Author's Profile Photo

Linn Yin

25/03/2025

တွင်းနက်ထဲမှ သားကောင်များကိုကယ်တင်ရန်

1 min read
Education
Leadership
တွင်းနက်ထဲမှ သားကောင်များကိုကယ်တင်ရန်'s photo

လောကဓံလှိုင်းလုံးကြီးတွေကြားကအပြုံးတွေကိုပိုင်ဆိုင်ထားပြီး လာလေသမျှဒုက္ခကို ကြံ့ကြံခံနိုင်သူတွေပါ။ ဆိုးဝါးလှသောအခြေအနေတွေနဲ့ ဖြစ်တည်နေထိုင်နေရသောသူတွေပါ။

ဟုတ်ပါတယ် သူတို့က​တော့လူငယ်​တွေပါ။

ကျွန်တော်တို့ပတ်ဝန်းကျင်က လူငယ်တွေအများစုမှာ စိတ်ကျရောဂါကိုများစွာခံစားနေရပါတယ်။ မပြည့်စုံနိုင်သောဘဝကို အရှုံးမပေးဘဲ လာလေသမျှ ဒုက္ခတွေကိုအရွယ်နဲ့မလိုက်အောင် ခါးဆီးခံကာရုန်းကန်နေကြရပါတယ်။ ပတ်ဝန်းကျင်က ပစ်ချင်နေသော၊ ပစ်နေသောမြှားတွေကို ထိပ်တိုက်ရင်ဆိုင်ကာ မျက်ရည်များဖြင့် ရပ်တည်နေကြရပါတယ်။သားကောင်တွေတော်ပြီဆိုရင် ဘယ်မုဆိုး ဘယ်လောက်ပဲ ဘယ်နယ်ပယ်မှာ ကျင်လည်ခဲ့ကျင်လည်ခဲ့ လိုက်မမီနိုင်ပါဘူး။ ဘာလို့ဆို မုဆိုးရလိုက်မှာက သူ့အတွက် တစ်နပ်စာ။
သားကောင်ပေးလိုက်ရမှာကသူ့ရဲ့အသက်။ကလေးတစ်ယောက်က အိမ်တစ်အိမ်ရဲ့ဆည်းလည်းသံဖြစ်သလိုပဲ လူငယ်များဟာလည်း နိုင်ငံတစ်နိုင်ငံရဲ့ ဆည်းလည်း၊ အရာအားလုံးလို့ဆိုနိုင်ပါတယ်။ တိုင်းပြည်ရဲ့ ပညာ​ရေး၊ ယဥ်ကျေးမှု၊ စီးပွားရေး တွေကိုတိုးတက်နိုင်အောင် ဆုပ်ကိုင်ထားနိုင်သူတွေပါ။
၁။ ၂၁ရာစုရဲ့ လူငယ်တွေဟာ ဖြတ်ထိုးဉာဏ်အင်မတန်ကောင်းကြသောသူများဖြစ်သည်။
၂။ တိုးတက်လာသောခေတ်နှင့်အညီ ကမ္ဘာကြီးကိုအုပ်စိုးတော့မည့်သူများဖြစ်ကြသည်။
၃။ မပြည့်စုံသည့်မိသားစုရဲ့လိုအပ်သောကွက်လပ်ကိုဖြည့်စွက်ကာ မိသားစုကိုဦးဆောင်နေကြသူများဖြစ်သည်။
၄။မကောင်းသောပတ်ဝန်းကျင်ရဲ့
လောင်းရိပ်အောက်ကလွတ်အောင် စိတ်ဓာတ်ကျဆင်းမှုများကို အဆိုးရွားဆုံးခံနေရသည်တောင်မှစိတ်ကိုအကောင်းဆုံးပြင်ဆင်နေကြသူများဖြစ်သည်။
မီးခိုးရှိရင် မီးလည်းရှိမှာပေါ့ဆိုသည့် စကားပုံလို တော်တဲ့လူငယ်များရှိမှသာ တိုးတက်တဲ့နိုင်ငံဖြစ်လာမှာပါ။ ယခုအချိန်မှာတော့ ကျွန်တော်တို့နိုင်ငံမှ လူငယ်တွေအတော်များများ စိတ်ဓာတ်ကျနေကြသည်။ သို့သော်
သူတို့သည် မသေဆုံးနိုင်သောမီးစာများလို နေရာတိုင်းတွင်ဟုန်းဟုန်းတောက် ရပ်တည်ခုခံနေကြတယ်။

လင်းယဥ်
၂၅.၃.၂၀၂၅
စာဖတ်သူများအားလေးစားလျက်ပါရှင့်။
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ။

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့My Life Notesတွင်းနက်ထဲမှ သားကောင်များကိုကယ်တင်ရန်ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------I Love Me ( Part -1 )အားရှိတဲ့ချိန် ခုန်လိုက်ပါA4 တစ်မျက်နှာနဲ့ ၃နှစ်စာကို ပုံဖော်မယ်ကိုယ်ချင်းစာစိတ် ---------------ပြည်သူ့နီတိပညာ သင်ကြားမှုအား လေ့လာဆန်းစစ်ခြင်း (၁) ----------------------------------------------------------မိသားစုအရေး