နေဝန်းညီနောင်
သေခြင်းကို ကြောက်ကြတယ်
ရှင်ခြင်းကို တွယ်တာကြတယ်
သေခြင်းဆိုတာ ထာဝရ
ရှင်ခြင်းက ခဏတာ
နေ့စဉ်ရှင်သန်နေရခိုက် မသေတော့ဘူးထင်မိ
ရှင်သန်ခြင်း နဲ့ကပ်လျက်သေခြင်းအမြဲရှိ
တနေ့စာ
တပတ်စာ
တလစာ
တနှစ်စာ
ဆယ်နှစ်စာ...
တသက်စာ...
အစီအစဉ်တွေဆွဲကြ။
ညအိပ်ယာဝင်ခါနီး
မနက်နိုးထဖို့
နှိုးစက်ပေးအိပ်ကြ။
ရှင်သန်ခြင်းကိုကြည့်ပြီး
သေခြင်းက ရယ်မော
နင်တို့ ငါ့ကိုမေ့နေကြတယ်ပေါ့
မနက်ရှင်သန်မယ်လို့
ဘယ်သူ အာမခံနိုင်သလဲ...။
နေဝန်းညီနောင်
၂၆.၃.၂၅
၁၁:၅၅
Keep Reading