တင်ညွန့်
မြေးအဘွားနှစ်ယောက် စကားပြောနေကြသည်။
“ဘွားဘွား”
“ဘာလဲကွယ်”
“အချစ်ဆိုတာဘာလဲဟင်”
“မြေးလေး … အချစ်ဆိုတာ ဟိုးတုန်းကတော့ စွန့်လွှတ်အနစ်နာခံခြင်းတဲ့ကွယ်။ ခုခေတ်မှာတော့ အချစ်ဆိုတာ ပျော်စရာ ဖျော်ဖြေမှုတစ်ခုဖြစ်နေပြီ”
“ဘွားဘွား … မိတ်ဆွေဆိုတာရောဟင်”
“မိတ်ဆွေဆိုတာ ဟိုးတုန်းကတော့ အခက်အခဲ ဒုက္ခတွေဖြစ်နေချိန်မှာ မားမားမတ်မတ် လာပြီးတော့ ရပ်တည် ပေးတတ်သူတွေပေါ့ကွယ်။ ခုခေတ်မှာတော့ ဒုက္ခတွေကြုံနေပြီဆိုရင် ပျောက်ကုန်ပြီ။ ဒီခေတ်မှာ မိတ်ဆွေဆိုတာ ဒုက္ခပေးဖို့နဲ့ ဒုက္ခရောက်ရင် ရှောင်ပြေးဖို့ဖြစ်နေပြီ”
“ဘွားဘွားရယ် … ဒါဆိုရင် ဆွေမျိုးဆိုတာကရောဟင်”
“ဆွေမျိုးဆိုတာ ဟိုးတစ်ချိန်တုန်းကတော့ တစ်ဦးကိုတစ်ဦး အပြန်အလှန်ထောက်ပံ့ပေးပြီး အမှီသဟဲပြုနေနိုင် သူတွေပေါ့ကွယ်။ ခုခေတ်မှာတော့ ဆွေမျိုးဆိုတာ ကိုယ့်ထက်သာ မနာလို၊ ကိုယ့်ထက်တော် အတင်းပြော အတွင်းသဘောကောက်ကျစ်သူတွေပေါ့”
ခေတ်ကြီးကတိုးတက်လာပါသည်။
တိုးတက်လာသည်နှင့်အမျှ လူတို့၏ စိတ်နေစိတ်ထား အတွင်းသဘောတွေလည်း ပြောင်းလဲကုန်ကြတော့ သည်။ အဓိကပြဿနာမှာ လူတိုင်း ငွေနောက်ကို ကောက်ကောက်ပါအောင် လိုက်နေကြခြင်းဖြစ်သည်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတို့ကြောင့် အားလုံးပြောင်းလဲကုန်သည်။ ငွေက လူသားတို့၏ နှလုံးသားနှင့် အပြုံးများကို ဆိတ်သုဉ်းစေသည်။
(Ref : What is …?)
တင်ညွန့်
၂၁.၃.၂၀၂၅
Keep Reading