Author's Profile Photo

တင်ညွန့်

24/09/2024

ကိုယ်ချင်းစာစိတ် ---------------

1 min read
Life Style
Education
ကိုယ်ချင်းစာစိတ်
---------------'s photo


“သနားလိုက်တာဟယ်”

“ကူညီကြပါ”

ပါးစပ်က အလွယ်ပြော၊ လက်တွေ့တော့ လက်ကမပါ ဘယ်မှာ သနားရာ၊ ကူညီရာ ရောက်နိုင်ပါအံ့နည်း။

ကိုယ်ချင်းစာစိတ်ဆိုသည်မှာ ကိုယ်နှင့်ရင်းပြီး ရှာနိုင်မှ သိနိုင်၊ ရနိုင်သည်ဆိုသော သဘောတရားတစ်ခုကို နာမည်ကျော် ဟောလီးဝုဒ်ရုပ်ရှင်သရုပ်ဆောင် ရစ်ချတ် ဂီရာ (Richard Gere) ၏ အဖြစ်အပျက်က ဖော်ပြ သည်။

ရစ်ချတ်သည် အတွေ့အကြုံတစ်ခုကို လိုချင်သဖြင့် သူကိုယ်တိုင် အိမ်မဲ့ရာမဲ့လမ်းဘေးနေတစ်ယောက်ပုံစံဖြင့် ဝတ်စားကာ အပြင်ကို တစ်ယောက်တည်း ထွက်လာခဲ့သည်။ သူက

“ကျွန်တော် အိမ်ခြေရာမဲ့တစ်ယောက်ပုံစံ ဝတ်စားထားတာကို ဘယ်သူမှ သတိမပြုမိဘူး။ ကျွန်တော်ထိုင်နေတဲ့ ရှေ့ကနေ ဖြတ်သွားကြတယ်။ ကျွန်တော့်ကိုလည်း မနှစ်မြို့တဲ့ ပုံစံတွေနဲ့တောင် ကြည့်သွားကြသေးတယ်” ဟု သူက ထိုအဖြစ်အပျက်ကို ပြောပြသည်။

ထိုအချိန်တွင် အမျိုးသမီးငယ်တစ်ဦးက သူ့ဆီကို ရောက်လာပြီး စားစရာ အထုပ်တစ်ထုပ်လာပေးသည်။

ရစ်ချတ် စိတ်ထဲတွင် ချက်ချင်း အလင်းတစ်ခုရသွားသည်။

လူတိုင်း ကိုယ့်အနေအထားတစ်ခုကို မေ့နေကြသည်။ ကိုယ့်မှာ ကံကောင်းသောကြောင့် အမိုးအောက်၊ အကာအောက်၊ ဘေးကင်းလုံခြုံသည့် အနေအထားတွင် နေထိုင်နေကြရသော်လည်း မလုံခြုံသောဘဝများတွင် နေထိုင်ရသူပေါင်း များစွာရှိနေနိုင်သည်ဆိုသော အချက်ဖြစ်သည်။

ကိုယ့်မှာ ရှိတာလေးကို ဖဲ့ပြီး၊ မရှိသူတွေကို တတ်နိုင်သလောက်လေးလှူမည်ဆိုလျှင် မည်မျှ ကောင်းမည်နည်း။ ကိုယ်ချင်းစာစိတ်သည် အကြာကြီး တွေးနေရမည့်ကိစ္စမဟုတ်ပါ။ ချက်ချင်း ကောက်လုပ်နိုင်သည့် အလုပ်ဖြစ် ပါသည်။

ရစ်ချတ်သည် ကိုယ်တိုင်ခံစားတွေ့ကြုံရသည့် အတွေ့အကြုံအပေါ် အခြေခံပြီး သူတစ်ခုခု လုပ်ပါသည်။

ထိုနေ့ကစပြီး သူသည် မြို့ထဲကို ကားနှင့်သွားစဉ် လမ်းတွင်ကြုံတွေ့ရသည့် အိုးမဲ့အိမ်မဲ့ တိုင်းကို အစားအစာနှင့် ဒေါ်လာ ၁၀၀ ထောက်ပံ့ပေးသည်။ ထိုသူများက အစားအစာနှင့် ငွေကို လက်ခံရရှိသဖြင့် ဝမ်းသာလွန်းသော ကြောင့် ကျေးဇူးတင်ကာ ကျလာသည့် မျက်ရည်သည် သူ့ကိုခံစားရစေသည်။

ကိုယ်ချင်းစာစိတ်သည် ကိုယ်တိုင်ခံစားတတ်မှရနိုင်သည်။ ကိုယ်ချင်းစာစိတ်ကို သင်ပေး၍မရပါ။ ကိုယ်တိုင် စာနာတတ်မှ ကိုယ်ချင်းစာတတ်သည်။

(True Love Conquers All)

(Photo Credit: Pattaya Mail)

တင်ညွန့်

၈.၉.၂၀၂၄

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ