Author's Profile Photo

Noon (နွန်း)

30/07/2024

I Love Me ( Part -1 )

1 min read
Life Style
Education
General Knowledge
I Love Me ( Part -1 )'s photo


Part 1 မှာကတော့
"ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ချစ်လဲ " ဆိုတာကို သုံးသပ်တာ‌လေး နဲ့ မိတ်ဆက်ပါမယ်

Part 2မှာကတော့ I Love Me ဆိုတဲ့ ခေါင်းစဉ် နဲ့အတူ ဆောင်းပါးလေးရေးပါမယ်

ဒီpart 1 ကို ဖတ်ပြီဆိုရင်    [  Note>  ]
 ပြထားတဲ့ဟာလေးတွေရေး‌ပေးဖို့ ‌ မေတ္တာရပ်ခံပါတယ်ရှင်။ ?
Note ကနေ ကိုယ့်ကိုယ်ကို ဘယ်လောက်ချစ်လဲဆိုတဲ့ အဖြေလေးတွေရှာကြရအောင်နော်။?


မေးခွန်း တစ်ခုကို၁၀၀ မှတ်ပေးထားကြမယ်


  • "သင့်ကိုသင် ချစ်သလား။" ? အရင်စမ်းသပ်ကြည့်ရမယ့်နည်းလမ်းလေး




1. ဘယ်လောက်ရာခိုင်နှုန်း ကိုယ့်ကိုယ်ကိုယ်
ချစ်တယ်လို့ တွေးဖူးပါသလဲ။

Note > 100% 90% 80% 70% 60% 50% 40% 30% 20% 10% 0%

?(ဉပမာ- 50% ရွေးရင် ၅၀မှတ်ပေါင်းမယ်)





2. သင်ရဲ့စိတ်ကို အလိုလိုက်ပါသလား။

Note > ဉပမာ- တစ်ခါတစ်လေ အသုံးဝင်တာလေးတွေကို လုပ်ဖို့ စိတ်ကိုအလိုလိုက်တယ် ။

စိတ်ကို အလိုလိုက်တာ ပိုများတဲ့ အရာလေးရွေး?

အကျိုးပြု။         - ၈၀မှတ် 
အလယ်အလတ် - ၅၀မှတ်
အကျိုးမပြု။       -၃၀မှတ်




3. ကိုယ်ပိုင်အချိန်ဇယား ဆွဲထားတာရှိပါ
သလား။


Note > ရှိ ( အောက်က မေးခွန်းလေး ဆက်ဖတ်ပါ )
မရှိ( မရှိရင် အခုက စပြီး အချိန်ဇယား
လုပ်ထားပေးပါ)

?ရှိရင် ၅၀ပေါင်း / မရှိရင် ၅၀ နုတ်



4. ဆွဲထားတဲ့ အချိန်ဇယားအတိုင်း ရာခိုင်နှုန်း
ဘယ်လောက်လိုက်လုပ်ဖြစ်လဲ။

Note > 100% 90% 80% 70% 60% 50% 40% 30% 20% 10% 0%

?(ဉပမာ- 50% ရွေးရင် ၅၀မှတ်ပေါင်းမယ်)



5. သင် တကယ်တတ်မြောက်ထားသော
ပညာရပ်(များ)ကို ချရေးပေးပါ။


Note > ပန်းချီ ၊ စာပေ ၊ ဘာသာစကား ၊ နည်းပညာ ၊ ဆေးဝါး၊.....{ စတဲ့ ကိုယ်တတ်မြောက်သော ပညာတွေကိုရေးချပေးပါ }

(?တတ်တဲ့ ပညာရပ် တစ်ခုရှိရင် ၂၀ပေါင်းပါ)





6. ပညာရပ်ကို လေ့ကျင့်တာ ၊ ပိုက်ဆံရှာတာမျိုးမှာ
တကယ်အသုံးချဖူးပါသလား။

Note > အသုံးချဖူးတယ်။
အသုံးမချဖူးဘူးပါ။


အသုံးချဖူးတဲ့အရာ‌ပေါ် မူတည်ပြီး အမှတ် လေးရွေး?

အကျိုးပြု         - ၈၀မှတ်
အလယ်အလတ် - ၅၀မှတ်
အကျိုးမပြု      - ၃၀မှတ်



အပေါ်က မေးခွန်း ၆ခု ရဲ့ (အမှတ်‌ပေါင်း၆၀၀) အမှတ်‌ပေါင်းကြည့်ပါ

? ဉပမာ - ၄၀+၅၀+၅၀+၃၀+၄၀+၈၀ = ၂၉၀


ဒါဟာ ၆၀၀ ရဲ့ တစ်ဝက် ၃၀၀တောင်မပြည့်ပါဘူး။
ကိုယ့်ကိုယ်ကိုယ် သိပ်မချစ်တတ်သေးဘူးလို့ ပြောရမယ်။


မေးခွန်းနဲ့အမှတ်အပေါ် သုံးသပ်ချက်?
၁.ကိုယ့်ကိုယ်ကိုယ်ထပ် မိဘကိုဦးစားပေးချစ်တယ်။
( အခုအရွယ်မှာ ကိုယ့်ဆန္ဒထပ် မိဘရဲ့ ဆန္ဒကို လိုက်လျောပြီး နေ‌တာကြောင့်ပါ)

၂.အစားအစာနဲ့ ပတ်သက်လာရင် အလိုလိုက်လွန်း။
၃. အချိန်ဇယားရှိပေမယ့် မသုံးဖြစ်သေးဘူး။
၄. တစ်ချို့အချိန်တွေကို အလကား ဖြုန်းမိတယ်။
၅. တတ်မြောက်ပေမဲ့ မကျွမ်းကျင်‌သေးဘူး။
၆. ပညာရပ်ကို လေ့လာတတ်ပေမယ့် ပိုက်ဆံမရှာတတ်သေးဘူး။




7. အောင်မြင်ခြင်း ၊ ငွေချမ်းသာခြင်း ၊ စိတ်ချမ်းသာ
ခြင်း ၊ ပျော်ရွှင်ခြင်း (တစ်ခု၊နှစ်ခု ၊အားလုံး )
စတာတွေကို လိုချင်ပါသလား။

Note > အောင်မြင်ခြင်း
(တစ်ခု၊နှစ်ခု ၊အားလုံး လိုချင်သည့်အရာ များကို ချရေးပေးပါ။ )

မေးခွန်းနံပါတ် ၇ ကိုအမှတ်ထဲမထည့်တွက်ပါဘူး။

အဲဒီ အရာတွေကို ရအောင်
ကိုယ် ဘယ်လောက် ကြိုးစားဖူးလဲ ဆိုတာကို
တွေးစေချင်လို့ပါ

ကိုယ်ကသာ အောင်မြင်ချင်တယ်၊ငွေရှိချင်တယ် ဆိုပြီး ပါးစပ်ကသာ ပြောလိုက်ပါရဲ့။

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ပြီး အချိန်နဲ့ တစ်ပြေးညီ ကြိုးစား တဲ့သူဟာ နည်းနည်းပါးပါးပဲရှိပါတယ်။

ဓာတု‌တီထွင်ပညာရှင် Marie Curie ဟာ
လူတကာရဲ့ ဝေဖန်မှုကို ခံခဲ့ရပေမယ့် ကိုယ့်ကိုယ်ကိုယ် သတ်သေမဲ့အစား ကိုယ့်ကိုယ်ကိုယ်
ချစ်တတ်ပြီး အချိန်နဲ့ အညီ ကြိုးစားတတ်တဲ့သူဖြစ်တာကြောင့် အောင်မြင်မှုကို ရခဲ့တာပါ

Marie Curie ရဲ့ အတ္ထုပတ္တိ ကို ရှာဖတ်ကြည့်ဖို့ အကြံ‌‌ပေးပါတယ်ရှင်။

Part 1 လေးကို အဆုံးထိ ဖတ်ပြီးပြီဆိုတော့
ကိုယ့်ရဲ့ note လေးရယ်၊ အမှတ်ပေါင်းရယ် ကြည့်ပြီး သုံးသပ်ကြည့်ပါနော်။
သတိထားမိတာ‌လေး ရှိမယ် ထင်ပါတယ်ရှင်။

Part - 2 မှာ ပြန်ဆုံကြမယ်

Author -Noon





Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ