Moe
ပျောက်ကွယ်မသွားတဲ့သကြန်အမွေအနှစ်ဆိုသည်မှာမြန်မာသကြန်ပွဲတော်နှင့် ဆက်နွယ်နေသော ယဥ်ကျေးမှု၊ အနုပညာ၊ သာသနာရေးနှင့် လူမှုအဖွဲ့အစည်းအတွင်း မျိုးဆက်ကိုဆက်လက် ထိန်းသိမ်းထာ၀ရထားနိုင်မည့် အမွေအနှစ်များကိုဆိုလိုပါတယ်။
သကြန်ဖြစ်ပေါ်လာပုံ
သကြန်ကိုဘုရင်တွေလက်ထက်ထဲကစတင်ကျင်းပခဲ့သည်။ သကြန်ကိုအဂ်လိပ်လက်အောက် ဂျပန်လက်အောက်ကျရောက်ခဲ့သော်လည်းသကြန်ကိုကျင်းပခဲ့ပါသည်။
သကြန်ကိုကျင်းပတဲ့ရည်ရွယ်ချက်က နှစ်ဟောင်းကနေ နှစ်သစ်ကိုကူးတဲ့အချိန်မှာ အညစ်အကြေးတွေပျောက်အောင်ရေလောင်းကြပါတယ်။
ရှေးယခင်ကာလများတွင် သပြေခက်နှင့်ငွေဖလားကို အသုံးပြုကာ ရေကစားကြပါသည်။
အခုအခါ ရေသေနတ်များနှင့် ရေပိုက်များ အသုံးပြုကာ အတာရေသဘင်ပွဲတော်ကို ခေတ်နှင့်အညီ မဏ္ဍပ်များတည်ဆောက်၍ ကြီးကျယ်ခမ်းနားစွာကျင်းပ ဆင်နွဲလျက်ရှိကြသည်။ သကြန်ရေသဘင်ပွဲတော်သည် တောရောမြို့ပါမကျန် အရမ်းပျော်ရွင်နေတဲ့ပွဲတစ်ခုဖြစ်ပါသည်။
အချို့မြို့များတွင် အိုးမည်းသုတ်ခြင်းများမှာလည်း ပျော်ရွင်ဖွယ်ချစ်စရာကောင်းသည့်အလေ့အထတစ်ခုဖြစ်သည်။ တောရွာများနှင့် အချို့မြို့များတွင် မိန်းကလေးအား ရေလောင်းခွင့် တောင်းကာ ရေလောင်းရေပက်သည့်မြန်မာ့ဟန် ကိုလည်း တွေ့ရသည်။
မဏ္ဍပ်များတွင် သကြန်ယိမ်းများဖြင့် လှပျိုဖြူများ စည်းဝါးညီကာ လှပစွာ ကပြဖျော်ဖြေကြသည်။ မုန့်လုံးရေပေါ်ကျွေးခြင်း အလေ့အထမှာ ကျေးလက်ရောမြို့ပြပါ ကျင့်သုံးလျက်ရှိသည်။ မုန့်လုံးရေပေါ်ထဲတွင် ထန်းလျက်ခဲကိုအစာသွတ်ထည့်ထားပါသည်။ တချို့ကမုန့်လုံးရေပေါ်ထဲတွင် ထန်းလျက်ခဲအစား ငရုတ်သီးထောင့်များထည့်သွင်းကာ မုန့်လုံးရေပေါ်များထဲတွင် ရောနှော ကျွေးတတ်သည်မှာလည်း ချစ်စရာအလေ့အထ တစ်ခုဖြစ်သည်။
သကြန်ကာလအတွင်း ဥပုသ်သီလဆောက်တည်ကာ တရားဘာ၀နာပွားများသူများရှိသကဲ့သို့ ရေကစားသူများကလည်း ရေကစားသူများအလျောက် ရေပက်ခံသူ၊ ရေလောင်းရေပက်သူများနှင့် စည်းကားလှပါသည်။ ကိုယ်လေးလက်၀န်နှင့် မပေါ့မပါး အမျိုးသမီးများ၊ တာ၀န်ထမ်းဆောင်နေသည့် ၀န်ထမ်းများနှင့် ဘာသာရေးပုဂ္ဂိုလ်များ (ဘုန်းကြီး၊ရဟန်း၊သီလရှင်၊ဥပုသ်သည်) ကိုရေပက်ခြင်းမှရှောင်ကြဥ်ကြသည်မှာ ချစ်စရာကောင်းသည့် လက်ရှိအချိန် အတာသကြန်ကာလ ကျင်းပပုံဖြစ်သည်။
သကြန်ယဥ်ကျေးမှုဆောင်ပုဒ်များ
သီချင်းများ၊ကဗျာများ၊ ပုံပြင်များအားဖြင့် သဘာ၀နှင့် လူမှုဘောင်အပေါ်အတွေးအမြင်များ ပေးစွမ်းနိုင်သည်။
ဥပမာ - သကြန်ရေတစ်စက်၊ ရင်သွေးဖျော့သွားစသည်တို့ဖြစ်သည်။
နှစ်ဆန်းတစ်ရက်နေ့တွင်မိဘများ၊ သက်ကြီးရွယ်အိုများအားဂါရ၀ပြုကြရသည်။ ခေါင်းဆေးမဂ်လာပြုလုပ်ကြရသည်။
မိမိတို့လမ်းထိပ်မှာဆရာတော်ကြွလာ၍ တရားချရေစက်ကြအမျှဝေကြရသည်။
ဘုရားသွား၍ ငါးစာကျွေးခြင်းနှင့်ငါးလွှတ်ခြင်းများကိုပြုလုပ်ကြပါသည်။
ဒီအမွေအနှစ်များကို ကျောင်းပညာရေး၊ လုပ်ငန်းခွင့်၊ လူမှုမီဒီယာ အသိုင်းအ၀ိုင်းတို့မှ ဆက်လက်ထောက်ခံခြင်းဖြင့် အနာဂတ်မျိုးဆက်များအတွက် တန်ဖိုးရှိအမွေအနှစ်များအဖြစ် ခိုင်မာစေမည်ဖြစ်ပါသည်။
#Moe
#ကိုးကားချက် - The Brain Zone (New and Media
Keep Reading