက် ဘဝကို ဖျက်ဆီးလိုက်တာက ကိုယ့်ကိုယ်ပါ ဖျက်ဆီးလိုက်တာနဲ့ အတူတူပါပဲ။အသိဉာဏ်မှာ ဇွတ် လှည့်စား

တစ်ကျွန်းစံ၏အပြန်လမ်းအဆိပ်ညဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) စာအုပ်လား ရုပ်ရှင်လား𝙂𝙚𝙤𝙧𝙜𝙚 𝙊𝙧𝙬𝙚𝙡𝙡 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣မပျင်းစရာ စွဲမက်စရာ ကောင်းတဲ့စာအုပ်တွေတိမ်နဲ့ချည်တဲ့ကြိုး-ဂျူး🏔️မိစ္ဆာကျွန်း𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚

Unlock to read this premium article with 100 points.