Author's Profile Photo

SarPhat Official

26/03/2025

မြန်မာ့အမွေအနှစ် "အမှတ်တရများနှင့် သင်္ကြန်" အကြောင်း စာရေးပြိုင်ပွဲကြီး

1 min read
ပျောက်ကွယ်မသွား အမွေအနှစ်များ
သင်္ကြန်
မြန်မာ့အမွေအနှစ် "အမှတ်တရများနှင့် သင်္ကြန်" အကြောင်း စာရေးပြိုင်ပွဲကြီး's photo

ရိုးရာအမွေအနှစ်၊ ယဉ်ကျေးမှုအမွေအနှစ်တွေ ပျောက်ကွယ်မသွားဖို့ဆိုရင် ရင်ထဲမှာရှိနေကြတာကို လက်တွေ့ထုတ်ဖော် မှတ်တမ်းတင်ကြဖို့လည်း လိုအပ်တယ်မဟုတ်ပါလား။

ဒါကြောင့် 𝗦𝗮𝗿𝗣𝗵𝗮𝘁 ကနေ "ပျောက်ကွယ်မသွား အမွေအနှစ်များ" ဆိုတဲ့ ခေါင်းစဥ်အောက်မှာ မြန်မာတို့ရဲ့ ရင်နှစ်သည်းချာအမွေအနှစ်တစ်ခု၊ "သင်္ကြန်" အကြောင်း လူသိနည်းတဲ့အချက်တွေကို ပြန်လည်ဖော်ထုတ်ပြီး ရေးသားယှဥ်ပြိုင်နိုင်ဖို့ စီစဥ်ပေးလိုက်ပါတယ်။

ဘာအကြောင်းတွေရေးရမလဲဆိုတော့ မြန်မာ့သင်္ကြန်နှင့် ပတ်သက်ပြီး

  • မြန်မာနိုင်ငံမှာ ဘယ်အချိန်တည်းကစပြီး ကျင်းပခဲ့ကြသလဲ
  • သင်္ကြန်နဲ့ ဆက်စပ်ပြီး ဘယ်လိုယဥ်ကျေးမှု ဓလေ့တွေ ရှိခဲ့ကြသလဲ
  • သင်္ကြန်အကြောင်း ထင်ရှားတဲ့အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေ စသည်ဖြင့်


လူသိများတဲ့အချက်တွေအပြင် လူသိနည်းတဲ့ သမိုင်းကြောင်း၊ မှတ်တမ်းတွေကို မြန်မာ့အမွေအနှစ်တစ်ခုအနေနဲ့ မိမိစိတ်တိုင်းကျ ပြန်လည်ဖော်ထုတ်ပြီး ရေးသားပေးရပါမယ်။

ဘယ်လိုပါဝင်ရမလဲ?
သင်္ကြန်အကြောင်း ရေးသားထားတဲ့ Article ကို SarPhat Platform တွင် ရေးသားကာ "ပျောက်ကွယ်မသွား အမွေအနှစ်များ" ၊ "သင်္ကြန်" Category များဖြင့် Publish ပြုလုပ်ပြီး ပါဝင်ထားကြောင်း Screenshot ရိုက်၍ Message Box မှာ ပေးပို့ထားပါ။

  • ယခု Campaign Post အား Facebook တွင် Public ဖြင့် Like & Share ပြုလုပ်ပါ။
  • ပါဝင်ယှဥ်ပြိုင်သူသည် SarPhat Facebook Page ကို Like & Follow ပြုလုပ်ထားသူ ဖြစ်ရပါမယ်။


ဒီအချက်တွေပြည့်စုံပြီဆိုရင်တော့ ဧပြီလ (၃၀) ရက်နေ့ ည (၁၂)နာရီ နောက်ဆုံးထားကာ ပါဝင်ရေးသားယှဥ်ပြိုင်ရမှာဖြစ်ပြီး ဆုလက်ဆောင်အနေနဲ့

ပထမဆု (၁ သိန်းကျပ် + SarPhat Gift Box + Calendar)
ဒုတိယဆု (၅ သောင်းကျပ် + SarPhat မတ်ခွက် + Calendar)
တတိယဆု (၃ သောင်းကျပ် + SarPhat Totebag + Calendar) တို့အပြင်


နှစ်သိမ့်ဆုအဖြစ် Panora စာအုပ်တိုက်မှ 10% Book Discount (၁၀ ဆု) ကိုလည်း ပေးအပ်သွားမှာပါ။
မြန်မာတို့ရဲ့ ချစ်မြတ်နိုးစရာ အမွေအနှစ်တစ်ခုဖြစ်တဲ့ "သင်္ကြန်" အကြောင်းကို SarPhat နဲ့အတူ ဂုဏ်ယူစွာ ပြန်လည်ဖော်ထုတ်ရင်း နှောင်းလူတို့အတွက် လက်ဆင့်ကမ်းလိုက်ရအောင်...

ပါဝင်ယှဥ်ပြိုင်ဖို့ စည်းကမ်းချက်များကို SarPhat ရဲ့ Message Box နှင့် Viber, Telegram တို့မှာ မေးမြန်းထားနိုင်ပါတယ်။

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက် - 𝗦𝗮𝗿𝗣𝗵𝗮𝘁”

Keep Reading

တန်ဖိုးထားလို့ တင့်တယ်စေ မြန်မာတို့ရဲ့ယဥ်ကျေးမှုအမွေမြန်မာ့အမွေအနှစ် "အမှတ်တရများနှင့် သင်္ကြန်" အကြောင်း စာရေးပြိုင်ပွဲကြီးမြန်မာရိုးရာသင်္ကြန်နှင့်ကျားဆုပန်ပွဲ __________________"အရိုးကို အရွက်မဖုံးနဲ့" --------------------နှစ်သစ်ကူး(တန်ခူးလ)၏ အကြောင်း သိမှတ်ဖွယ်ရာများ။မြန်မာနှင့်သင်္ကြန်၊ သင်္ကြန်နှင့် ပိ​တောက်"​ပျောက်ကွယ်မသွားတဲ့သကြန်အ​မွေအနှစ်များပျောက်ကွယ်မသွားအမွေနှစ်များ....အို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပျောက်ကွယ်မသွား အမွေအနှစ်များ